ခွေးလေးတွေ အရိုးကို မြှုပ်ရတဲ့ အကြောင်းအရင်း

Nature Science

အရိုးဝါးခြင်းဟာ ခွေးလေးတွေရဲ့ အနှစ်သက်ဆုံး ဆော့ကစားနည်း ဖြစ်ပါတယ်။ ခွေးလေးတွေဟာ အရိုးကို သိပ်မြတ်နိုး လာပြီဆိုရင် မြေမြှပ်ပြီး ဖွက်တတ်ကြပါတယ်။

ခွေးလေးတွေက သူတို့ နှစ်သက်တဲ့ အရာလေးတွေကို မြှပ်နှံလေ့ရှိကြပြီး ဒီလို အပြုအမူလေးတွေဟာ လူတွေအတွက်တော့ ထူးဆန်းနေပါလိမ့်မယ်။

ဖလော်ရီဒါပြည်နယ် အခြေစိုက် ခွေးလေ့ကျင့်ရေးနဲ့ အမူအကျင့်ဆိုင်ရာ ပါရဂူ Teoti Anderson က “ခွေးလေးတွေ တစ်ခုခုကို မြေမြှုပ်ရတဲ့ အ ကြောင်း ရင်းက အဲဒါကို နောက်မှ ဆော့ကစားဖို့ ဒါမှမဟုတ် စားဖို့ သိမ်းဆည်းတာဖြစ်တယ် ” လို့ Live Science သို့ ပြောကြားခဲ့ပါတယ်။

” ခွေးလေးတွေက နောက်ထပ်စားရမယ့် အစားအစာကို ဘယ်အချိန် ရှာရမှန်း မသိတဲ့ အခါ စားကြွင်းစားကျန်တွေကို ဖုံးကွယ်ထားတာဟာ အဓိပ္ပာယ်ရှိတယ် ” ဟု Teoti Anderson ကဆိုပါတယ်။

ခွေးလေးတွေ အရိုးတွေကို မြှပ်တတ်တဲ့ အမူအကျင့်ဟာ နောင်တစ်ချိန်မှာ အစာကို ပြန်လည် ရှာဖွေ စားသုံးဖို့ အတွက် သိမ်းဆည်းတာလည်း ဖြစ်ပါတယ်။

Illustraion

တစ်ချို့ငှက်မျိုးစိတ်တွေနဲ့ နို့တိုက် သတ္တဝါတွေမှာလည်း ထို့အမူအကျင့်မျိုးတွေ တွေ့ရတတ်ပါတယ်။

ခွေးလေးတွေကတော့ အဆိုပါ မြှပ်နှံလေ့ရှိတဲ့ အမူအကျင့်ဟာ သူတို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အညိုရောင် ဝံပုလွေတွေကနေ အမွေဆက်ခံလာတာပဲ ဖြစ်ပါတယ်။

ကောက်ကျစ်တဲ့ အမဲလိုက်ခြင်း စွမ်းရည်ကြောင့် လူသိများသော ဝံပုလွေတွေဟာ ၎င်းတို့ရဲ့ သားကောင်များကို အမဲလိုက်ပြီး ကုန်အောင် စားသုံးဖို့ အဆိုပါနေရာမှာပဲ ကြာရှည်စွာ နေတတ်ကြသော်လည်း တစ်ခါတစ်ရံ အကြွင်းအကျန်တွေကို

သယ်ဆောင်ကာ သိမ်းဆည်း မြှပ်နှံလေ့ရှိ​ကြ​ကြောင်း ၁၉၇၆ Ethology ဂျာနယ်တွင် ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခု အရ သိရပါတယ်။

ဝံပုလွေတွေ နှင့် အခြားသော canid များကို “scatter hoarders” ဟု လူသိများရတဲ့ အကြောင်းကတော့ ၎င်းတို့ရဲ့ စားကြွင်းစားကျန်များကို ပုန်းအောင်းနေထိုင်တဲ့ နေရာတွေမှာ သိမ်းဆည်း ထားလေ့ရှိခြင်း ကြောင့် ဖြစ်ပါတယ်။

လေ့လာမှုတစ်ခု အရ ဝံပုလွေပေါက်လေးဟာ သူတို့ရဲ့အစာကို တခြား မွေးချင်း တစ်ကောင်ရန်က ကာကွယ်ဖို့ ဖွက်လေ့ရှိကြကြောင်း တွေ့ခဲ့ရပါတယ်။

