ဗိုလ်ချုပ်ကိုယ်တိုင်စီးခဲ့သည့် Wolseley RC 2874 ကားကို ပြုပြင်မှုများအပြီး ပြန်လည်အပ်နှံနိုင်ခဲ့

News

ထူး ကားဆားဗစ်လုပ်ငန်းမ ဗိုလ်ချုပ်အောင်ဆန်း၏ အသုံးအဆောင်ပစ္စည်းများမ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် Wolseley RC 2874 ကားကို၂၄၅ ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း ရေးသားထားပါတယ်။

ဖခင်ဖြစ်သူစီနင်းခဲ့သည့် ကားကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြန်လည်မွမ်းမံပြီး စီးချင်သည့်အတွက် Htoo Auto Service က အသေးစိတ်ပြုပြင်မွမ်းမံပြီး ပြန်လည်အသက်သွင်းလိုက်ခြင်းဟုလည်း သိရပါ တယ်။  

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley RC – 2874 ကားအား နဂိုမူလလက်ရာမပျက် ပြန်လည်ပြုပြင်မု ပြီးစီးသွားပြီဖြစ်၍ သာသနာရေးနင့်ယဉ်ကျေးမုဝန်ကြီးဌာနမ ထိန်းသိမ်းစောင့်ရောက်လျက်ရိသော ရန်ကုန်မြို့၊နတ်မောက်လမ်းရိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ပြန်လည်ပြီး လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ် ကြောင်း သိရပါတယ်။

အဆိုပါ Wolseley ဆိုတဲ့British ကားထုတ်လုပ်ရေးကို ၁၉၀၁ ခုနစ်မ ာVickers နဲ့ Herbert Austin တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး၁၉၂၁ မာBritain ရဲ့အကြီးဆုံးသော ကားထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်ခဲ့ ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley RC – 2874 ကားလေးကWolseley 18/85 ဖြစ်ပြီး ၁၉၃၈ ခုနစ်ကနေ ၁၉၄၈ ခုနစ်အတွင်းမာထုတ်လုပ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ အဆိုပါ Wolseley ကားဟာတံခါး ၄ ချပ်ပါ saloon ကားဖြစ်သလို 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပြီး Wheelbase 2654 mm Length 4369 mm Width 1702 mm Height 1676 mm Weight 1422 kg ရိပြီးUK မာ ထုတ်လုပ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ် ကွယ်လွန်ခဲ့တာဟာ ၁၉၄၇ ခုနှစ်ဖြစ်တဲ့အတွက် စစ်ပြီးခေတ် model Wolseley ကားလေးဟာ (1945/46/47) တစ်နှစ်နှစ် ဖြစ်မှာဖြစ်ပြီး RC – 2874 နံပါတ်ကိုတော့ Wolseley World ဆိုတဲ့ဂျာနယ်ကြီးကနေ RG (Rangoon )registration number 2874 ဆိုပြီး ကမ္ဘာအနှံ့က Wolseley ကားတွေကို မှတ်တမ်းတင်ရာမှာ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။

Weekly Eleven


ထူး ကားဆားဗစ်လုပ်ငန်းမှ ဗိုလ်ချုပ်အောင်ဆန်း၏ အသုံးအဆောင်ပစ္စည်းများမှ ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် Wolseley RC 2874 ကားကို၂၄၅ ရက်ကြာအချိန်ယူ၍အသေးစိတ်ပြုပြင်မွမ်းမံပြီးစီးသွားပြီဖြစ်ကြောင်း ရေးသားထားပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သော Wolseley RC – 2874 ကားအား နဂိုမူလလက်ရာမပျက် ပြန်လည်ပြုပြင်မှု ပြီးစီးသွားပြီဖြစ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသော ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်သို့ပြန်လည်ပြီး လွဲပြောင်းပေးအပ်ခဲ့ပြီဖြစ် ကြောင်း သိရပါတယ်။

အဆိုပါ Wolseley ဆိုတဲ့British ကားထုတ်လုပ်ရေးကို ၁၉၀၁ ခုနှစ်မှာVickers နဲ့ Herbert Austin တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး၁၉၂၁ မှာBritain ရဲ့အကြီးဆုံးသော ကားထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်ခဲ့ ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ Wolseley RC – 2874 ကားလေးကWolseley 18/85 ဖြစ်ပြီး ၁၉၃၈ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အတွင်းမှာထုတ်လုပ်ခဲ့တဲ့ အမျိုးအစားဖြစ်ပါတယ်။ အဆိုပါ Wolseley ကားဟာတံခါး ၄ ချပ်ပါ saloon ကားဖြစ်သလို 2322 cc displacement နဲ့ straight-6 ဆလင်ဒါ ၆ လုံးထိုး အင်ဂျင်ဖြစ်ပြီး Wheelbase 2654 mm Length 4369 mm Width 1702 mm Height 1676 mm Weight 1422 kg ရှိပြီးUK မှာ ထုတ်လုပ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။


Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *