မှန်တစ်ချပ်ရဲ့ တကယ့် အရောင်

Knowledge Nature

မှန်တွေကို ငွေ သို့မဟုတ် အရောင်မဲ့လို့ ထင်နေကြပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး။

မှန်ကိုကြည့်တဲ့အခါ ကျွန်ုပ်တို့ကိုယ်တိုင် သို့မဟုတ် မှန်ရဲ့ပတ်ဝန်းကျင် ရောင်ပြန်ဟပ်မှုကို မြင်နိုင်ပါတယ်။

ဒါပေမယ့် မှန်တစ်ချပ်ရဲ့ တကယ့် အရောင်က ဘာလဲ။ ‘ငွေ’ သို့မဟုတ် ‘အရောင်မရှိ’ ဟု ဖြေလျှင် မှားပါတယ်။

မှန်တစ်ချပ်ရဲ့ တကယ့်အရောင်မှာ အဖြူရောင်ကိုမှ အစိမ်းဖျော့ဖျော့ရောင်အစပ် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ မြင်လွှာကို လာထိတဲ့ အလင်းမှတဆင့် အရာဝတ္ထုတွေရဲ့ အသွင်အပြင်နှင့် အရောင်ကို ကျွန်ုပ်တို့ကို သိရှိစေနိုင် ပါတယ်။

ထို့နောက် ဦးနှောက်က အမြင်လွှာမှ အချက်အလက်တွေကို အချက်ပြမှုပုံစံဖြင့် ရုပ်ပုံအဖြစ် ပြန်လည်ပုံဖော်ကာ ကျွန်ုပ်တို့ကို မြင်နိုင်စေတာပဲ ဖြစ်ပါတယ်။

များသောအားဖြင့် အရာဝတ္တုတွေ အားလုံးဟာ မြင်နိုင်တဲ့ ရောင်စဥ်ရဲ့ လှိုင်းအလျား အားလုံးကို တုံ့ပြန်နိုင်သော တူညီမှု ရှိပါတယ်။

၎င်းတို့ဟာ လှိုင်းအလျားအချို့ကို စုပ်ယူထားပြီး အချို့ကို ရောင်ပြန်ဟပ်စေပါတယ်။ ဒါ့ကြောင့် ၎င်းတို့ဟာ အရောင်အဖြစ် ကျွန်ုပ်တို့ နောက်ဆုံးတွင် မြင်နိုင်တဲ့ ရောင်ပြန်ဟပ်သည့် ရောင်စဉ်လှိုင်းအလျားများကို ပြန်ထုတ်လွှတ်ပေးပါတယ်။

အရာဝတ္ထုတစ်ခုဟာ မြင်နိုင်တဲ့အလျားအားလုံးကို စုပ်ယူတဲ့အခါ ၎င်းကို အနက်ရောင်အဖြစ် ကျွန်ုပ်တို့မြင်နိုင်ပြီး မြင်နိုင်တဲ့ လှိုင်းအလျား အားလုံးကို ရောင်ပြန်ဟပ်စေတဲ့အခါမှာတော့ ကျွန်ုပ်တို့ရဲ့မျက်လုံးမှာ အဖြူရောင်အဖြစ် မြင်နေမှာပဲ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဝင်လာတဲ့အလင်းရဲ့ 100% ကို စုပ်ယူနိုင်သော သို့မဟုတ် ရောင်ပြန်ဟပ်နိုင်သော အရာဝတ္ထုတစ်ခုမျှ မရှိသေးပါဘူး။

ဘာပဲပြောပြော မှန်တစ်ချပ်ရဲ့ အစစ်အမှန် အရောင်ကို ပိုင်းခြားသိမြင်နိုင်ဖို့ အရေးကြီးပါတယ်။

မှန်တစ်ချပ်ရဲ့အရောင်က ဘာကြောင့် အဖြူရောင်မဟုတ်တာလဲ

ရောင်ပြန်ဟပ်မှု အားလုံး ကတော့ မတူညီကြပါဘူး။ အလင်းရဲ့ ရောင်ပြန်ဟပ်မှုနှင့် လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်ရဲ့ အခြား ပုံစံတွေနဲ့ ကွဲပြားတဲ့ ရောင်ပြန်ဟပ်မှုဆိုပြီး အမျိုးအစားနှစ်မျိုးဖြင့် ခွဲခြားနိုင်ပါတယ်။

