နွားတွေကို အိမ်သာသွားတက်အောင် လေ့ကျင့်ပေးခဲ့တဲ့ အကြောင်း

Knowledge Nature

အိမ်သာ သွားတတ်အောင် လေ့ကျင့်ထားတဲ့ နွားတွေဟာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဂေဟစနစ်များအတွက် ပိုမိုကောင်းတဲ့ လမ်းခင်းပေးနိုင်မလား။ ဒီသိပ္ပံပညာရှင်တွေကတော့ ယုံကြည်ပုံပေါ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများနှင့် ပတ်သတ်ပြီး စကားစမည်ပြောကြရာတွင် ဆိုးရွားတဲ့ အနံ့များကြောင့် ကျော်ကြားတဲ့ တိရိစ္ဆာန်​တွေဖြစ်တဲ့ ကျွဲနွားတွေကနေ ထွက်ပေါ်လာတဲ့ မိသိန်းဓာတ်ငွေ့ပေါ်တွင် အာရုံစိုက်မိလာကြပါတယ်။

နွားကျင်ငယ်ရေဟာ လေ နဲ့ မြေပြင်ကျန်းမာရေး နှစ်ခုလုံးအတွက် ဆိုးရွားတဲ့ ပြသနာတစ်ခုလည်းဖြစ်ပါတယ်။

နွားတွေရဲ့ ကျင်ငယ်ရေထဲ နိုက်ထရိတ် ပါဝင်မှုရာခိုင်နှုန်းမြင့်မားတာကြောင့် မြေဆီလွှာနဲ့ ထိတွေ့သောအခါ လုံလောက်တဲ့စီမံခန့်ခွဲမှုမရှိလျှင် မြေဆီလွှာညစ်ညမ်းမှု နှင့် အနီးအနားမှာရှိတဲ့ မြစ်တွေကို ညစ်ညမ်းစေပါတယ်။

၎င်းဟာ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထက် အဆ ၃၀၀ ပိုမိုအားကောင်းတဲ့ နိုက်ထရိတ်အောက်ဆိုဒ် ကိုထုတ်ပေးပါတယ်၊ ဒါပေမဲ့ ဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။

ကျင်ငယ်ရေ နဲ့ မစင်တွေ တုံ့ပြန်ပြိုကွဲမှုဖြစ်စဥ်ဟာ အမိုးနီးယားကိုလည်း ထုတ်လုပ်ပေးပြီး ၎င်းတို့ဟာ အက်စစ်မိုးရွာခြင်း နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်တာ ပြသာနာတွေဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။

သန်းပေါင်းများစွာသော နွားတွေဟာ လယ်ကွင်းထဲမှာ သူတို့ကိုသူတို့ လွတ်လွတ်လပ်လပ် နေခွင့်ပြုထားတာကြောင့် ပြသနာဟာ ပိုပိုဆိုးလာပါတယ်။

Cell Biology ဂျာနယ်တွင် မကြာသေးမီက ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခု၌ Auckland တက္ကသိုလ် နှင့် ဂျာမနီနိုင်ငံမှ သုတေသီများဟာ ဒီကိစ္စအတွက် ဖြစ်နိုင်ချေရှိသော အဖြေတစ်ခုကို မကြာသေးမီကတင်ပြခဲ့ကြပါတယ်။

အစောပိုင်းစမ်းသပ်​လေ့ကျင့်မှုများအရ အနည်းငယ်ဘဲ အောင်မြင်သောကြောင့် နွားတွေကို အိမ်သာတက်ဖို့ လေ့ကျင့်မပေးနိုင်ဘူး ဟု အ ကြံပြု ကြသော်လည်း ဒီလေ့လာမှုအသစ်အရ သူတို့ဟာ သတ်မှတ်ထားတဲ့နေရာမှာဘဲ အပေါ့အလေးသွားရန် စနစ်တကျသင်ယူနိုင်တာကို တွေ့ရပါတယ်။

ထို့အပြင်သူတို့တွေဟာ ကလေးငယ်လေးတွေ လောက်ကို စိတ်ချယုံကြည်စွာ ကိစ္စအဝဝကို လုပ်ဆောင်နိုင်ကြပါတယ်။

သုတေသီတွေဟာ Mooloo တွေကိုအသုံးပြု၍ နွားငယ်လေး ၁၆ကောင်ကို သင်ယူစေခဲ့ပါတယ်။

“တစ်ချို့လူတွေက သူတို့ရဲ့ ကလေးတွေကို ဘယ်လို လေ့ကျင့်ပေးလဲဆိုတော့ သူတို့က က​လေးတွေကို အိမ်သာ​ပေါ်သွားစေပြီး ဆီးဝမ်းသွားဖို့စောင့်ကြည့်ပြီးမှ သူတို့လုပ်ရင် သူတို့ကိုဆုချတာ” ဟု လေ့လာမှု ဦးဆောင်သူ Lindsay Matthews ကရှင်းပြပါတယ်။

ဒီနည်းလမ်းဟာ နွားတွေမှာလည်းအလုပ်လုပ်တာတွေ့ရပါတယ်။ အချိန်တိုတိုအတွင်းမှာ ဆီး ၅ ကြိမ်၊ ၁၀ ကြိမ် သွားတဲ့ တိရိစ္ဆာန်တွေဟာ သူတို့ဆီးသွားစပြုလာသည်အခါ အပြုအမူ နှင့် ဆုလာဒ်အကြားဆက်စပ်မှုကို နားလည်ကျတာကို တွေ့ရပါတယ်။

သုတေသီတွေဟာ တိရစ္ဆာန်များအား အခြားနေရာများသို့ ဆီးမသွားစေရန် ကော်လာတုန်ခါမှု သို့မဟုတ် ရေအေးမှုတ်ခြင်း ကဲ့သို့သော နူးညံ့သော အဟန့်အတားများကို အသုံးပြုခဲ့ပြီး ၁၅ ရက်သင်တန်းတက်ပြီးနောက် နွားငယ်​လေး အများစုဟာ MooLoo တွေဆီကို သူတို့လိုအပ်သည်ဟုခံစားမိသည့်အခါတိုင်း သူတို့ဘာသာ သူတို့သွားတက်တာကို တွေ့ရပါတယ်။

သိပ္ပံပညာရှင်တွေဟာ နိုက်ထရိုဂျင် နဲ့ ဖော့စဖောရပ်ကဲ့သို့ အာဟာရ ဓာတ်မြေသြဇာအတွက် မစင်တွေကို ပြန်လည်အသုံးပြုရန်ဖယ်ရှားထားပြီး ကျင်ငယ်တွေကိုတော့ Mooloo ထဲမှာ စုဆောင်းထားပါတယ်။

ကျင်ငယ်တွေကို ဒီလိုသေးငယ်တဲ့ အစိတ်အပိုင်းတွေနဲ့ စုဆောင်းတာဟာ သဘာဝပတ်ဝန်းကျင်ကို သိသိသာသာပြောင်းလဲစေတာ တွေ့ရပါတယ်။

နွားတစ်ကောင်ဆီကို လေ့ကျင့်ပေးတာဟာ လယ်ယာလုပ်ငန်းအတွက် အချိန်ကုန်ပင်ပန်းစေသဖြင့် ဒီလုပ်ငန်းစဥ်ကို ချဲ့ထွင်မှုဟာ စိန်ခေါ်မှု ဖြစ်နေပါတယ်။

သို့သော်လည်း ဒီလုပ်ငန်းစဥ်ဟာ ဆီးစစ်ဆေးသည့်ကိရိယာများ နဲ့ အစာကျွေးကိရိယာများ ဖြင့် အလိုအလျောက်လုပ်ဆောင်နိုင်သည်ဟု ဆိုပါတယ်။

ကျွဲ၊ နွား တိရိစ္ဆာန်တွေရဲ့ ဆီးကို ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်း အထိ စုဆောင်းနိုင်မည်ဆိုပါက ဖန်လုံအိမ်ဓာတ်ငွေ့ နဲ့ နိုက်ထရိတ် ထုတ်လွှတ်မှုကို သိသိသာသာကျဆင်းဖို့ လုံလောက်မှုရှိတယ်ဟု Auckland တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Douglas Elliffe ကပြောကြားခဲ့ပါတယ်။

ကျွန်ိုပ်တို့ဟာ နွားတွေကို လေ့ကျင့်ပေးပြီး သူတို့ကို လေ့ကျင့်ရတာ လွယ်ကူတယ်ဆိုတဲ့ အယူအဆ အထောက်အထားကို ပြခဲ့တာပါ ဟု ပါမောက္ခ Douglas Elliffe ကဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.