ကြွက်တွေကို ဓာတ်ခွဲခန်းမှာ အသုံးပြုရတဲ့ အကြောင်းအရင်း

Knowledge Science

ကျွန်တော်တို့ရဲ့ သိပ္ပံ စမ်းသပ်မှုတွေမှာ ကြွက်တွေကို ရွေးချယ်ခြင်းဟာ ကြွက်တစ်ကောင်စာ အတွက် သေးငယ်ပြီး နေရာအများကြီး မလိုဘူး ဆိုတဲ့ သိပ္ပံနည်းကျ အကြောင်းပြချက်ထက် ပိုတဲ့ စံတွေအပေါ်မှာ အခြေခံပါတယ်။

ဆင်တွေနဲ့ သစ်ကုလားအုတ်များကို စမ်းသပ်ခြင်းဟာ တကယ့်ကို နာကျင်မှုတစ်ခု ဖြစ်လိမ့်မှာဖြစ်ပါတယ်။

သင်ဓာတ်ခွဲခန်းတစ်ခုမှာ အလုပ်လုပ်ရပြီး သင့်ကို ကြွက်တစ်ကောင်က ကိုက်လိုက်တာဟာ သိပ်ပြီး ခံစားရမှာ မဟုတ်တဲ့ အတွက် သူတို့ ဒေါသထွက်တဲ့အခါ ထိခိုက်မှု များစွာ မဖြစ်စေပါဘူး။

ကြွက်တွေကို စမ်းသပ်ဖို့အတွက် စိတ်ကူးက တခြား တိရိစ္ဆာန်တွေကို စမ်းသပ်ခြင်းထက် ပိုအဆင်ပြေတယ်ဆိုတဲ့ အမှန်တရားကတော့ ရှိပါတယ်။

ကြွက်တွေဟာ သေးငယ်ပြီး အတော်လေး အန္တရာယ်ကင်းတယ် ဆိုတဲ့ အချက်က သိပ္ပံပညာရှင်တွေ အတွက် အကျိုးရှိပါတယ်။

ကြွက်တွေဟာ သားပေါက်ချိန်မှာ အံ့သြစရာ ကောင်းတာကို သတိပြုပါ။

ကြွက်ကလေးများ

သူတို့ကို လိုအပ်သူတွေအတွက် အမြဲရနိုင်တဲ့ ကြွက်တွေ ရှိတာကြောင့် ကြွက်တွေကို စျေး သက်သက် သာသာနဲ့ အမြောက်အများ ရရှိ နိုင်ပါတယ်။

ကြွက်တွေရဲ့ သက်တမ်းဟာ ၂ နှစ်လောက်သာ ရှိတာကြောင့် သုတေသီတွေဟာ ကွဲပြားတဲ့ မျိုးဆက်တွေကို အလွယ်တကူ လေ့လာနိုင်ပြီး သူတို့ရဲ့ လျင်မြန်စွာ မွေးဖွားနိုင်စွမ်းဟာ သုတေသနအတွက် အလွန်အကျိုးရှိပါတယ်။

ဟုတ်ပါတယ်။ ကြွက်တွေဟာ အဆင်ပြေတဲ့ အရွယ်အစားနဲ့ လိင်စိတ်ရှိတဲ့ တိရစ္ဆာန် တစ်ကောင်ထက် မပိုပါဘူး။

ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇ ၉၀ ရာခိုင်နှုန်းကျော်ကို ကြွက်တွေမှာ ပါဝင်နေပါတယ်။

အဲ့ဒါဟာ ကြွက်တွေကို ကျွန်တော်တို့ရဲ့ လူသား ဗီဇတွေက အလားတူ အချက်တွေကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို နား လည်ဖို့အတွက် အံ့သြစရာကောင်းတဲ့ ကိုက်ညီမှုကို ဖြစ်စေပါတယ်။

မျိုးရိုးဗီဇအပြင် ကိုယ်တွင်း အင်္ဂါတွေ ကဲ့သို့ ကြွက်ရဲ့ ဇီဝစနစ် တွေဟာလည်း လူသားတွေလို လုပ်ဆောင်ပါတယ်။

သိပ္ပံပညာရှင်တွေ ကြွက်တွေကို လေ့လာရတာ ပိုကြိုက်ရတဲ့ အရေးကြီးတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက ဘာလဲ။

ကြွက်တွေဟာ မျိုးရိုးဗီဇကို အလွယ်တကူပြုပြင်နိုင်ပါတယ်။

ဓာတ်ခွဲခန်းအတွင်းမှ ကြွက်တကောင်

ဆိုလိုတာက သိပ္ပံပညာရှင်တွေဟာ ကြွက်တွေရဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်လို့ စိတ်ကြိုက် ကိုင်တွယ်နိုင်ပြီး အချို့ မျိုးရိုး ဗီဇတွေကို အလုပ်မလုပ်နိုင်အောင် ဖန်တီးနိုင်ပါတယ်။

သူတို့က စိတ်တိုင်းကျ ကိုင်တွယ်နေတဲ့ ကြွက်တွေကို knockout mouse လို့ ခေါ်ကြပြီး သူတို့ဟာ မျိုးရိုးဗီဇအချို့က ရော ဂါတွေကို ဘယ် လို ဖြစ်စေနိုင်လဲ ဆိုတာကို လေ့လာရန် ကြိုးပမ်းနေတဲ့ သုတေသီတွေ အတွက် အားသာချက် တစ်ခု ဖြစ်ပါတယ်။

ကြွက်အချို့တွင် မျိုးဗီဇကို ပိတ်ပင်ပြီး အခြားကြွက်တွေမှာ ပုံမှန်အတိုင်း ထားခြင်းအားဖြင့် မျိုးရိုးဗီဇဟာ လူသားတွေကို ရောဂါဖြစ်စေရန် ဘယ်လို အထောက်အကူ ပေးနိုင်လဲ ဆိုတာကို ရှာဖွေနိုင်ပါတယ်။

နောက်ထပ် ပြုပြင်ထားတဲ့ ကြွက်အမျိုးအစားဖြစ်တဲ့ transgenic ကြွက်များကိုတော့ ပြင်ပ DNA နဲ့ မွေးမြူပါတယ်။

အဲ့ဒါဟာ လူသားတွေကို ထိခိုက်စေတဲ့ တိကျတဲ့ရောဂါပိုးတွေကို ပုံစံချ၍ မျိုးရိုးဗီဇ လုပ်ဆောင်ချက်တွေကို လေ့လာရန် အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 6/10/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *