နောက်ဆုံးပေါ် နည်းပညာများဖြင့် လုံးဝ ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်စွမ်းအင်ကိုသာ အသုံးပြုထားတဲ့ ဟိုက်ပါကား Rimac Nevera ကတော့ ၎င်းရဲ့ စွမ်းဆောင်ရည်ကို ပြသလိုက်ပါပြီ။
Rimac Nevera ဆိုတဲ့ နာမည်ကတော့ ခရိုအေရှား ပင်လယ်ပြင်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကြီးကို အစွဲပြုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။
ဒီကားဟာ မြင်းကောင်ရေ ၁,၉၁၄ အထိ ထုတ်ပေးနိုင်တဲ့ Apt လို့ခေါ်တဲ့ သံလိုက်စွမ်းအင် မော်တာများကို အသုံးပြုထားပါတယ်။
အဆိုပါ မော်တာများကို ဘီးတဘီးလျှင် တလုံးကျ ဖြင့် မော်တာ ၄ လုံး အထိ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
Nevera ဟာ ၆၀ မိုင်ကို ရောက်ရှိ့ဖို့အတွက် အချိန် ၁.၈၅ စက္ကန့်သာ ကြာပါတယ်။ အဲဒါကိုမှ ဆက်မောင်းရင်တော့ တနာရီကို ၂၅၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်မှာပါ။

ကုမ္ပဏီအဆိုအရ ဒီကားဟာ တမိုင်ရဲ့ ၄ ပုံတပုံကိုရောက်ရှိဖို့ ၈.၆၂ စက္ကန့် သာ ကြာမြင့်နိုင်ပြီး သုည မိုင်မှ ၁၈၆ မိုင်အထိ ရောက်ရန် အချိန် ၉.၃ စက္ကန့်သာ လိုအပ်တယ်လို့ သိရပါတယ်။
ဒါဟာ အစောပိုင်း ဒီကားအတွက် ခန့်မှန်းထားတဲ့ အမြန်နှုန်းအထက် ၂.၅ စက္ကန့်လောက် ပိုမို မြန်ဆန်လာတာပဲ ဖြစ်ပါတယ်။
Rimac ၏ တည်ထောင်သူနှင့် CEO ဖြစ်တဲ့ Mate Rimac မှ The Drive မီဒီယာကို ပြောကြားရာမှာ “Nevera ကားဟာ အမြန်နှုန်းထက် အများကြီးပိုပါသေးတယ်”

“ထုတ်လုပ်ထားသည့် ကားတစီးတွင် တပ်ဆင်ဖူးသမျှထဲမှာ အကြီးဆုံး ဘက်ထရီကို တပ်ဆင်ထားတဲ့အတွက် တခါ အားသွင်းထားတာနဲ့ မိုင်ပေါင်း ၃၄၀ လောက်အထိ ဆက်တိုက် မောင်းနိုင်မှာပါ” လို့ ဆိုပါတယ်။
ဒီ ဟိုက်ပါကားသစ်တွင် တပ်ဆင်ထားသည့် ဘက်ထရီမှာ ကြီးမားပြီး စွမ်းအင် ၁၂၀ ကီလိုဝပ်နာရီ လောက် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
“ကုမ္ပဏီမှ ထုတ်လုပ်ထားတဲ့ Rimac All-Wheel-Torque Vectoring 2 ကြောင့် ၎င်းဟာ လျှင်မြန်သွက်လက် မြန်ဆန်ပြီး လျှပ်စစ်ဓာတ် ထိန်းညှိစနစ်များနှင့် တက်ကြွသော လေခွင်းအားများဟာ သက်တောင့်သက်သာ ရှိစေပြီး၊ ငြိမ်သက်စွာ မောင်းနှင့်နိုင်မှာ ဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြီး ပြောပြပါတယ်။

မောင်းနှင် နေစဉ်အတွင်းမှာ ကားကို ဝယ်ယူသူတိုင်းအတွက် တပ်ဆင်ပေးမယ့် Michelin Pilot Sport 4S တာယာများကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
Rimac ဟာ လွန်ခဲ့တဲ့ တလကျော်လေးကပဲ ကုမ္ပဏီ၏ ကားများရဲ့ အမြန်နှုန်းကို မြှင့်တင်နိုင်ရန် ကမ္ဘာ ကျော်ကားကုမ္ပဏီ တခုဖြစ်တဲ့ Bugatti ကို ဝယ်ယူ ခဲ့ပါသေးတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။