အဲလိဇဘတ်ဘုရင်မကြီးနှင့် မင်းသားကြီး ဖိလစ်တို့ Covid ကာကွယ်ဆေးထိုး ကုသမှုခံယူ

News

UK – ဇန်နဝါရီ(၉)

ဗြိတိန် တော်ဝင်အသိုင်းအဝိုင်းမှ သတင်းအရ အဲလိဇဘတ်ဘုရင်မကြီးနှင့် မင်းသားကြီး ဖိလစ်တို့ ဝင်ဆာရဲတိုက်တွင် Covid ကာကွယ်ဆေးထိုးမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဘုရင်မကြီးဟာ နောက်ပိုင်းထင်မြင်ယူဆချက်များကို တားဆီးရန်အတွက် ကာကွယ်ဆေးထိုးရန် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လိုသိရပါတယ်။


အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးနဲ့ အသက် ၉၉ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးတို့ဟာ ဗြိတိန်ရဲ့ ကာကွယ်ဆေးတကြိမ်ထိုးပြီးဖြစ်တဲ့ လူ ၁.၅ သန်းထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ ဗြိတိန်မှာ အသက် ၈၀ အထက်လူကြီးပိုင်းများကို ကာကွယ်ဆေးထိုးရန် ဦးစားပေးထားပါတယ်။


Sandringham တွင်ကျင်းပသည့် ရိုးရာအတိုင်း တော်ဝင်မိသားစု ဆုံစည်းမည့်အစား သူတို့ဇနီးမောင်နှံသည် Berkshire နေအိမ်၌ ခရစ်စမတ်တိတ်ဆိတ်စွာပြီးဆုံး ရန်ဆုံးဖြတ်ပြီးနောက် အင်္ဂလန်ရှိ ဝင်ဆာရဲတိုက်တွင် lockdown ကာလကိုဖြတ်သန်းခဲ့ပါတယ်။


ပြီးခဲ့သည့်လက coronavirus ကူးစက်ရောဂါစတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တော်ဝင်မိသားစု၏ အခြားအကြီးတန်းအဖွဲ့ဝင်များနှင့်အတူ ဘုရင်မကြီးဟာ လူမြင်ကွင်းသို့ထွက်ပေါ်လာခဲ့ပါတယ်။


၂၀၂၀ ခုနှစ်တွင် မတ်လမှအောက်တိုဘာလအတွင်း သူမဟာ တော်ဝင်အိမ်ဝင်း အပြင်ဘက်တွင် လူထုနှင့်ထိတွေ့ဆက်ဆံခြင်းမပြုဘဲ ခုနစ်လကြာအချိန်ကုန်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်အတောအတွင်း အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးရဲ့အကြီးဆုံးသား မင်းသားချားလ်စ်ဟာ coronavirus ကူးစက်ခံရပြီးရောဂါလက္ခဏာများ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဘုရင်မကြီး နှင့်မင်းသားကြီး ဖိလစ်တို့ Covid ကာကွယ်ဆေးထိုးပြီးခဲ့သော်လည်း မည့်သည့် Covid ကာကွယ်ဆေးကိုအသုံးပြုခဲ့သည်ကိုတော့ မသိရသေးပါဘူး။


ဝန်ကြီးချုပ် ဘာရစ်ဂျွန်ဆင်ကတော့ ဖော်ဖော်ဝါရီလလည်လောက်မှာ လူပေါင်း ၁၅ သန်းလောက် ကာကွယ်ဆေးထိုးပြီးဖို့ မျှော်မှန်းထားပြီး အဓိကအားဖြင့် စောင့်ရှောက်မှုခံယူနေရသူများ၏ နေထိုင်သူများနှင့် ဝန်ထမ်းများ၊ နိုင်ငံ၏ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ အသက် ၇၀ ကျော်သူတိုင်း နှင့် ရောဂါကူးစက်ခံနိုင်ခြေအမြင့်ဆုံးအနေအထားဖြင့် အလုပ်လုပ်နေရသူများကို ဦးစားပေးသွားမှာဖြစ်တယ်လိုသိရပါတယ်။

ယနေ့ရရှိလာတဲ့ တရားဝင်ကိန်းဂဏန်းများအရ လူပေါင်း ၈၀,၀၀၀ ကျော်ဟာ Covid စစ်ဆေးမှုပြုလုပ်ပြီး ၂၈ ရက်အတွင်း ဗြိတိန်တွင်သေဆုံးခဲ့တယ်လို့သိရပါတယ်။

စနေနေ့တစ်ရက်ထဲမှာပဲ ယူကေတွင်နောက်ထပ် ၁,၀၃၅ ဦး သေဆုံးမှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၈၀,၈၆၈ ဦးအထိ ရှိလာတာဖြစ်ပါတယ်။

Corona virus စမ်းသပ်စစ်ဆေးပြီး တွေ့ရှိသူ အရေအတွက်ဟာလည်း ၅၉,၉၃၇ ဦးအထိ တိုးလာပါတယ်။

Ref: BBC

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *