ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ အာရုံကြော မြင်ကွင်းဆိုင်ရာ စနစ်ကို အသုံးပြုပြီး ကြွက်တွေရဲ့ မှတ်ဉာဏ်ကို အောင်မြင်စွာ ကိုင်တွယ် ချုပ်ကိုင် နိုင်ခဲ့ကြပါတယ်။
လေ့လာမှုဟာ စမ်းသပ်ဆဲ အဆင့်သာ ရှိသေးသော်လည်း “The Men in Black” ရုပ်ရှင်ထဲက မှတ်ဉာဏ် ဖျောက်ဖျက်တဲ့ ကိရိယာတွေ
ဒါမှမဟုတ် ၂၀၀၄ က “Eternal Sunshine of the Spotless Mind” ရုပ်ရှင်ထဲက ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေဟာ အမှန်တကယ်ဖြစ်လာစေမည့် အလားအလာကောင်းပဲ ဖြစ်ပါတယ်။
ကြွက်တွေကို လျှပ်စစ်ရှော့စ်အနည်းငယ်သာရှိတဲ့ အမှောင်ခန်းထဲမှာ နေထိုင်စေပြီး လေ့လာမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ကြွက်တစ်ကောင်က အခန်းထဲသို့ ဝင်သွားတဲ့အခါတွင် အခန်းတစ်ဝိုက်မှာရှိတဲ့ ကြွက်တွေဟာ တုန်လှုပ်ခြောက်ခြားသွားကြတာကို တွေ့ရပါတယ်။
သို့သော်လည်း စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ ကြွက်တွေဟာ နောက်ပိုင်း လျှပ်စစ်ရှော့ခ်ဖြစ်ခြင်းကို မေ့သွားပြီး အခန်းအတွင်းကို ငြိမ်သက်ပြီး ထပ် မံ ဝင်ရောက်လာခဲ့ကြပါတယ်။
long-term potentiation (LTP) ဆိုတာ အာရုံကြောလှုပ်ရှားမှုဖြင့် အိပ်ပျော်နေစဉ် မှတ်ဉာဏ်များကို စုစည်းတာပါ။
Kyoto University မှ Akihiro Goto ဦးဆောင်တဲ့အဖွဲ့ဟာ LTP အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဖြစ်တဲ့ cofilin ပေါင်းစပ်မှုကို ဟန့် တားဖို့အတွက် တစ်ချို့သော အာရုံကြောတွေပေါ်မှာ အလင်းရောင် တောက်ပမှုကို အသုံးပြုခဲ့ကြပါတယ်။
LTP လုပ်ငန်းစဉ်ဟာ အာရုံကြောတွေကြား အချက်ပြ ထုတ်လွှတ်မှုကို ကြာရှည်စွာ တိုးမြှင့်လာစေတဲ့ synapses ကို အားကောင်းစေပြီး မှတ်ဉာဏ်ဖွဲ့စည်းမှုများကို ဖန်တီးပေးပါတယ်။

မည်သည့် ဆဲလ်တွေက LTP ကို ခံရလဲဆိုတာ စစ်ဆေးပြီး မှတ်ဉာဏ်ဖွဲ့စည်းချိန် နဲ့ ဦးနှောက်ထဲမှာ သိုလှောင်ရာနေရာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲတာဟာလည်း LTP ကိုအနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
Goto ရဲ့အဖွဲ့ဟာ ကြွက်တွေကို မျိုးရိုးဗီဇပေးပို့ရာတွင် အသုံးပြုတဲ့ adeno-associated virus (AAV)ဖြင့် အထူးတီထွင်ထားတဲ့ ပရိိုတိန်းတစ်မျိုးကို ထိုးသွင်းခဲ့ကြပါတယ်။
အဆိုပါ ပရိုတိန်းဟာ အလင်းရောင်နှင့်ထိတွေ့သောအခါ cofilin ကဲ့သို့သော အနီးနားရှိ ဒြပ်ပေါင်းများကို ပိတ်ပစ်တဲ့ ဓာတ်ပြုအောက်ဆီဂျင်ကို ထုတ်လွှတ်ပေးပါတယ်။
“Men in Black” ရုပ်ရှင်ပုံစံလိုပဲ Goto ရဲ့ လေ့လာမှုမှာဆိုရင် ကြွက်တွေရဲ့ ဦးနှောက် ပစ်မှတ်ကို နှစ်ကြိမ်တိုင်အောင် ပိတ်ပစ်နိုင်တာကို တွေ့ခဲ့ရပါတယ်။
ကြွက်တွေ အိပ်နေချိန်မှာ အဆိုပါ လုပ်ငန်းစဉ်ဟာ ကြွက်တွေရဲ့ ရေတို မှတ်ဉာဏ်ကို ဖျက်ပစ်နိုင် တာကို တွေ့ခဲ့ရပါတယ်။
တိုကျိုတက္ကသိုလ် သုတေသနသတင်းနှင့် အင်တာဗျူးတစ်ခုမှာတော့ ” အလင်းရောင်နဲ့ LTP ကို ဖယ်ရှားပိတ်ပင်ခြင်းဟာ အံ့သြစရာကောင်းတယ် ” ဟု ပြောကြားခဲ့ပါတယ်။

သုတေသနရဲ့တွဲဖက်စာရေးဆရာ Yasunori Hayashi က အဆိုပါ နည်းပညာအသစ်ဟာ အချိန်ပိုင်းနှင့် နေရာဒေသအလိုက် မှတ်ဉာဏ်ဖွဲ့စည်းမှုကို သီးခြားခွဲထုတ်နိုင်တဲ့ နည်းလမ်းကို ပံ့ပိုးပေးနိုင်တယ်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
LTP နှင့်ဆက်စပ်တဲ့ synaptic မူမမှန်မှုတွေဟာ အယ်လ်ဇိုင်းမားရောဂါ နှင့် schizophrenia ကဲ့သို့ မှတ်ဉာဏ်နှင့် သင်ယူမှုဆိုင်ရာ ချို့ယွင်းမှုတွေမှာ ပါ၀င်ပတ်သတ်ကြောင်း ထောက်ပြခဲ့ပြီး
“ကျွန်ုပ်တို့ရဲ့ နည်းလမ်း အသစ်က စိတ်ပိုင်းဆိုင်ရာ ရောဂါသည်များအတွက် ကုသမှု များစွာကို အထောက်အကူ ဖြစ်စေနိုင်တယ်”ဟု ပြောကြားခဲ့ပါတယ်။
လေ့လာမှုရဲ့ ရလဒ်တွေကို Science ဂျာနယ်မှာ နိုဝင်ဘာ ၁၁ ရက်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။