မစင်မှ လေယာဉ်ဆီအဖြစ် ပြောင်းလဲနည်း သိပ္ပံပညာရှင်များ ပြသ

Innovation Knowledge

သိပ္ပံပညာရှင်များဟာ လူ့မစင် အစို နှင့် သိုးနေပြီ ဖြစ်တဲ့ အစားစာ များနှင့် မိလ္လာများမှ လေယာဉ်များ အတွက် စွမ်းအင်အဖြစ် ပြောင်းလဲ ပေးနိုင်မယ့် သုတေသန တခုကို ပြသ ခဲ့ပါတယ်။

ဒီလို ပြန်လည်ထုတ်လုပ်ထားတဲ့ လောင်စာဟာ လေကြောင်းလိုင်းများ၏ ကာဗွန်ထုတ်လွှတ်မှုကို လျော့ကျစေပြီး၊ အမှိုက်များ ကိုလည်း‌ လျှော့ချနိုင်ကာ စုစုပေါင်း ၁၆၅ ရာခိုင်နှုန်းလောက် အမှိုက်သရိုက် တွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာလုံး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၄ ရာခိုင်နှုန်းအထိ ရှိလို့ မနည်းတဲ့ ပမာဏပါပဲ။

လောင်စာ ထုတ်လုပ်ဖို့ လျှို့ဝှက်ချက်ကတော့ volatile fatty acids (VFA) ပဲ ဖြစ်ပြီး အမှိုက်များမှ လေယာဉ်လောင်စာအတွက် လိုအပ်တဲ့ paraffin ကို ထုတ်လုပ် ပေးနိုင်မှာ ဖြစ်ပါတယ်။

“အမေရိကန်ဟာ နှစ်စဉ် လေယာဉ်ဆီ ဂါလံပေါင်း ၂၁ ဘီလီယံ လောက်သုံးစွဲနေပြီး ၂၀၅၀ မှာ ဒီထက် ၂ ဆ လောက်အထိ ဖြစ်လာမယ်လို့ မျှော်လင့်ရတယ်” လို့

အမေရိကန် အမျိုးသား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဓာတ်ခွဲခန်းမှ သုတေသီများက ပြောပါတယ်။

တကယ်တော့ မြေပြင်မှာ အသုံးပြုတဲ့ ကားများထက် ပေါင်းစပ် စွမ်းအင်စနစ် (ဥပမာ လျှပ်စစ်နှင့် လောင်စာဆီသုံး hybrid အင်ဂျင်မျိုး)၊ လျှပ်စစ်စွမ်းအင်သုံး သို့မဟုတ် အခြား လောင်စာတွေကို လေယာဉ်မှာ အသုံးပြုဖို့ဆိုတာ ပိုမို ခက်ခဲပါတယ်။

ဒါပေမယ့် ကောင်းတဲ့အချက်ကတော့ ဂျက်အင်ဂျင်သုံး လောင်စာဆီတွေဟာ ကားမှာသုံးတဲ့ ဓာတ်ဆီလောက် ထုတ်လုပ်ရာမှာ အများကြီး သန့်စင်ဖို့ မလိုအပ်တာပါ။

အမှိုက်သရိုက် အစိုများတွင် ရေလောင်းချလိုက်တဲ့ အိမ်သာရေတွေ၊ သိုးနေတဲ့ အစားအစာတွေကနေ သင့်ရဲ့ မစင်တွေအထိ ပါဝင်မှာပါ။

လေ့လာမှုအသစ်မှာ အမျိုးသား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဓာတ်ခွဲခန်း NREL မှ သိပ္ပံပညာရှင်များက စိုစွတ်နေတဲ့ အမှိုက်ရေများကို စီးဆင်းစေကာ ဓာတ်ပြုစေပြီး လေယာဉ်ဆီအဖြစ် အသုံးပြုတဲ့ ဟိုက်ဒရိုကာဘွန်များအဖြစ် ပြောင်းလဲစေခဲ့တာကို ပြသခဲ့ပါတယ်။

ဒီနည်းလမ်းသစ်နဲ့ ပိုမိုကောင်းမွန်စွာ လောင်ကျွမ်းနိုင်တဲ့ ဂျက်အင်ဂျင် လောင်စာဆီအတွက် စိတ်ချရတဲ့ ရာခိုင်နှုန်းပိုများတဲ့ ဟိုက်ဒရိုကာဗွန်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီလို လုပ်နိုင်ဖို့ကို သုတေသီများဟာ အမှိုက်စိုများကို မီသိန်းအဖြစ် ပြောင်းလဲစေပြီးနောက် နှေးကွေးသော လုပ်ငန်းစဉ်နဲ့ ရှုပ်ထွေးတဲ့ ဟိုက်ဒရိုကာဗွန်များ ထွက်လာအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ကြီးမားတဲ့ တိုးတက်မှု တခုဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာပါတယ်။ Techno-economic သုံးသပ်မှု တခုအရ volatile fatty acid ဓာတ်ပြုမှုကို အသုံးပြုပြီး

တဂါလံကို ၂.၅ ဒေါ်လာ နှုန်းလောက်ရှိတဲ့ လောင်စာဆီကို ၁ ကီလိုကို ၀.၃ လောက်သာ ကုန်ကျသည့် အမှိုက်များဖြင့် ထုတ်လုပ်နိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိ လေယာဉ်များတွင် အသုံးပြုနေသည့် လောင်စာဆီရဲ့ စုစုပေါင်း ၂၀ ရာခိုင်နှုန်းလောက်အတွက် အမှိုက်စိုများဟာ လုံလောက်တယ်လို့ သိရပါတယ်။

ကာဗွန်ထုတ်လွှတ်မှုနှင့် ရုပ်ကြွင်း လောင်စာဆီများကို အသုံးပြုနေမှုကို လျှော့ချနိုင်မယ့် အမှိုက်ကနေ လောင်စာဆီ ထုတ် လုပ် မယ့် ဒီ သုတေ သနကနေ လက်တွေ့ အသုံးချနိုင်ပါက ကမ္ဘာကြီးအတွက် အများကြီး အထောက်အကူ ပြုစေမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.