5G နည်းပညာဟာ အနာဂါတ်မှ ဆရာဝန်များကို လာရောက်စရာမလိုဘဲ အဝေးမှ လှမ်းပြီး ထိန်းချုပ် ခွဲစိတ်နိုင်အောင်အထိ ပံ့ပိုးပေးလာတော့မှာပါ။
ထိုကဲ့သို့လည်း လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်က တရုတ်နိုင်ငံမှ ဆရာဝန်တယောက်ဟာ 5G နည်းပညာ အသုံးပြုပြီး အဝေးမှ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
China Daily သတင်းဌာန၏ အဆိုအရ အဆိုပါ ဆရာဝန်ဟာ ပါကင်ဆန် ရောဂါဖြစ်နေတဲ့ လူနာတယောက်၏ ဦးနှောက်ကို အဝေးမှ လှမ်းပြီး ခွဲစိတ်ကုသပေးခဲ့တာပါ။
ဒီလိုကုသမှုကို ၂၀၁၉ ခုနှစ်တုန်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီ့နောက်ပိုင်း အလားတူ ခွဲစိတ်မှုပုံစံတွေကို လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
China Mobile နှင့် တရုတ်၏ မိုဘိုင်းဖုန်း ကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ကုမ္ပဏီတို့၏ အကူအညီဖြင့် တရုတ်နိုင်ငံ၏ အထွေ ထွေ ရောဂါကု ဆေးရုံ PLA General Hospital (PLAGH) တွင် အဆိုပါ ခွဲစိတ်မှုမျိုးကို ပထမဆုံး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးရုံမှ ဆရာဝန်အကြီးအကဲ တယောက်ဖြစ်တဲ့ Ling Zhipei ဟာ လူနာ၏ ဦးနောက်ထဲသို့ ပါကင်ဆန် ဝေဒနာကို ထိန်း ချုပ်နိုင်ဖို့ deep brain stimulation (DBS) စက်ငယ်ကို တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
၎င်းဟာ ဘေဂျင်းမှာရှိတဲ့ PLAGH ဆေးရုံနှင့် ကီလိုမီတာ ၃ ထောင် လောက် အကွာအဝေးမှာ ရှိတဲ့ Hainan ဆေးရုံသို့ ရောက်ရှိနေခဲ့ပြီး အဆိုပါ နေရာမှ ၃ နာရီကြာ လှမ်းပြီး ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ခွဲစိတ်မှု ပုံစံ အသေးစိတ်ကို မသိရှိရပေမယ့် ကွန်ယက်ချိတ်ဆက်ထားသည့် စက်လက်များကို အသုံးပြု ခွဲစိတ်ခဲ့ပုံ ပေါ်ပါတယ်။
ကုသမှုဟာ အောင်မြင်ခဲ့ပြီး ခွဲစိတ်မှု အပြီးမှာ လူနာမှ “ကျွန်တော် နေကောင်း လာတယ်လို့ ခံစားရတယ်” လို့ ပြောပြခဲ့ပါတယ်။
5G နည်းပညာဟာ 4G ဆက်သွယ်ရေး နည်းပညာထက် Video များ ပေးပို့ရာတွင် အနည်းငယ် နောက်ကျခြင်း ကဲ့သို့ နှောင့် နှေးမှုများကို ဖြေရှင်းနိုင်ပြီး အချိန်နှင့် တပြေးညီ မြင်နိုင် လုပ်ဆောင်နိုင်တဲ့အတွက် ယခုလို အဝေးမှ တိကျစွာ လုပ် ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

Internet of Things (IOT) လို့ခေါ်တဲ့ IP စနစ်များဖြင့် အိမ်သုံး လျှပ်စစ် ပစ္စည်းများကို အလိုအလျှောက် စနစ်များနှင့် အ ခြား မိုဘိုင်းဖုန်းကဲ့သို့ ပစ္စည်းများသုံးကာ အမိန်ပေးနိုင်ဖို့အတွက် 5G နည်းပညာ၏ ကဏ္ဍဟာ အရေးပါလာပါတယ်။
အထူးသဖြင့် ၁ စက္ကန့်အောက် အနေအထားလောက်မှာ တိကျစွာ လုပ်ဆောင်ရတဲ့ ဆေးဘက်ဆိုင်ရာ ခွဲစိတ်မှုများတွင် ယခု နည်းပညာဟာ သိသိသာသာ တိုးတက်လာစေတာပါ။
နောက်ပိုင်းတွင် အလိုအလျောက် နည်းပညာသုံး စက်ရုပ်မျာဟာ ဆေးရုံများရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အနေဖြင့်တောင် အသုံးတော်ခံလာရ နိုင်ပါတယ်။
၎င်းတို့ဟာ ဆေးရုံများရှိ လူနာ အခြေအနေ၊ ဖြစ်စဉ်များကို မှတ်တမ်းတင်ခြင်းနှင့် ခွဲစိတ်ခြင်း အပါအဝင်ကိစ္စများ ကိုတောင် လုပ်ဆောင်နိုင်စွမ်း ရှိလာဖို့ အလားအလာကောင်းများ ရှိနေပါတယ်။
ကပ်ရောဂါ ကာလအတွင်းမှာလည်း အဆိုပါ စက်ရုပ်များဟာ လူသား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများထက် ကူးစက်မှုနှုန်းများကို ပိုမိုလျော့ချနိုင်ကာ ဆရာဝန်နှင့် သူနာပြုများအားလည်း ဘေးကင်းလုံခြုံစေမှာ ဖြစ်ပါတယ်။

ယခုလို ကောင်းကျိုးတွေ ရှိနေသေးပေမယ့် 5G ၏ မြင့်မားလှတဲ့ ကြိမ်နှုန်းကြောင့် မည်သည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်မလဲဆိုတာ အခုအချိန်အထိ တိတိကျကျ မသိရှိရသေးပါဘူး။
မကြာသေးမီက သတင်းများအရ 5G ကွန်ယက်မှ လှိုင်းများဟာ လေကြောင်းလိုင်းများကို အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါသေးတယ်။
မည်သို့ပင် လက်တွေ့ အသုံးပြုမှုတွေ ရှိနေစေကာမူ မိုဘိုင်းကွန်ယက်များဟာ လူများအတွက် ဘေးဥပဒ် ဖြစ်စေမှုကို တတ် နိုင် သမျှ အနည်းဆုံးမှသည် လုံးဝမရှိသည့် အဆင့်အထိ အသေအချာ သုတေသန ပြုရမှာ အမှန်ပဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။