ဒါကြောင့် ခွေးလေးတွေ ကျွန်ုပ်တို့ အိမ်နောက်ဖေးမှာ တစ်ခုခု မြုပ်နေတာလိုမျိုး ပုံမှန်မဟုတ်တာ တွေ့ရင် စိတ်မပူပါနဲ့။

ဒါဟာ သူတို့ရဲ့ ဘိုးဘေးတွေ ဖြစ်တဲ့ ဝံပုလွေတွေကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။

Illustraion

ယနေ့ခေတ် ခွေးအများစုကတော့ အိမ်မွေး တိရိစ္ဆာန် မိဘများက ကျွေးမွေးပြုစု စောင့်ရှောက်ထားတဲ့ အတွက်ကြောင့် အစာသိုလှောင်ဖို့ မလိုအပ်တော့ပါဘူး။

သို့ပေမယ့်လည်း တစ်ခုတစ်ရံ အရိုးတွေ ၊ အစာတွေကို သိမ်းဆည်းမြှပ်နှံတာကို သဘာဝဗီဇအရ ပြုလုပ်လေ့ရှိကြပါတယ်။

ခွေးအမူအကျင့်ပညာရှင် Cesar Millan ရဲ့ ပြောကြားချက်အရ အရိုး​တွေကိုမြှုပ်နှံ့ခြင်းဟာ ခွေးလေးတွေရဲ့ ချစ်မြတ်နိုးဖွယ်အရာဝတ္ထုများကို နှစ်သက် သဘောကျတဲ့ အခါ ပြုလုပ်တဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့ မြှပ်ထားတဲ့ အရာကို ပြန်လည် ဆော့ကစားဖို့ ဖြစ်တယ်ဟု ဆိုပါတယ်။

ဒါဟာ ပျင်းနေတဲ့ခွေးများအတွက် ၎င်းတို့ရဲ့ ပိုင်ရှင်နှင့် ကစားဖို့ နည်းလမ်းတစ်ခုသော်လည်းကောင်း ဒါမှမဟုတ် ခွေးများအတွက် စိတ်ဖိစီးမှုကို သက်သာစေမည့် နည်းလမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

တစ်ချို့သော မျိုးစိတ်တွေဟာဆိုရင် အစာကို ဖွတ်ဖို့ ဖြစ်ဖြစ် ၊ ဆော့ကစားဖို့ ဖြစ်ဖြစ် အကြောင်းပြချက်မရှိပဲ တွင်းတူးရတာကို ကြိုက် နှစ်သက်ကြပါတယ်။ “

ခွေးတွေဟာ အရုပ်တွေ၊ အရိုးတွေနဲ့ အစားအစာတွေကို မြှုပ်နှံရတာကို ကြိုက်တတ်တယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ခွေးလေးတွေ ဆိုဖာခေါင်းအုံး အောက်မှာ အရိုးတစ်ခုကို ဖွက်နေတာမြင်ရတာဟာ မထူးဆန်းကြောင်း ၊ တကယ်လို့ ကျွန်ုပ်တို့ ခွေးလေးတွေမှာ မြှပ်နှံ့တတ်တဲ့ အကျင့်ဗီဇ မရှိလည်း စိတ်မပူရကြောင်း Anderson က ပြောပါတယ်။

Illustraion

တချို့ခွေးလေးတွေက သူတို့နှစ်သက်တဲ့ အရာကို တစ်ပတ်လောက်ထိ သိမ်းဆည်း ထားတတ်ကြပါတယ်။

တချို့က တစ်နေရာတည်းကို မသိမ်းခင် အခါ ၂၀ လောက် ရွှေ့တတ်ကြပါတယ်။

တချို့ကတော့ သူတို့ သိမ်းထားတဲ့ အရာကို လုံးဝ မေ့သွားကြတယ်ဟု Anderson က ဆိုပါတယ်။

ခွေးလေးတွေဟာ သူတို့ သိမ်းထားတဲ့အရာကို မေ့တတ် ကြသော်လည်း သူတို့ရဲ့ အနံ့ခံ အာရုံဟာ လူတွေထက် အဆ ပေါင်းများစွာ ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့အတွက်

သူတို့ ဖွက်ထားတဲ့ အရာနဲ့ ပတ်သတ်ပြီး မှတ်မိဖို့က ပြဿနာ မရှိသလောက် ဖြစ်တယ်လို့ Applied Animal Behavior Science ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 6/12/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *