အရည်မပျော်ဘဲ ပြန်လည် အသုံးပြုနိုင်တဲ့ ရေခဲ အသစ် အကြောင်း

News Tech

သုတေသီတွေဟာ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေသော အရည်မပျော်ဘဲ ပြန်လည် အသုံးချနိုင်တဲ့ ရေခဲတုံးတွေကို တီထွင် ခဲ့ကြပါတယ်။

ရေခဲတုံးတွေ သို့မဟုတ် အအေးခံအိတ်တွေဟာ အစားအစာတွေကို အေးခဲစေပြီး လတ်ဆတ်စေရန် ကူညီပေးပါတယ်။

သို့သော် ရေခဲက အလွန်လျင်မြန်စွာ အရည်ပျော်ပြီး နောက်တစ်ကြိမ် ပြန်လည်အသုံးပြု၍ မရနိုင်ပါ။

ယခုအခါမှာတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ Davis မှ သုတေသီတွေက အစားအစာကို အေးနေအောင် ထိန်းထားပေးနိုင်တဲ့ ပြန်သုံးလို့ရတဲ့ ရေခဲတုံးကို တီထွင်ခဲ့ပါတယ်။

အရည်ပျော်ဝင်ခြင်းမရှိတဲ့ ဒီပလတ်စတစ်ကင်းစင်သော “ဂျယ်လီရေခဲတုံး” တွေဟာ ဆွေးမြေ့နိုင်ပြီး ရောဂါပိုးမွှားတွေကို ဆန့်ကျင်ကာ ပိုးမွှားကူးစက်ခြင်းမှ ကာကွယ်ပေးပါတယ်။

ရေခဲတုံးတွေကို ကြာရှည်ခံစေရန်နှင့် အရည်ပျော်ဝင်ခြင်း မရှိစေရန် ရေ ၉၀% နှင့် ပရိုတင်းမှရရှိသော gelatine ၁၀% ပါဝင်သော ဟိုက်ဒရိုဂျယ်ဖြင့် ပြုလုပ်ထားပါတယ်။

သူတို့ကို ကိုင်ကြည့်လျှင် နူးညံ့ပြီး အပူချိန်ပေါ် မူတည်၍ အရောင်ပြောင်းပါတယ်။

Credit: Gregory Urquiaga/UC Davis

ထိုကဲ့သို့ ပြန်လည် အသုံးပြုနိုင်သော ရေခဲတုံး တွေကို လိုအပ်သလို ပုံသဏ္ဍာန်နှင့် အရွယ်အစား အလိုက် ဒီဇိုင်း ထုတ်နိုင် သို့မဟုတ် ဖြတ်တောက်နိုင်ပါတယ်။

သူတို့က အခန်းအပူချိန်တွင် ဖောက်ထွင်းမြင်ရပြီး ဂျယ်လီလိုဖြစ်နေသော်လည်း အေးခဲလိုက်တာနဲ့ မာကျောသွားပြီး အရောင်တောက်လာပါတယ်။

“အအေးခံဖို့အတွက် ၁၃ နာရီကြာ အသုံးပြုနိုင်ပြီး သူတို့ကို ပြန်လည်စုဆောင်းကာ ရေနဲ့ဆေးချပြီး နောက်တစ်ကြိမ်အသုံးပြုဖို့အတွက် ထပ်မံအေးခဲဖို့ အအေးခန်းထဲမှာ ထည့်ထားနိုင်ပါတယ်” လို့ ဇီဝဗေဒနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနမှ ပါမောက္ခ Gang Sun က ပြောကြားခဲ့ပါတယ်။

အစောပိုင်း စမ်းသပ်ချက်တွေအရ ဒီအတုံးတွေက ပုံစံမပျက်ဘဲ ၂၂ ပေါင် (၁၀ ကီလိုဂရမ်) အထိ ခံနိုင်ရည်ရှိကြောင်း ပြသခဲ့ပါတယ်။

သူတို့ကို အကြိမ်များစွာ ပြန်လည်အသုံးပြုနိုင်ပြီး အေးခဲပြီးတိုင်း ဂျယ်လီရေခဲတုံးတွေကို ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း၊ သန့်စင်ခြင်း သို့မဟုတ် ရေလောင်းချခြင်း သို့မဟုတ် ပိုးသတ်ဆေးဖြင့် ဆေးကြောခြင်းတို့ ပြုလုပ်နိုင်ပြီး ထို့နောက် အမှိုက်ပုံး ဒါမှမဟုတ် ခြံထဲတွင် စွန့်ပစ်နိုင်ပါတယ်။

Credit: Gregory Urquiaga/UC Davis

ပြန်သုံးနိုင်သော ရေခဲတုံးတွေက ရေသုံးစွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ခြေ ရှိပါတယ်။

သူတို့က အစားအစာ ပုပ်သိုးမှုကို လျှော့ချရန် တည်ငြိမ်သော အပူချိန်ကို ပေးဆောင်ပြီး အစားအစာ ပြင်ဆင်သည့် ကုမ္ပဏီများ၊ ငါးဖမ်းလုပ်ငန်းများနှင့် ပစ္စည်းတွေ အေးအောင်ထားရန် လိုအပ်သော အစားအစာ ထုတ်လုပ်သူတွေအတွက် စံပြဖြစ်နိုင်ပါတယ်။

ပစ္စည်းကို အသုံးချခြင်းဟာ အစားအစာထောက်ပံ့ရေးကွင်းဆက်တွင် ရေသုံးစွဲမှုနှင့် ရောဂါပိုးမွှားဆိုင်ရာ ညစ်ညမ်းမှုတွေကို ထိန်းချုပ်ခြင်းဖြင့် အစားအစာဖြုန်းတီးမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

သုတေသီတွေက နောက်ဆုံးတွင် ပြန်လည်ဖန်တီးထားသော စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းတွေ သို့မဟုတ် ဓာတုဗေဒပစ္စည်းတွေကို ဂေဟစနစ်နှင့် သဟဇာတဖြစ်စေရန် အအေးခံပစ္စည်းတွေအဖြစ် အသုံးပြုရန် မျှော်မှန်းထားပါတယ်။

Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.