ကြောင်လေးတွေက သားကောင်ကို ခုန်မအုပ်မီ တင်ပါးကို လှုပ်ရမ်းရတဲ့ အကြောင်း

Knowledge Nature

ငှက်တကောင်ကို မခုတ်ခင်မှာ ကြောင်လေးတွေရဲ့ အေးစက်စက်နှင့် အကြင်နာကင်းမဲ့တဲ့ မျက်လုံးတွေကို ၎င်းတို့ရဲ့ ချစ်စရာကောင်းတဲ့ လေထဲမှာ တလှုပ်လှုပ် ရမ်းနေတဲ့ တင်ပါးလေးတွေက ပယ်ဖျက်ပေးလိုက်ပါတယ်။

ဟုတ်ပါတယ်။ သားကောင်ကို အမဲလိုက်တာဟာ အကြင်နာမဲ့တဲ့ ပုံစံ ပေါက်နေပေမယ့် ဒီ ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် ကျွန်တော်တို့ အမြင်ကို ပြောင်းလဲစေပါတယ်။

ဒီလို တင်ပါးလှုပ်တတ်တဲ့ အလေ့အကျင့်အတွက် ရှင်းပြချက်တစ်ခုထဲ မရှိပါဘူး။

သို့ပေမယ့် ကြောင်လေးတွေ ဆုပ်နယ်တာတွေ ၊ အဝတ်တွေအကြား နစ်မြုပ် အပန်းဖြေတာတွေ နှင့် တခြား ရှုပ်ထွေးလှတဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး သုတေသီတွေမှာ သီအိုရီတစ်ချို့ ရှိပါတယ်။

Live Science ရဲ့ အစီရင်ခံချက်အရ ကြောင်လေးတွေ တင်ပါးကို လှုပ်ရမ်းတာဟာ သူတို့ရဲ့ အမဲလိုက်ခြင်းကို အားကောင်းသန်မာစေရန် သူတို့ရဲ့ နောက်ခြေ နဲ့ မြေပြင် အကြား ဆွဲအားကို ရရှိဖို့ ဖြစ်နိုင်တယ် ဟု ဆိုပါတယ်။

Illustration

ကြောင်လေးတွေဟာ နောက်ခြေနှစ်ချောင်းလုံးကို တပြိုင်နက်ထဲ အားပြု၍ ခုန်ကြသောကြောင့် အထူးသဖြင့် စိတ်တည်ငြိမ်ဖို့လိုပါတယ်။

“ အခြေခံအားဖြင့် ကြောင်​လေးတွေ ခုန်ပျံတဲ့အခါ သူတို့က နောက်ခြေနှစ်ဘက်စလုံးကို သုံးပြီး ခုန်ပျံတက်ဖို့ လိုပါတယ်။

အများအားဖြင့်ကြောင်လေးတွေ လမ်းလျှောက်တဲ့အခါ သူတို့ရဲ့ နောက်ခြေကို တစ်လှမ်းခြင်းဆီ လှမ်းကြသော်လည်း ခုန်တာ နဲ့ တဟုန်ထိုးသွားတဲ့ နေရာမှာတော့ နှစ်ချောင်းလုံးကို တွဲသုံးပါတယ် ”ဟု တိရစ္ဆာန်ဆေးကုဆရာဝန် Katie Grzyb က PetMD သို့ ပြောကြားခဲ့ပါတယ်။

ကြောင်လေးတွေ အမဲလိုက်တဲ့အခါ သူတို့ရဲ့နောက်တင်ပါးမှ အလေးချိန်ကို ဖြည်းဖြည်းချင်းရွေ့ပြီး ချဥ်းကပ်တာဟာ သူတို့ကို သားကောင်အပေါ်မှ ခုန်အုပ်နိုင်အောင် ခိုင်မာတဲ့ အကူညီပေးပါတယ်။

သို့တည်းမဟုတ် ကြောင်လေးတွေက ကြွက်သား အားထုတ်ကြိုးပမ်းမှု မပြုလုပ်ခင် လူသားတွေ ကြွက်သား လေ့ကျင့်ခန်း မလုပ်ခင် ပြု လုပ် လေ့ရှိသလို တူညီတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ချို့ ပြုလုပ်ကြပါတယ်။

Illustration

”ကြောင်လေးတွေဟာ သူတို့ရဲ့ ခြေလက်တွေနဲ့ နောက်ခြေတွေကို သေးငယ်တဲ့ လှုပ်ရှားမှုတွေနဲ့ ဗျူဟာ ချဖို့ သူတို့ရဲ့ ကြွက် သားတွေကို ကြီးကြီးမားမား ပြင်ဆင်ပုံရပါတယ်” ဟု တိရစ္ဆာန်ဆေးကုဆရာဝန် Meghan E. Herron က petMD သို့ပြောကြားခဲ့ပါတယ်။

စိတ်လှုပ်ရှားတာကလည်း အချက် တစ်ချက် ဖြစ်နိုင်ပါတယ်။

ကြောင်တွေဟာ ​အမဲလိုက်ခြင်းကို နှစ်သက်ကြ ပြီး အနည်းငယ် လှုပ်ရမ်းခြင်းဟာ သားကောင်ကို အဆုံးမသတ်ခင် သူတို့ရဲ့ ပိုနေတဲ့ စွမ်း အင် တစ်ချို့ကို ဖယ်ရှားတဲ့ နည်းလမ်းလဲ ဖြစ်နိုင်ပါတယ်။

ဒါဟာ အကြို သားကောင်ကို တဟုန်ထိုး မတိုက်ခိုက် မဖမ််းခင် လှုပ်ခြင်းဟာ သူတို့ရဲ့ အောင်မြင်နိုင်နှုန်း အပေါ် သက်ရောက်ခြင်း ရှိမရှိနှင့် ပတ်သတ်ပြီး သင်ရဲ့ ခန့်မှန်းချက်က ကျွန်ုပ်တို့ကဲ့သို့ပင် ဖြစ်နေပါလိမ့်မည်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 5/10/2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *