ကျွန်ုပ်တို့ စက်ပစ္စည်းတွေက အပြာရောင် အလင်း ဟာ အိပ်မပျော်ခြင်းကို အဓိက ပံ့ပိုးပေးကြောင်း သိနှင့်ပြီးသား ဖြစ်ကြမှာပါ။
ယခု Scientific Reports ဂျာနယ်မှာ ထုတ်ဝေတဲ့ လေ့လာမှုအသစ်တစ်ခုအရ ကျွန်ုပ်တို့ နေရာတကာမှာ တွေ့မြင် နေရတဲ့ ဖန်သားမျက်နှာ ပြင်တွေဟာ ပိုကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုဖြစ်စေကြောင်း ဖော်ပြထားပါတယ်။
Business Insider ရဲ့ တင်ပြချက်အရ တစ်နေ့လုံး အပြာရောင် အလင်း ကို ကြည့်ခြင်းဟာ မျက်စိ မြန်မြန်ကွယ် စေတက်တယ်ဟု ဆိုပါတယ်။

Toledo တက္ကသိုလ်မှ သုတေသီတွေကတော့ စမတ်ဖုန်းတွေ ၊ လက်တော့ပ်တွေ နဲ့ တက်ဘလက်များမှ ထုတ်လွှတ်တဲ့ အပြာရောင် အလင်းဟာ မျက်လုံးဆဲလ်အနုလေးတွေကို တိုက်ရိုက်ထိခိုက်နေနိုင်တယ်ဟု ဆိုပါတယ်။
အဆိုပါ အပြာရောင် အလင်းဟာ မျက်လုံးရဲ့ photoreceptors မှ မျက်စိ အာရုံခံလွှာ မော်လီကျူးတွေကို ၎င်းတို့ ပတ်၀န်းကျင်ရှိ ဆဲလ်များကို အဆိပ်ဖြစ်စေတဲ့ မော်လီကျူးများအဖြစ် ပြောင်းလဲစေခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
အသစ်ဖြစ်သွားတဲ့ မျက်စိ အာရုံခံလွှာ မော်လီကျူးတွေဟာ photoreceptor ဆဲလ်တွေရဲ့ အမြှေးပါးကို ပျော်စေပြီး နောက်ဆုံးမှာ သူတို့ကို ပျောက်ကွယ်သွားစေပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အပြာရောင် အလင်းဟာ မျက်စိကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

Macular degeneration လို့ခေါ်တဲ့ မျက်ကြည်လွှာရဲ့ အလယ်ဗဟိုမှာ အမြင်အာရုံဆုံးရှုံးခြင်းကို သုတေသီတွေဟာ အပြာရောင် အလင်းစမ်းသပ်ချက်တွင် မျက်လုံးထဲမှာရှိတဲ့ photoreceptor ဆဲလ်များ ပျက်စီးတဲ့အခါမှာလည်း ဖြစ်တက်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
တခြားဆဲလ်တွေနဲ့ မတူဘဲ မျက်စိ အာရုံခံလွှာရှိ ဆဲလ်တွေဟာ ပြန်လည် ရှင်သန်ခြင်းမရှိတာကြောင့် ၎င်းတို့ ပျက်စီး ဆုံးရှုံးသွားရင် တစ် သက်လုံး အမြင် အာရုံချို့ယွင်းခြင်း သို့်မဟုတ် မျက်စိကွယ်ခြင်းတို့ကို ဖြစ်စေပါတယ်။
ဒီလိုဖြစ်စဥ်တွေက လူတစ်ချို့တွင် အသက်အရွယ်ရလာတာအမျှ သဘာဝ အလျှောက် ဖြစ်ပေါ်လေ့ ရှိပေမယ့်လည်း အပြာရောင် အလင်း ကြောင့်တော့ အသက်အရွယ်မရွေး ဖြစ်စေတက်ပါတယ်။
ကျွန်ုပ်တို့ရဲ့ မျက်လုံးကို ဖန်သားပြင်မှာ အချိန်ကြာအောင် အသုံးပြုခဲ့မယ် ဆိုရင် ကျွန်ုပ်တို့ အမြင်အာရုံ အရည်အသွေးက တခြားပစ္စည်းတွေကို အသုံးပြုထက် အများကြီးပိုနှေးကွေးသွားစေတာကို တွေ့ရပါတယ်။

ဒီလို ဖြစ်တာကို ရှောင်ကြဥ်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ဖုန်းကြည့်တာကို လျော့ဖို့ပဲ ဖြစ်ပါတယ်။
ပိုပြီး လက်တွေ့ကျကျ ဖြေရှင်းမယ်ဆိုရင်တော့ အမှောင်ထဲမှာ ကျွန်ုပ်တို့ရဲ့ စမတ်ဖုန်းတွေ ၊ လက်တော့ပ်တွေ နဲ့ တက်ဘလက်တွေကို ဖွင့်ပြီး အသုံးပြုခြင်းတို့မှ ရှောင်ကြဥ် သင့်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။