Specular ရောင်ပြန်ဟပ်မှုမှာ ချောမွေ့သောမျက်နှာပြင်ကနေ တိကျသောထောင့်မှ အလင်းပြန်ပြတာဖြစ်ပြီး ပျံ့နှံ့နေတဲ့ ရောင်ပြန်ဟပ်မှုကတော့ ဘက်ပေါင်းစုံမှအလင်းရောင်ပြန်ဟပ်တဲ့ မျက်နှာပြင်တွေကို ထုတ်ပေးပါတယ်။

ရှင်းရှင်း လင်းလင်း ပြောရမယ်ဆိုရင် ငြိမ်နေတဲ့ ရေကန်ထဲမှာ ပတ်ဝန်းကျင်က ရှုခင်းကို အပြည့်အဝ မြင်ရသော်လည်း ရေ ကန်ထဲကို ကျောက်ခဲတစ်လုံးချလိုက်တဲ့အခါ ရေကန်ထဲက ပတ်ဝန်းကျင်ရှုခင်းပုံရိပ်ဟာ ပျက်စီးသွားပါတယ်။

ကြေးမုံတွေမှာဆိုရင် ထူးခြားတဲ့ ရောင်ပြန်ဟပ်မှုကို အသုံးပြု​ကြပါတယ်။

မြင်နိုင်တဲ့အဖြူရောင်အလင်းတန်းတွေက မှန်ရဲ့မျက်နှာပြင်ကို ထောင့်တစ်ခုကနေ ထိရိုက်လိုက်တဲ့အခါ ၎င်းက အဖြစ် အ ပျက် ထောင့်နှင့်ညီတဲ့ အလင်းပြန်သည့်ထောင့်မှတဆင့် ပြန်လည်ရောင်ပြန်ဟပ်စေပါတယ်။

ရလဒ်အနေနဲ့ တူညီတဲ့ ပုံရိပ်တစ်ခုကို ထုတ်ပေးပါတယ်။

ခေတ်မီမှန်တွေကိုတော့ ငွေရောင်ဖြင့် ပြုလုပ်ထားတာဖြစ်ဖြစ်၊ ငွေရောင် သို့မဟုတ် အလူမီနီယံ အလွှာပါးကို မှန်တစ်ချပ်ရဲ့ နောက်ပေါ်သို့ ဖြန်းပေးတာ ဖြစ်ဖြစ် ပြုလုပ်ထားပါတယ်။

ဆီလီကာဖန်အလွှာက အခြားလှိုင်းအလျား​တွေ​ထက် အနည်းငယ်ပိုပြီး စိမ်းလန်းတဲ့ အလင်းလှိုင်းအလျားကို ရောင်ပြန်ဟပ်စေပြီး ရောင်ပြန်ဟပ်သောမှန်ပုံကို စိမ်းပြာရောင်အဆင်းရှိစေပါတယ်။

အဆိုပါ အစိမ်းရောင်ဟာ မမြင်နိုင်သော်လည်း အမှန်တကယ်ရှိပါတယ်။

အပြည့်အ၀ ချိန်ညှိထားသော မှန်နှစ်ချပ်ကို တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင်ထားလိုက်မယ်ဆိုရင် အလင်းရောင်က တစ်ခုနှင့်တစ်ခု အဆက်မပြတ် ထွက်ပေါ်လာစေဖို့အတွက် လုပ်ဆောင်တဲ့ မှန်ရဲ့ လုပ်ဆောင်ချက်ကို မြင်တွေ့နိုင်ပါတယ်။

အဆိုပါဖြစ်စဉ်ကို “mirror tunnel” သို့မဟုတ် “infinity mirror” ဟုခေါ်ပါတယ်။

၂၀၀၄ ခုနှစ်တုန်းက ရူပဗေဒပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ “မှန်ဥမင်လိုဏ်ခေါင်းထဲကို ကျွန်ုပ်တို့ကြည့်လေလေ အရာဝတ္ထုတွေရဲ့ အရောင်က ပိုနက်လာပြီး စိမ်းလာလေလေ ဖြစ်တယ်”ဟု ဆိုပါတယ်။

ဒါ့ကြောင့် အမှန်တကယ်မှာ မှန်တွေရဲ့အရောင်ဟာ အဖြူရောင်ကိုမှ အစိမ်းဖျော့ဖျော့ရောင်အစပ် ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.