တစ္ဆေ ကျွန်း – ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး နေရာထဲက တစ်ခု

News Travel

ကမ္ဘာပေါ်က ကြောက်စရာအကောင်းဆုံး နေရာတစ်ခုကတော့ အီတလီမြောက်ပိုင်း ဗင်းနစ် ကမ်းခြေနဲ့ လီဒိုကမ်းရိုးတန်း အကြားရှိ ဂန္ထဝင်ကျွန်းတစ်ကျွန်းဖြစ်သည့် ပိုဗတ်ဂလီယာ (Poveglia)ကျွန်းကို လွန်ခဲ့တဲ့ အတိတ်က ဖြစ်ရပ်များကြောင့် တစ္ဆေကျွန်း (Ghost Island)လို့ အမည်ပေးခဲ့ကြပါတယ်။

ကျွန်းပေါ်ရှိ ၁၈ ဧက ကျယ်သောမြေကွက်ပေါ်တွင် မြေမြှုပ် သင်္ဂြိုဟ်ရာ နေရာအဖြစ်အသုံးပြုခဲ့ပြီး ရုပ်ကြွင်းပေါင်း ၁၆၀,၀၀၀ ခန့်ဟာ ကပ်ရောဂါပျံ့နှံ့မှုကို ရပ်တန့်ရန်မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

ယနေ့အထိပင် ကျွန်း၏ မြေဆီလွှာ ၅၀ ရာခိုင်နှုန်းကျော်သည် ဤမီးသင်္ဂြိုဟ်မှုများမှ လူသားပြာများ ဖြစ်သည်ဟု ဆိုကြပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ အများဆုံး သရဲခြောက်တဲ့ နေရာတွေထဲက တစ်ခုအဖြစ်လည်း မဲပေးခံခဲ့ရတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဗင်းနစ် ဝင်ပေါက်ဖြစ်သည့် ဒီကျွန်းဟာ သန်းပေါင်းများစွာသောလူများကို ကပ်‌ရောဂါဘေးမှ ကာကွယ်ရန် ရာစုနှစ်များစွာ အသုံးပြုခဲ့သည့် ကျွန်းများအနက် တစ်ခုလဲ ဖြစ်ပါတယ်။

ကွာရန်တင်း ‘Quarantine’ ဆိုသော စကားလုံးကလည်း အီတလီ ‘Quaranta’ မှဆင်းသက်လာပြီး အဓိပ္ပာယ်မှာ လေးဆယ်ဖြစ်ပါတယ် ၊ ဗင်းနစ်သို့ရောက်သောအခါသင်္ဘောများကျောက်ချရပ်နားရမည့် ရက်အရေအတွက်ဖြစ်ပါတယ်။

ဗင်းနစ်သည် ၁၃၄၈ ခုနှစ်တွင်စတင်ခဲ့သော ပလိပ်ကပ်ရောဂါ ကာလအတွင်းတရားဝင် ကွာရန်တင်း Quarantine စနစ်ကို ကျင့်သုံးခဲ့ပြီး အာဏာရှိသည့် ကောင်စီအဖွဲ့ဝင်သုံးဦးမှ လူများနှင့်သင်္ဘောများကိုရက် ၄၀ ထိန်းသိမ်းထားခဲ့ပါတယ်။

၁၄၂၃ ခုနှစ်တွင် ဗင်းနစ်သည် ဤကျွန်းပေါ်တွင် ပထမဆုံးသော ကပ်ရောဂါဆေးရုံကို ဖွင့်လှစ်ခဲ့ပြီး လူများကို ပြန်လည်ထူထောင်ရန် သို့မဟုတ် လူများအဝေးတွင် သီးခြားထားရန် ပို့ဆောင်ခဲ့ပါတယ်။

၁၇ ရာစုတွင်တည်ဆောက်ခဲ့ပြီး စွန့်ပစ်ထားသည့် ပိုဗတ်ဂလီယာကျွန်း ခံတပ်ကို ဆေးရုံအဆောက်အအုံများအဖြစ် ၁၉ ရာစု မှ ၂၀ ရာစုနှစ်အစပိုင်းအထိ အသုံပြုခဲ့ကြပါတယ်။

၁၆၄၅ ခုနှစ်တွင် မြို့တော်ကို အစွန်အဖျားကျွန်းများနှင့်ဂူဝင်ပေါက်များကိုထိန်းချုပ် ကာကွယ်ရန်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ခံတပ်ကိုတည်ဆောက်ခဲ့တာပါ။

၁၈ ရာစုအကုန်တွင် ပိုဗတ်ဂလီယာကျွန်းသည် ဗင်းနစ်သို့ ၀င်ရောက်သောကုန်ပစ္စည်းများအတွက် စစ်ဆေးရေးဂိတ်တစ်ခုအဖြစ်လဲ အသုံးပြုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းများသွားလာရန် လွယ်ကူချောမွေ့စေသဖြင့် ကပ်ရောဂါကူးစက်ရန် အထူးသဖြင့်လွယ်ကူခဲ့ပါတယ်။ ကပ်ရောဂါ လက္ခဏာပြသူများကိုလည်း သီးသန့် ခွဲခြားထားသည့် နေရာလဲဖြစ်ပါတယ်။

၁၇၉၃ ခုနှစ်တွင်ထိုဒေသသို့ ၀င်ရောက်လာသော သင်္ဘောနှစ်စင်းသည် ကပ်ရောဂါ ဖြစ်ပွားနေသောလူများ သယ်ဆောင်လာသည်ကို တွေ့ရှိသောအခါ ထိုကျွန်းသည် အကျဉ်းစခန်း ဖြစ်လာခဲ့ပါတယ်။

အခြားဘေးဥပါဒ် ကပ်ရောဂါ ခံစားနေရသူများကိုလည်း သီးခြားထားရန် ကျွန်းသို့အတင်း ပို့ဆောင်ခံရခြင်း၊ အချို့ဖြစ်ရပ်များတွင် သောင်းနှင့်ချီသော ရုပ်ကြွင်းများကို တင်ဆောင်ကာ မလွှဲမရှောင်သာ ထိုနေရာသို့ ရောက်ရှိစေပြီး ကျွန်းပေါ်တွင် မီးရှို့ သင်္ဂြိုဟ်ခြင်း ခံကြရပါတယ်။

၁၉၂၀ ပြည့်နှစ်များ၌ ဦးနှောက် အရှေ့ပိုင်းဖုကို ဖြတ်ထုတ်ခြင်းဖြင့် စိတ်ရောဂါ ခွဲစိတ်ကုသနည်း အပါအ၀င် ကြောက်မက်ဖွယ်ရာ စမ်းသပ်မှုများပြုလုပ်ခဲ့သော စိတ်ရောဂါ ကုသမှုဆေးရုံအဖြစ် ပြုလုပ်ခဲ့ပြီး ဆေးရုံကို ၁၉၆၈ ခုနှစ်တွင် ပိတ်ပစ်ခဲ့ပါတယ်။

၁၇၇၆ ခုနှစ်မှစ၍ အနှစ် ၁၀၀ ကျော် ကာလအတွင်း ကျွန်းကို ကပ်ရောဂါနှင့် အခြားကူးစက် ခံရသူ များအတွက် ကွာရန်တင်းစခန်းအဖြစ်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ စိတ်ရောဂါ ကုသမှုဆေးရုံလည်း ဖြစ်ခဲ့ပါတယ်။

စွန့်ပစ်ထားသော အဆောက်အအုံများ၊အစုလိုက် အပြုံလိုက် မြှုပ်နှံရန် မြေ နေရာများ၊အိပ်ရာဟောင်းများနှင့် ရေချိုးခန်းများ အပါအ၀င် ရုပ်ကြွင်းများကို မီးရှို့ရန်အတွက် အသုံးပြုခဲ့ဖွယ်ရှိသည့် အရာများလည်း ဤကျွန်းပေါ်မှာရှိနေသည်ဟုဆိုပါတယ်။

ကျွန်း၏အဆောက်အအုံများနှင့် အပျက်အယွင်းများ၊ ကြီးမားသောရှုပ်ထွေးသောအခန်းများဟာ သမိုင်းတစ်လျှောက် ဆိုးဝါးတဲ့ ဖြစ်စဉ်များကို မီးမောင်းထိုးပြနေပါတယ်။

ခေါင်းလောင်းမျှော်စင်နှင့် ရှည်လျားတဲ့အုပ်ပုံတွေဟာ ဆေးရုံ၊ ခိုလှုံခွင့်၊ ထောင်နှင့်သေးငယ်သောဘုရားရှိခိုးကျောင်းများပါ၀င်တဲ့ မြေပေါ်မှာ ထူးခြားစွာရပ်တည်နေပါတယ်။

ပိုဗတ်ဂလီယာသည် ဘေးဥပဒ်ကပ်‌ ရောဂါ လက္ခဏာပြသူ မည်သူမဆိုကို Quarantine နေရာအဖြစ် အသုံးပြုပြီးနောက် နပိုလီယံကလည်း ဤကျွန်းကို လက်နက် သိုလှောင်ရန် အသုံးပြုခဲ့‌ပါတယ်။

၎င်းသည် 12 ရာစုဘုရားကျောင်းကို ဖျက်ဆီးပြီး ဘုရားကျောင်းရဲ့ခေါင်းလောင်းမျှော်စင်ကိုလည်း မီးပြတိုက် အဖြစ် သို့ကူးပြောင်းခဲ့ပါတယ်။

နောက်ဆုံးတွင် နပိုလီယံ၏ရန်သူများသည် ကျွန်းပေါ်တွင်လက်နက်များသိုလှောင်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး များစွာသောတိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

ဆရာဝန်သည် လူနာများနှင့် ပတ်သက်၍ ထူးဆန်းသော စမ်းသပ်မှုများ ပြုလုပ်ခဲ့သည် ဟူသော ကောလဟာလများ ရှိခဲ့ပါတယ်။ နောက်ဆုံးတွင် ဆရာဝန်သည် စိတ်နောက်သွားပြီး ခေါင်းလောင်းမျှော်စင်ပေါ်မှ ခုန်ချ၍ အဆုံးသတ် သွားခဲ့သည်ဟု ဆိုပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက မျှော်စင်တွင်ရှိသော ခေါင်းလောင်းကို ဖယ်ရှားခဲ့သော်လည်း ဒေသခံများက ယင်းကျွန်းမှ တုန်လှုပ်ချောက် ချားဖွယ် ကောင်းသော အသံကိုကြား‌‌နေရသည်ဟု ဆိုကြပါတယ်။

ဒေသခံများနှင့်ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်ခြင်းကိုတားမြစ်ထားပါတယ်။

မကြာသေးမီ နှစ်များအတွင်း အီတလီဆောက်လုပ်ရေးအဖွဲ့များသည် ယခင်ဆေးရုံအဆောက်အအုံကို ပြန်လည်တည်ဆောက်ရန်ကြိုးပမ်းခဲ့ကြသော်လည်း ရှင်းပြချက်မရှိဘဲ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး ဒေသခံများကတော့ ကျွန်း၏ မှောင်မိုက်သော အင်အားစုများကမောင်းထုတ် ခဲ့သည်ဟု ထင်မြင်ယူဆကြပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.