ဗြိတိန် ပင်လယ်ပြင် ကင်းလှည့် လေယာဉ်ဖြင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး တော်ပီဒို စမ်းသပ်

Military News

ဗြိတိန် လေတပ်မှ ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအချက်အလက် များအရ ပင်လယ်ပြင် ဗြိတိန် အမှတ် ၁၂၀ လေယာဉ်အုပ် မှ ပင်လယ်ပြင် ကင်းလှည့် စစ်လေယာဉ် တစင်းဖြစ်တဲ့ Poseidon MRA 1 (P-8A) ဟာ ရေငုပ်သင်္ဘော တစင်းကို တိုက်ခိုက်သည့် ပုံ စံ လေကျင့်မှုတခုကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီ့ လေ့ကျင့်မှုမှာ P-8A လေယာဉ်မှ ပြန်လည် အသုံးပြုလို့ရတဲ့ လေ့ကျင့်ခန်းသုံး Mark 54 အပေါ့စား တော်ပီဒိုတစင်းကို လေယာဉ်မှတဆင့် ဝေဟင်ပေါ်တွင် ဖြုတ်ချပြီး အသုံးပြုခဲ့ပါတယ်။

အမေရိကန် ပင်လယ်ပြင် ကင်းလှည့် စစ်လေယာဉ် တစင်း ဖြစ်တဲ့ P-8A Poseidon ဟာ အရပ်ဖက်လေယာဉ်ဖြစ်တဲ့ Boeing 737-800ERX ကို အခြေခံပြီး Boeing ကာကွယ်ရေး၊ အာကာသ နှင့် လုံခြုံရေး ကုမ္ပဏီမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြား လက်နက်ရောင်းချမှုဌာနမှ ဗြိတိန်ကို P-8 လေယာဉ် ၉ စီး အပါအဝင် ၎င်းနှင့် ဆက်စပ်သည့် အထောက်အပံ့များ ရောင်းချဖို့ အဆိုပြုချက်ကို အမေရိကန် အစိုးရ ဌာနမှ ခွင့်ပြုပေးခဲ့ပါတယ်။

အမေရိကန် ရေတပ်မှ P-8 Poseidon

ဗြိတိန်တော်ဝင် လေတပ် RAF ဟာ အစောပိုင်းမှာ P-8 များကို အမေရိကန်လုပ် လက်နက်များဖြင့် အသုံးပြုဖို့ စီစဉ်ခဲ့ပြီး နောက်ပိုင်းမှာ ၎င်းကိုယ်ပိုင် လက်နက်များဖြင့် တပ်ဆင်ခဲ့ပါတယ်။

၂၀၁၆ ဇူလိုင်လ ၁၁ ရက်နေ့တွင် Boeing ဟာ အမေရိကန်ဒေါ်လာ ၃.၈၇ ဘီလီယံ တန်ကြေးရှိတဲ့ P-8 လေယာဉ် ၉ စီးနှင့် အထောက်အပံ့များ ရောင်းချမှုကို ကြေငြာ ခဲ့ပါတယ်.

ဗြိတိန်လေတပ်တွင် အသုံးပြုနေသည့် P-8 များကို Poseidon MRA1 အဖြစ်ခေါ်ဆိုပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မှာယူထားသည့် ၉ စင်း ထဲမှ ၅ စင်း လက်ခံရရှိပြီး ဖြစ်ပါတယ်။

အဆိုပါ လေယာဉ် ၅ စင်းဟာ Lossiemouth တွင် အခြေစိုက်ပြီး နောက်ထပ် ကျန်နေသည့် ၄ စင်းကို ယခုနှစ်ကုန် လောက်မှာ လက်ခံရရှိဖို့ ရှိပါတယ်။

Poseidon လေယာဉ်များတွင် တပ်ဆင်ထားသည့် အဆင့်မြင့်ပြီး၊ ခေတ်အမှီဆုံး ဖြစ်သည့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး နှင့် သင်္ဘောတိုက်ဖျက်ရေး အာရုံခံ ကိရိယာများဟာ ဗြိတိန်နှင့် NATO အပါအဝင် ၎င်းတို့၏ မိတ်ဖက် နိုင်ငံများ၏ ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများကို အန္တရာယ်မှ ကမ္ဘာအနှံ့ ကာကွယ်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။

၎င်းတွင် APY-10 ရေဒါ ကို တပ်ဆင်ထားပြီး ပြတ်သားမှု မြင်မားသည့် mapping အတွက် စနစ်များပါဝင်ပြီး၊ အသံလှိုင်းအာရုံခံမှု စနစ်၊ ရေပေါ်သို့ ပစ်ချသည့် ဆိုနာစနစ်များ၊ အီလက်ထရို အော့ပတစ်/အနီအောက်ရောင်ခြည် စနစ်များ၊ အီလက်ရောနစ် ထောက်ပံ့ရေး တိုင်းတာမှု စနစ်များ ပါဝင်ပါတယ်။

MK-54 တော်ပီဒို

အသုံးပြုခဲ့တဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး တော်ပီဒို Mark 54 ကတော့ အလျှား ၂.၇၂ မီတာ၊ အချင်း ၃၂၄ မီလီမီတာရှိပြီး အလေးချိန်အားဖြင့် ၆၀၈ ပေါင်ခန့်ရှိကာ anti-submarine warfare (ASW) အပေါ့စား တော်ပီဒို ဖြစ်ပါတယ်။

အရွယ်အစား သေးငယ်တဲ့အတွက် Poseidon လေယာဉ်၏ အတွင်းဘက် လက်နက်သိုလှောင်ခန်းမှာ Mark 54 တော်ပီဒိုပေါင်း ၅ လုံးခန့်အထိ တင်ဆောင်စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Poseidon လေယာဉ်ပေါ်ရှိ အဖွဲသားများဟာ ရန်သူ့ ရေငုပ်သင်္ဘောများကို ခေတ်အမှီဆုံး ရှာဖွေရေး ကိရိယာများကို အသုံးပြုပြီး တည် နေရာရှာဖွေ နောက်ယောင်ခံကာ ပေါက်ကွဲပြင်း ထိပ်ဖူး တပ်ဆင်ထားတဲ့ Mark 54 တော်ပီဒိုများနှင့် နစ်မြုပ်အောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *