ကြွက်ထီးများ၏ ငှက်ပျောသီးကို ကြောက်တတ်သည့် သဘာဝ အကြောင်း

Article Science

မကြာသေးမီက သိပ္ပံပညာရှင်များဟာ ငှက်ပျောသီးရဲ့ ထူးခြားတဲ့ရနံ့ကို ကြွက်ထီးများ ထူးခြားစွာ တုံ့ပြန်ကြတဲ့ အကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

McGill တက္ကသိုလ်မှ သုတေသီများဟာ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များနှင့် နီးကပ်နေချိန်တွင် ကြွက်ထီးများမှာ စိတ်ဖိစီးမှုဟော်မုန်းများ မြင့်တက်နေကြပြီး ပုံမှန်မဟုတ်တဲ့ အမူအရာများကို ပြသကြကြောင်း လေ့လာ တွေ့ရှိခဲ့ပါတယ်။

အထီးတွေရဲ့ ဟော်မုန်း ပြောင်းလဲမှုတွေဟာ အမတွေရဲ့ ဆီးထဲမှာ n-pentyl acetate လို့ခေါ်တဲ့ ဒြပ်ပေါင်း ပါဝင်နေတာကြောင့် ဖြစ်ပေါ်လာတယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြခဲ့ပါတယ်။

ငှက်ပျောသီးရဲ့ ထူးခြားတဲ့ အနံ့ကို ပေးစွမ်းတဲ့ ဒြပ်ပေါင်း တစ်ခုကြောင့်လည်း ဖြစ်ပါတယ်။

“ဒါကို မတော်တဆတွေ့မိတဲ့အတွက် အံ့သြမိတယ်” ဟု လေ့လာမှုရဲ့ အကြီးတန်း စာရေးဆရာနှင့် McGill တက္ကသိုလ်ရှိ စိတ် ပညာဌာနမှ ပါမောက္ခ Jeffrey Mogil က ဆိုပါတယ်။

“ကိုယ်ဝန်ဆောင်အမတွေကို ကျွန်ုပ်တို့ရဲ့ဓာတ်ခွဲခန်းမှာ နောက်ထပ်စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ရှိနေပြီး၊ အထီးတွေက ထူးဆန်းစွာ ပြုမူလာတာကို သဘောပေါက်ခဲ့တာဖြစ်တယ် ” ဟု Mogil မှ ပြောပါတယ်။

စာတမ်း တစ်စောင်တွင် သုတေသီများက “ကြွက်အထီးတွေဟာ ၎င်းတို့ရဲ့မျိုးရိုးဗီဇ ကြံ့ခိုင်မှုကို တိုးတက်စေဖို့ ကြမ်းကြုတ်သော ရန်လိုမှုတွေ ပါဝင်တယ် ဟု ကောင်းစွာသိထားကြပါတယ်။”

အဆိုပါ ရန်လိုမှုတွေကို ဘေးကင်းစေဖို့ နည်းလမ်းတစ်ခုအနေဖြင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များဟာ အထီးများထံ မက်ဆေ့ချ်ပေးပို့ဖို့ ၎င်းတို့ရဲ့ ခန္ဓာကိုယ်မှတစ်ဆင့် ဓာတုဗေဒ လက္ခဏာပြခြင်း သို့မဟုတ် ဓာတု တုံ့ပြန်မှု ထုတ်လွှတ်ခြင်းအပေါ် အားကိုးကြပါတယ်။

နို့တိုက်သတ္တဝါအများစုဟာ အနံ့ခံအာရုံများကို မှီခိုနေရတယ် ဟု Mogil က ဆိုပါတယ်။

“ဆီးရနံ့ အမှတ်အသားကို ကောင်းကောင်းသိကြပြီး ဒါပေမယ့် ဒီမှာတွေ့ခဲ့ရတာက နို့တိုက်သတ္တဝါတွေမှာ တစ်ခါမှ မဖော်ပြထားဖူးတဲ့ မက်ဆေ့ချ်အသစ်တစ်ခုဖြစ်ပါတယ်။ “

“အထီးတွေဟာ အမတွေဆီက အနံ့ဆိုးထွက်တဲ့ မက်ဆေ့ချ်တွေ အများကြီးကို တွေ့ခဲ့ရပေမယ့် ဥပမာ နည်းနည်းပဲ ရှိပါတယ်။”

“အမတွေက အထီးတွေဆီ ပို့တဲ့ မက်ဆေ့ချ်အများစုဟာ မိတ်လိုက်ခြင်းဆိုင်ရာ အပြုအမူနဲ့ သက်ဆိုင်နေပေမယ့် ဒီကိစ္စမှာတော့ လုံးဝ မသက်ဆိုင်ပါဘူး။”

“ကြွက်အမ​တွေဟာ အထီးတွေကို ခပ်ဝေးဝေးမှာ နေဖို့နှင့် သူတို့ကို ရန်လိုတဲ့ အမူအရာပြရင် အညစ်အကြေးတွေ ထွက်လာတယ်ဟု Mogil က ဆိုပါတယ်။

ကြွက်အမတွေရဲ့ဆီးထဲက ဓာတုပစ္စည်းတွေကို တုံ့ပြန်တဲ့အနေနဲ့ အမထီးတွေမှာ စိတ်ဖိစီးမှုအဆင့် မြင့်တက်လာတာကို လေ့ လာတွေ့ရှိပြီးနောက် Mogil နဲ့ သူ့အဖွဲ့ဟာ မတူညီတဲ့ အရင်းအမြစ်တစ်ခုက N-pentyl acetate နဲ့ အလားတူ တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာမလားဆိုတာကို စူးစမ်းခဲ့ကြပါတယ်။

ဒေသတွင်း စူပါမားကတ်တစ်ခုမှ ငှက်ပျောဆီများကို ဝယ်ယူပြီး ကြွက်အထီးများရဲ့ လှောင်အိမ်အတွင်းမှာ ချည်ဘောလုံးများထဲသို့ ထည့်ကာ စမ်းသပ်ခဲ့ကြပါတယ်။

ရနံ့ပါဝင်မှုနှုန်းဟာ ယခင်စမ်းသပ်မှုများတွင် ပြုလုပ်ခဲ့သည့် ဆီးကဲ့သို့ပင် အထီးများရဲ့ စိတ်ဖိစီးမှုအဆင့်ကို တိုးလာစေပြီး ယင်းဟော်မုန်းများ မြင့်တက်မှုဟာ ရန်လိုသည့်အခါ ခံစားရသည့် စိတ်ဖိစီးမှုနှင့် တိုက်ရိုက်ဆက်စပ်နေတယ်ဟု သုတေသီများက သံသယရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဆီး သို့မဟုတ် ငှက်ပျောဆီနှင့် ထိတွေ့ခြင်းဟာ အကိုက်အခဲပျောက်ဆေး သို့မဟုတ် နာကျင်မှုကို သက်သာစေတဲ့ အာနိသင်ရှိပြီး အထီးများရဲ့ နာကျင်မှု အာရုံခံနိုင်စွမ်းကို လျော့ကျစေကြောင်း လေ့လာမှုက ဖော်ပြခဲ့ပါတယ်။

လေ့လာမှုတွေအရ ကြွက်ထီးများတွင် n-pentyl acetate ကို အနံ့ခံပြီးနောက် မိနစ် 60 အကြာတွင် ရန်လိုစိတ် လျော့နည်းသွားကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။

လေ့လာမှုရေးသားသူတွေဟာ ကြွက်ထီးများတွင် စိတ်ဖိစီးမှုဖြစ်စေသော ပမာဏတွေဟာ သိသိသာသာမြင့်မားနေကြောင်း တွေ့ရှိခဲ့ရပြီး ၎င်းတို့ဟာ ကြွက်ပေါက်လေးတွေရဲ့ ရှင်သန်မှုအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

နောက်ပြီး တိရိစ္ဆာန်များ အချင်းချင်း စကား ပြောဆိုဖို့အတွက် မမြင်နိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းများကို အရိပ် အ မြွက် ပြသပေးပါတယ်။

“နို့တိုက်သတ္တဝါတွေဟာ ကျွန်တော်တို့ မထင်ထားတဲ့ နည်းလမ်းတွေနဲ့ တစ်ယောက်ကို တစ်ယောက် မက်ဆေ့ချ်တွေ ပို့နေကြတယ်” ဟု Mogil က ရှင်းပြပါတယ်။

ဒီသုတေသနကို Science Advance ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.