ရှုပ်ထွေးတဲ့ မြေ​​ပြင် အ​နေအထားတွေကို သွားလာနိုင်တဲ့ ပုရွက်ဆိတ်ပုံစံ တုပထားတဲ့ ခြေလေးချောင်းပါ စက်ရုပ်

Innovation Tech

ပုရွက်ဆိတ်တွေ ၊ ပျားတွေ နှင့် ငှက်တွေရဲ့ ပြသနာတွေကို ဖြေရှင်းပုံ နှင့် အတားအဆီးတွေကို ကျော်လွှားပုံတွေကို စုစည်းပြီး သုတေသီတွေဟာ ဝေဟင် နှင့် ရေပေါ် ရေအောက် စက်ရုပ်တွေကို တီထွင်ခဲ့ကြပါတယ်။

သုတေသီတွေက အဆိုပါ အပြုအမူတွေကို သဘာဝဘေးအန္တရာယ်ကျရောက်ရာနေရာတွေမှာ အသက်ရှင်ကျန်ရစ်တဲ့ သူတွေကို ရှာဖွေခြင်း ကဲ့သို့သော အသုံးချမှုများတွင် တစ်နေ့နေ့ အသုံးပြုနိုင်အောင် 3D ပုံစံ ခြေထောက်​လေးချောင်းပါတဲ့ စက်ရုပ်ကိုတီထွင်ခဲ့ကြပါတယ်။

Notre Dame တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာရဲ့လက်ထောက် ပါမောက္ခ Yasemin Ozkan-Aydin က အဆိုပါ ခြေထောက်များပါတဲ့ စက်ရုပ်ကို တီထွင်လိုက်တာဟာ သူတို့ရဲ့ သဘာဝ ပြိုင်ဘက်တွေ ကြံ့ကြံ့ခံနိုင်ပုံကို အတုယူပြီး သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုရှိတဲ့ နေရာတွေမှာ လူသားတွေနဲ့အတူ ဦးဆောင်နိုင်စွမ်းရှိပြီး အတူတကွ ပြီးမြောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ် ဟုဆိုပါတယ်။

အဆိုပါ ခြေလေးချောင်းပါ စက်ရုပ်တွေဟာ အလျား ၁၅ မှ ၂၀ စင်တီမီတာ သို့မဟုတ်အကြမ်းဖျင်းအားဖြင့် ၆ လက်မ မှ ၈ လက်မအထိရှိပြီး လစ်သီယမ် ပိုလီမာ ဘတ်ထရီ၊ microcontroller နှင့် အရှေ့ဘက်တွင် အလင်း အာရုံခံ ကိရိယာတစ်ခု နှင့် ရှေ့နှင့်နောက်ဘက်တွင် သံ လိုက်ထိတွေ့ အာရုံခံကိရိယာနှစ်ခု အပါအဝင် အာရုံခံကိရိယာ ၃ ခု တပ်ဆင်ထားပါတယ်။

Photo: Courtesy of Ozkan-Aydin et al

စက်ရုပ်တွေရဲ့ လိုက်လျောညီထွေး လှုပ်ရှားသွားလာနိုင်တဲ့ ခြေထောက်လေးချောင်းဟာ အပိုအာရုံခံကိရိယာများ နှင့် အစိတ်အပိုင်းများ လို အပ်မှုကို လျော့ကျစေပြီး ကြမ်းတမ်း မညီမညာဖြစ်နေတဲ့ မြေပြင်တွေကို သွားလာရာတွင် စက်ရုပ်တွေကို ကူညီထောက်လှန်းပေးတယ် ဟု ဆိုပါတယ်။

” အတားအဆီးတွေကို ထောက်လှမ်းဖို့ နောက်ထပ်အာရုံခံစရာမလိုပါဘူး ။ ခြေထောက်တွေရဲ့ ပျော့ပြောင်းမှုက စက်ရုပ်ကို အဆိုပါ ​နေရာတွေကို ကျော်ဖြတ်ဖို့ ကူညီပေးတယ်” ဟု Ozkan-Aydin ကပြောကြားခဲ့ပါတယ်။

အဆိုပါ ပုရွက်ဆိတ်ပုံစံ တုပထားတဲ့ စက်ရုပ်တွေဟာ တကယ့်ပုရွက်ဆိတ်တွေနဲ့မတူတာက တစ်ကောင်​ခြင်း သီးခြားလုပ်ရှားနိုင်သလို မတူညီတဲ့ပတ်ဝန်းကျင်တွေမှာလည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ချိတ်ဆက်ပြီး တံတားပုံစံ ဖန်တီးနိုင်ကာ လိုအပ်ချက်တွေကို ဖြည့်နိုင်ပါတယ်။

စက်ရုပ်တွေဟာ ၎င်းတို့၏ ဦးတည်ချက် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုရှိစေဖို့ နှင့် ၎င်းတို့ရဲ့ခန္ဓာကိုယ်တွေကို ကွင်းဆက်တစ်ခု အဖြစ် ပေါင်း စည်း နိုင်ဖို့ ၎င်းတို့ရဲ့ သံလိုက်ထိတွေ့အာရုံခံကိရိယာတွေကို အသုံးပြုပါတယ်။

အဆိုပါ နည်းလမ်းတွေနဲ့ ၎င်းတို့ဟာ မညီညာသောမြေပြင်ကွာဟချက်တွေကို ဖြတ်ခြင်း၊ လှေခါးတက်ခြင်းနှင့် လေးလံတဲ့ အရာဝတ္ထ​တွေကို သယ်ယူပို့ဆောင်ခြင်း အစရှိတဲ့ အလုပ်​တွေ​ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါတယ်။

Ozkan-Aydin ဟာ အဆိုပါ စက်ရုပ်​တွေကို ၂၀၂၀ အစောပိုင်းတုန်းက စတင်တည်ဆောက်ခဲ့ပြီး ၎င်းတို့ကို အိမ် သို့မဟုတ် သူမရဲ့ ခြံဝန်းထဲမှာ ပိုမိုကောင်းမွန်အောင် ဆက်လက်စမ်းသပ်ခဲ့ပါတယ်။

Photo: Courtesy of Ozkan-Aydin et al

ခြေလေးချောင်းပါ စက်ရုပ်​တွေကို မြက်ပင်တွေ ၊ ခြုံတွေ ၊ အရွက်သစ်ခက်​တွေ၊ အမွှေးပွကောဇောတွေ နှင့် ထောင်မှန်စတုဂံသစ်သားတုံးတွေ မြှုပ်ထားတဲ့ ကြမ်းတမ်းတဲ့​မြေပြင်တွေပေါ်မှာ စမ်းသပ်ခဲ့ပါတယ်။

သူမရဲ့တွေ့ရှိချက်တွေအရ အဆိုပါ တန်ဖိုးနည်း ခြေလေးချောင်းစက်ရုပ် ဒီဇိုင်းဟာ မျှော်လင့်မထားသောအခြေအနေ​တွေ နှင့် လိုက်လျော ညီထွေစွာ ရှာဖွေကယ်ဆယ်နိုင်​ပြီး ၊ စုပေါင်းအရာဝတ္ထုသယ်ယူပို့ဆောင်ရေး၊ အာကာသတူး​ဖော်ရေး နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ လက်​တွေ့ကမ္ဘာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်လိမ့်မည် ဟုဆိုပါတယ်။

Ozkan-Aydin ဟာ အဆိုပါ စက်ရုပ်ရဲ့ ရွေ့လျားမှု နှင့် ပြဿနာဖြေရှင်းရေးတို့အတွက် မရှိမဖြစ်လိုအပ်သောစနစ်တွေကို တိုးတက်အောင်လုပ်ဆောင်နေပါတယ်။ သူမဟာ အဆိုပါစနစ်တွေအတွက် ပုရွက်ဆိတ် နဲ့ ခြ ကဲ့သို့ အင်းဆက်တွေရဲ့ စုပေါင်းရွှေလျားအားကို စူးစမ်း လေ့ လာ ပြီး တီထွင်ခဲ့ပါတယ်။

“ အဆိုပါ စနစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် ဘက်ထရီနည်းပညာကို မြှင့်တင်ဖို့လိုတယ်”

” အထူးသဖြင့် ဆယ်နာရီထက် ပိုမို​ကြာရှည်ခံတဲ့ စွမ်းအင်ပိုပေးနိုင်တဲ့ ဘတ်ထရီ သေးသေးလေးတွေ လိုအပ်တယ်ဟု ဆိုပါတယ်။

ဒီလိုမှမဟုတ်ရင် ဒီစနစ်မျိုးကို လက်တွေ့ကမ္ဘာမှာ သုံးတာက ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ဘူး။ ” ဟုသူမက ဆိုပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.