ထရမ့်အား သမ္မတဖြစ်ရေး ရုရှား ကူညီခဲ့မှု စာရွက်စာတမ်းများ ပေါက်ကြား

News

ကရင်မလင်မှ ပေါက်ကြားခဲ့သည့် စာရွက်စာတမ်းများအရ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အမေရိကန်နိုင်ငံအား ပရမ်းပတာ ဖြစ်စေဖို့ ၂၀၁၆ ခုနှစ်တွင် သမ္မတ ဒေါ်နယ်ထရမ့် အနိုင်ရရန် ကူညီဖို့ကို ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ လုပ်ရပ်ဟာ အလုပ်ဖြစ်ခဲ့ပြီး ၄၅ ဆက်မြောက် အမေရိကန်သမ္မတဟာ ခေတ်သစ်နိုင်ငံရေးသမိုင်းတွင် စိတ်အနှောင့်အယှက် အကြီးမားဆုံး ဖြစ်စေခဲ့ကာ အမေရိကနှင့် ကမ္ဘာကို အံ့အားသင့်စေခဲ့ပြီး လူထုဟာ ပူတင် ဖြစ်စေသလို စိတ်ဝမ်းကွဲခဲ့တာကို တွေ့ရပါတယ်။

ဂါးဒီးယန်း သတင်းစာမှ ပထမဆုံး အစီရင်ခံခဲ့သည့် စာတမ်းများအရ ပူတင်ဟာ အငြင်းပွားဖွယ်ရှိတဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် အမေရိကန် နိုင်ငံရေး၏ စိတ်ဝမ်းကွဲပြားမှုကို မည်သို့ အသုံးချခဲ့သည်နှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားစွာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ စာတမ်းအရ ထရမ့် အနိုင်ရရှိပါက အမေရိကန်အတွင်းပိုင်းတွင် မငြိမ်မသက်ဖြစ်ပေါ်စေကာ ကမ္ဘာ့ ဇာတ်ခံပေါ်တွင် အမေရိကန်နိုင်ငံဟာ အားနည်းလာလိမ့်မယ်ဆိုတာ ရုရှား အရာရှိများက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ပူတင်ဟာ ထရမ့် အနိုင်ရရှိဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံ အသုံးပြုဖို့ ညွှန့်ကြားခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေး ပေါ်လစီ သုတေသန အင်စတီကျုမှ ကလင့်တ် ဝက်တ်စ် က ရုရှားတို့၏ ဆောင်ရွက်မှုဟာ ၎င်းတို့၏ ပြိုင်ဖက် နိုင်ငံများကို အင်အားသုံး နိုင်ငံရေးထက်၊ နိုင်ငံရေးအင်အားစုနှင့် အနိုင်ယူသည့် နည်းလမ်းကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ပူတင်ရဲ့ အောင်မြင်မှုဟာ မည်သည့် ရွေးကောက်ပွဲမဆို အနိုင်ရခြင်းလို့ ပြောလို့ရပြီး အကြီးဆုံး အောင်မြင်မှုကတော့ ရုရှားဟာ ၎င်း၏ နယ်စပ်စည်းတွင် ရှိသည့် နိုင်ငံများကို နှောင့်ယှက်ဖျက်ဆီးနိုင်ဖို့ရာ ထောက်ခံ့မယ့် နိုင်ငံများကို ရရှိနိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရုရှားဟာ ဒီလိုဆောင်ရွက်မှုတွေကို ၂၀၂၀ အတွင်းမှာ ဆက်လက်လုပ်ဆောင်ခဲ့ သေးတယ်လို့ အမျိုးသားထောက်လှမ်းရေးဌာနမှ ညွှန်ကြားရေးမှူး အက်ဗရယ် ဟိန်းစ် က ပြောပါတယ်။

အစီရင်ခံစာဟာ တိုက်ရိုက်မဲ ဆန္ဒချင်း မတူကြောင်း သက်သေအထောက်အထား မတွေ့ရှိရသော်လည်း ပူတင်က ရုရှားလုပ်ငန်းရှင်များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု အားနည်းစေပြီး အမေရိကန်ပြည်ထောင်စု၏ လူမှု စီးပွားရေး ကွဲပြားမှုများကို ပိုမိုဆိုးရွားစေရန် လုပ်ပိုင်ခွင့်ပေးခဲ့သည်ဟု အကဲဖြတ်ခဲ့ပါတယ်။

ယခု ရုရှား၏ သတင်း အချက်အလက် အမှားများ ဖြန့်ဖြူးရေး လှုပ်ရှားမှုဟာ ကိုဗစ်ကာကွယ်ဆေး အပေါ်ပစ်မှတ် ထားနေပြီး ဆေးအပေါ် ယုံကြည်မှု အားနည်းသွားစေရန် ရည်ရွယ်လုပ်ဆောင်နေတယ်လို့ Wall Street ဂျာနယ်တွင် ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ အမေရိကန်ကို တန်ပြန်ဖို့ရာအတွက် ၎င်း၏ နိုင်ငံသားများကို လက်နက်အဖြစ် ပြန်လည် အသုံးချနိုင်သည် ဟူသည့် အမှန်တရားကို ကောင်းကောင်းကြီး နားလည်ခဲ့ပုံရပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *