အီဂျစ် လေ့ကျင့်မှုတွင် Su-35 ကို Rafale တိုက်လေယာဉ် မှ အနိုင်ယူ

Military News

အရှေ့အလယ်ပိုင်း နိုင်ငံတခု ဖြစ်တဲ့ အီဂျစ်နိုင်ငံဟာ Rafale F4 မျိုးကွဲများ ထပ်မံ ဝယ်ယူဖို့ရာ စိတ်ဝင်စားနေတယ်လို့ Breaking Defense သတင်းများအရ သိရှိရပါတယ်။

အီဂျစ်နိုင်ငံ၏ လာမယ့်နှစ်များအတွင်း ရရှိမယ့် ဘတ်ဂျက်အပေါ်မူတည်ပြီး Rafale F4 တိုက်လေယာဉ် အစင်းရေ ၇၂ စင်းမှ ၁၀၀ အထိ တိုးမြှင့် ဝယ်ယူ သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံတွင် ရုရှားလုပ် Su-35 ၅ တိုက်လေယာဉ် ၅ စင်းကို လက်ရှိမှာ အသုံးပြုနေပြီး နောက်ထပ် ၂၁ စင်း ထပ်မံ မှာယူထားတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ပြင်သစ်လုပ် Rafale F3R မျိုးကွဲနှင့် Su-35 တို့ ရင်ဆိုင်ရာတွင် Su-35 မှ ရေဒါဟာ Rafale တိုက်လေယာဉ်အား မယှဉ်နိုင်ဘဲ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့တဲ့အတွက် အီဂျစ်လေတပ်ဟာ Rafale တွေကို အရမ်းသဘောကျနေတယ်လို့ သိရပါတယ်။

Su-35

အီဂျစ်လေတပ်၏ စစ်ရေးကစားပွဲတခုမှာ Rafale ၏ Spectra Electronic warfare စနစ်ဟာ တိုက်ခိုက်ရုံသည်သာမက Su-35 ၏ BAR phased array ရေဒါကို အကြိမ်ပေါင်းများစွာ ဖိဖျက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ အကြိမ်ပေါင်းများစွာရေဒါလှိုင်းများ ဖိဖျက်ခံရပြီးနောက် Su-35 ရေဒါဟာ အလုပ်မလုပ်နိုင်တော့ဘဲ မကြာခင်ဘဲ မြင်ကွင်း အလွန်မှနေပြီး Rafale F3R ၏ အပြီးသတ် ချေမှုန်းခြင်း ခံလိုက်ရပါတယ်။

အီဂျစ်စစ်တပ်ဟာ ပြင်သစ်ကုမ္ပဏီ Dassault Aviation မှ Rafale တိုက်လေယာဉ်ပေါင်း အစင်း ၃၀ ကို မှာယူဖို့အတွက် နိုင်ငံလုံခြုံရေး ခေါင်းစဉ်ဖြင့် အတည်ပြုပြီးသွားပြီ ဖြစ်ပါတယ်။

လက်ရှိတွင် Rafale တိုက်လေယာဉ်ပေါင်း ၂၄ စင်းလောက် အီဂျစ်လေတပ်တွင် တာဝန် ထမ်းဆောင်နေပြီး နောက်ထပ် မှာယူထားတဲ့ အစင်း ၃၀ ကို ၂၀၂၄ မှ ၂၀၂၆ အတွင်း ရရှိသွားမှာ ဖြစ်ပါတယ်။

Rafale M

အဆိုပါ အစင်း ၃၀ မှာယူမှုမှာ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ လောက် ကုန်ကျမှာဖြစ်ပြီး လက်ရှိ Rafale F3R များထက် အချက်အလက် မျှဝေသည့် စနစ်များ ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်။

အခုတော့ အထက်ကပြောခဲ့သလိုပဲ အီဂျစ်ဟာ ရုရှားတိုက်လေယာဉ်တွေ ပါဝင်တဲ့ Dissimilar air combat training (DACT) အပြီးမှာ Rafale ၏ အံ့အားသင့်ဖွယ်ရလဒ်များကြောင့် ၇၂ စင်းမှ အစီး ၁၀၀ အထိ ထပ်မံဝယ်ယူဖို့ အလိုရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိ အီဂျစ်လေတပ်ရှိ ၂၄ စင်းနှင့် ထပ်မံမှာယူထားသည့် အစင်း ၃၀ အပါအဝင် စုစုပေါင်း ၅၄ စင်းအထိ ရှိလာမယ့် အီဂျစ်၏ Rafale အရေအတွက်ဟာ ကမ္ဘာ့ပေါ်တွင် ပြင်သစ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *