စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို လျှော့မတွက်သင့်ပါဘူး။ အထူးသဖြင့် စာအုပ်များများဖတ်ခြင်းဟာ အသက်ရှည်ခြင်းကို တိုးမြင့်စေသည့် သိမြင်မှုဆိုင်ရာ အကျိုးကျေးဇူးများကို ပြန်လည် ရရှိစေကြောင်း လေ့လာမှု အသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။
Yale တက္ကသိုလ်မှ သုတေသီများဟာ အသက် ၅၀ နှစ်အထက် လူပေါင်း ၃၆၃၅ ကို ၎င်းတို့ရဲ့ စာဖတ်ခြင်း အလေ့ အထများအကြောင်း မေးမြန်းခဲ့ပါတယ်။
သုတေသီများက ၎င်းတို့ကို စာဖတ်သူမဟုတ်သူများ၊ တစ်ပတ်လျှင် ၃ နာရီခွဲအောက် စာဖတ်သူများ၊ တစ်ပတ်လျှင် ၃ နာရီခွဲ အထက် ပိုဖတ်သူများဆိုပြီး အုပ်စု ၃ စု ခွဲထားပါတယ်။
အုပ်စုတစ်ခုစီကို ၁၂ နှစ်ကြာ စူးစမ်းလေ့လာခဲ့ပြီး အများဆုံးဖတ်သောသူများက ၀င်ငွေမြင့်သော အုပ်စုတွင် ပါဝင်ပြီး တက္က သိုလ် ပညာသင်ကြားသူများလည်း ပါဝင်ကြပါတယ်။
လေ့လာမှုတစ်လျှောက်တွင် စာဖတ်သူအုပ်စုနှစ်ရပ်စလုံးဟာ စာဖတ်သူ မဟုတ်သူများထက် အသက်ပိုရှည်ကြောင်း သုတေ သီများက တွေ့ရှိခဲ့ကြပါတယ်။
တစ်ပတ်လျှင် ၃ နာရီခွဲထက် ပိုဖတ်သော စာဖတ်သူများဟာ စာမဖတ်သောသူများထက် ၂၃ လအပြည့် အသက်ရှည်ကြပါတယ်။

“ကျား၊ မ၊ ချမ်းသာမှု၊ ပညာရေး သို့မဟုတ် ကျန်းမာရေး” စသည့် အချက်များ မပါဝင်ဘဲ စာဖတ်သူ အားလုံးအတွက် သက် တမ်းဟာ အကျုံးဝင်ကြောင်း လေ့လာမှုက ပြနေပါတယ်။
ဒါဟာ ကြီးမားတဲ့အချက်ဖြစ်ပြီး အသက် ၅၀ ကျော်သူတိုင်းရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ဖို့အတွက် အလွန် လွယ်ကူသော ပြင်ဆင်ချက်ဖြစ်ပါတယ်။
စာအုပ်မဖတ်သူတွေနဲ့ နှိုင်းယှဉ်ရင် စာအုပ်ဖတ်သူတွေဟာ ၄ လတာ အသက်ရှင်ရေး အားသာချက်ရှိပါတယ်။
စာအုပ်ဖတ်သူများက စာအုပ်မဖတ်သူများနှင့် နှိုင်းယှဉ်ပါက နောက်ဆက်တွဲ ၁၂ နှစ်တာကာလအတွင်း သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျမှုကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါဟာ အထိုင်များတဲ့ လှုပ်ရှားမှုကနေ ဖန်တီးထားတဲ့ အသက်ဆုံးရှုံးနိုင်ချေ ၂၀% လျော့ကျသွားစေတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ကျွန်ုပ်တို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက်များက မည်သည့်စာအုပ်ဖတ်သည့်အဆင့်မဆို ရှင်သန်ခြင်းဆိုင်ရာ အကျိုးကျေးဇူးကို သိသိသာသာ အားကောင်းစေကြောင်း သက်သေပြခဲ့ပါတယ်။

ယခင်လေ့လာမှုများက စာဖတ်ခြင်းအမျိုးအစားများကို နှိုင်းယှဉ်ခြင်းမပြုသောကြောင့် ဒါဟာ ဆန်းသစ်လေ့လာမှုတစ်ခု ဖြစ်ပါတယ်။
ယေဘူယျအားဖြင့် စာအုပ်ဖတ်ခြင်းဟာ ရှင်သန်ခြင်းရဲ့ အားသာချက်ကို တွန်းအားပေးကြောင်း ညွှန်ပြနေပါတယ်။
စာအုပ်များက သတင်းဓာတ်ပုံများထက် အကျိုးအမြတ်များရခြင်း အကြောင်းရင်းမှာ စာအုပ်ဖတ်ခြင်းတွင် ဉာဏ်ရည်ထက်မြက်သော ဘာသာရပ်များ ပိုမိုပါဝင်နိုင်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
စာဖတ်သူများဟာ စာမဖတ်သူများထက် ပိုမိုမြင့်မားသော ဉာဏ်ရည်ဖြင့် စတင်ခဲ့ခြင်းမဟုတ်ပါဘူး။ စာဖတ်သူတွေဟာ စာဖတ်ခြင်းလုပ်ငန်းတွင် ရိုးရိုးရှင်းရှင်း ပါဝင်လုပ်ကိုင်ကြပြီး ဉာဏ်ရည်ဉာဏ်သွေးများကိုပါ မြှင့်တင်ပေးနိုင်တာကို တွေ့ရပါတယ်။
ဒီတွေ့ရှိချက်က စာအုပ်တွေဖတ်တာက မှတ်ဥာဏ်အခြေအနေကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ နစ်မြုပ်နေတဲ့ သဘာဝကြောင့် ရှင်သန်ခြင်းရဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်တယ်ဆိုတာ အကြံပြုထားကြောင်း လေ့လာမှုရဲ့ ရေးသားသူများက ပြောကြားခဲ့ပါတယ်။
စာအုပ်ကြိုက်သူများ သိကြတဲ့အတိုင်း၊ စာဖတ်ခြင်းတွင် နက်နဲသော ဖတ်ရှုခြင်း နှင့် စိတ်ခံစားမှုဆိုင်ရာ ဆက်စပ်မှု နှစ်ခု ပါဝင်ပါတယ်။

နက်နက်ရှိုင်းရှိုင်းဖတ်ခြင်းဟာ စာဖတ်သူများကို စာအုပ်နှင့်ထိတွေ့ပြီး ၎င်းရဲ့ကိုယ်ပိုင်အကြောင်းအရာနှင့် ပြင်ပကမ္ဘာရဲ့အခြေအနေအတွင်း နားလည်ဖို့ကြိုးစားသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှုအနေနဲ့ စာဖတ်သူများအား ဇာတ်ကောင်များအပေါ် စာနာနားလည်ပေးသည့် နေရာဖြစ်ပြီး လူမှုဆက်ဆံရေး ခံယူချက်နှင့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကို မြှင့်တင်ပေးပါတယ်။
အဆိုပါ သိမြင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို Yale သုတေသနအဖွဲ့မှ ကိုးကားပြီး လေ့လာမှုအတွက် အမှတ်အသားများအဖြစ် အသုံးပြုခဲ့ကြပါတယ်။
၎င်းတို့ဟာ ရှင်သန်ခြင်းဆိုင်ရာ အကျိုးကျေးဇူးကို ပေးနိုင်စွမ်း ရှိသည့် အပြင် ပိုမို ကောင်းမွန်သော ကျန်းမာရေး ဆိုင်ရာ အပြုအမူများနှင့် စိတ်ဖိစီးမှု လျော့ကျစေမည့် လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်တယ် ဟု လေ့လာမှုအရ သိရပါတယ်။
ဒီသုတေသနကို Social Science & Medicine မဂ္ဂဇင်းတွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။