တိရစ္ဆာန်အများစုကို သူတို့ရဲ့ ဇီဝကမ္မက ဖြတ်ကျော်ခွင့် ပေးထားတဲ့ ကံကောင်းတဲ့ လက်တစ်ဆုပ်စာ မျိုးစိတ်အချို့က လွဲပြီး လမ်းလျှောက်ခြင်း၊ ပျံသန်းခြင်း၊ ရေကူးခြင်းတို့၌ ကန့်သတ်ထားပါတယ်။
စက်ရုပ်အသစ်ဟာ သူတို့ကို တုပထားပြီး ငှက်တွေလို ပျံနိုင်သလို ထူးဆန်းပြီး သေးငယ်တဲ့ သတ္တု လူသားတစ်ယောက်လို လမ်းလျှောက်နိုင်ပါတယ်။
၎င်းသည် လူသားအများစု တတ်လေ့မရှိတဲ့ ကျွမ်းကျင်မှု နှစ်ခုဖြစ်တဲ့ စကိတ်စီးခြင်းနှင့် ကြိုးပေါ်မှာ ဟန်ချက်ထိန်းခြင်းတို့ကိုလည်း လုပ် ဆောင်နိုင်ပါတယ်။
ယခုအပတ် Science Robotics တွင် ထုတ်ဝေသော စာတမ်း၌ ဖော်ပြထားတဲ့ စက်ရုပ်ရဲ့အမည်မှာ LEgs ONboARD drOne ရဲ့ အတို ကောက်ဖြစ်တဲ့ Leonardo ရဲ့အတိုကောက် Leo ပဲဖြစ်ပါတယ်။
နာမည်က ခြေထောက်တွေနဲ့ ဒရုန်းလို့ ဆိုပေမယ့် သူ့ပုံစံက ခြေဆစ်ပေါင်းများစွာ၊ လက်တံနဲ့တူတဲ့ ပန်ကာ ဒလက်တွေ၊ မော်တာတွေ နှင့် လျှပ်စစ်ပစ္စည်းများ ပါဝင်တဲ့ ကိုယ်ထည်၊ လိပ်ခုံးပုံသဏ္ဍာန် အကာအကွယ် ဦးထုပ်တွေနဲ့ လူပုံစံရှိတဲ့ အရာပဲဖြစ်ပါတယ်။
Leo ကို Caltech မှ အဖွဲ့တစ်ဖွဲ့က တီထွင်ခဲ့ပြီး လမ်းလျှောက်ခြင်းနဲ့ ပျံသန်းခြင်းအကြား စက်ရုပ်က ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာကို အထူး စိတ်ဝင်စား ခဲ့ပါတယ်။
အဖွဲ့ဟာ ငှက်တွေပျံသန်းတဲ့အခါ တွန်းထုတ်ဖို့ သူတို့ရဲ့ခြေထောက်တွေကို အသုံးပြုတဲ့ နည်းလမ်းကို လေ့လာခဲ့ပြီး စက်ရုပ်အား အလားတူအခြေခံသဘောတရားတွေကို အသုံးပြုထားပါတယ်။
Leo ဟာ လှေခါးထစ်တစ်ခုအနီးသို့ ချဉ်းကပ်သွားပြီး ပျံသန်းပြီး အောက်ခြေအနီးကို ဆင်းသက်ဖို့ လှေကားမှ လျှောဆင်းသွားတာကို ပြတဲ့ ဗွီဒီယိုတွင် စက်ရုပ်ရဲ့လှုပ်ရှားမှုတွေက ချောမွေ့ကောင်းမွန်ပါတယ်။

ဆင်းသက်တာ သို့မဟုတ် ပျံသန်းတဲ့အခါ ဂျက်ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်က သူတို့ရဲ့ခြေထောက်တွေနဲ့ ခြေလှမ်းတွေကို ထိန်းချုပ်ပုံနဲ့ LEO က ဖြန့်ထားတဲ့ ပန်ကာအခြေခံတွန်းအားပေးကိရိယာတွေနဲ့ ခြေထောက်အဆစ်တွေရဲ့ ပေါင်းစပ်ထိန်းချုပ်မှုကို အသုံးပြုပုံတို့က ဆင်တူပါတယ်။
ကျွန်တော်တို့က ရွေ့အားနဲ့ ထိန်းချုပ်မှုရှုထောင့်ကနေ လမ်းလျှောက်တာနဲ့ပျံသန်းခြင်းရဲ့ အကြောင်းအရာအလုံးစုံကို လေ့လာချင်တယ်လို့ Caltech မှ စာတမ်းရေးဆရာတစ်ဦးဖြစ်တဲ့ ပါမောက္ခ Soon-Jo Chung ကပြောကြားခဲ့ပါတယ်။
Leo က တစ်စက္ကန့်လျှင် ၂၀ စင်တီမီတာ (၇.၈၇ လက်မ) နှုန်းဖြင့် လမ်းလျှောက်ပြီး လမ်းလျှောက်ခြင်းနဲ့အတူ ပျံသန်းခြင်းအချို့မှာ ရောစပ်လိုက်တဲ့အခါ ပိုမိုမြန်ဆန်စွာ ရွေ့လျားနိုင်ပါတယ်။
ကျွန်တော် တို့ရဲ့ ခြေလှမ်းတွေ ဘယ်လောက် ကျယ်ကျယ်၊ ကျွန်တော် တို့ရဲ့ ခြေထောက်တွေကို ဘယ်နေရာမှာပဲ ထားထား ပြီးတော့ ကျွန် တော်တို့ရဲ့ ရင်ပိုင်းတွေဟာ ခြေထောက်တွေနဲ့ ဘယ်နေရာမှာပဲ ဆက်စပ်နေပါစေ အားလုံးက ကျွန်တော်တို့လမ်းလျှောက်တဲ့အခါ ဟန်ချက်ညီအောင် ကူညီပေးပါတယ်။
စက်ရုပ်ဟာ ဟန်ချက်ထိန်းရန် သူ့ရဲ့ ပန်ကာလက်တံတွေကိုသုံးပြီး သူ့ရဲ့ ခြေထောက်ထိန်း ကိရိယာတွေက ရှေ့ကို ရွေ့စေပါတယ်။
စက်ရုပ်ကို ဟန်ချက်ညီတဲ့ တန်းပေါ်တွင် လမ်းလျှောက်ခြင်းထက် ပိုခက်ခဲတဲ့ ဖဲကြိုးပေါ်လမ်းလျှောက်ခြင်းကို သင်ပေးရန် အဖွဲ့က အာရုံခံကိရိယာတွေက မျဥ်းကို အာရုံမခံမိတာကြောင့် ၎င်းရဲ့ခြေထောက်တွေအောက်မှာ ဗဟိုပြုထားတဲ့ ပုံသေ ခြေထောက် အဆက်အသွယ်အတုတွေနဲ့ ဆက်သွယ်သော အာရုံခံကိရိယာများကို တပ်ဆင်ထားပါတယ်။
ပန်ကာလက်တံတွေဟာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး Leo ကို ဖြောင့်ဖြောင့်တန်းတန်းနဲ့ ဟန်ချက်ညီစေရန် ကူညီပေးပါတယ်။
စက်ရုပ်ကို စကိတ်စီးဖို့အတွက် အဖွဲ့ဟာ လုပ်ငန်းစဥ် ဦးတည်ရာထောင့်ကို ထိန်းချုပ်ခြင်းနဲ့ စကိတ်ဘုတ်ကို အရှိန်မြှင့်ခြင်းနဲ့ လျှော့ခြင်းကို ထိန်းချုပ်ခြင်းစတဲ့ ကွဲပြားသောအစိတ်အပိုင်းနှစ်ခုအဖြစ် ခွဲလိုက်ပါတယ်။
Leo ရဲ့ ခြေထောက်တွေကို ဘုတ်ပေါ်တွင် သေသေချာချာနေရာချထားခြင်းဟာ ဦးတည်ပေးတဲ့ အတိုင်း သွားဖို့ တိမ်းစောင်းစေပြီး ခန္ဓာ ကိုယ်ရှေ့တည့်တည့်ကို တပြိုင်နက် ချိန်ညှိနေစဉ် စက်ရုပ်ရဲ့ ဗဟိုချက်ကို နောက်သို့ ရွှေ့ခြင်းဖြင့် ရှေ့ကို အရှိန်မြှင့်တင်ပါတယ်။

ဒါဆို ကြက်သီးမွေးညင်းထရလောက်အောင် မိုက်တဲ့အပြင် Leo လို စက်ရုပ်တစ်ရုပ်တီထွင်ရတဲ့ ရည်မှန်းချက်က ဘာလဲ။
စာတမ်း ရေးသားခဲ့သူတွေဟာ မြေပြင် သို့မဟုတ် ဝေဟင်မှ စက်ရုပ်တွေက မလုပ်ဆောင်နိုင်တဲ့ စက်ရုပ်မစ်ရှင်များစွာကို Leo ကဲ့သို့ စက်ရုပ်တွေက လုပ်ဆောင်နေတာကို သိရှိခဲ့ပါတယ်။
Leo အတွက် အသင့်တော်ဆုံးသော အသုံးချမှုတွေဟာ အများအားဖြင့် လူသားများအတွက် အန္တရာယ်များတဲ့ အထပ်မြင့်အဆောက်အဦးများနှင့် ရုပ်ပိုင်းဆိုင်ရာ အပြန်အလှန်ဆက်သွယ်မှုများဖြစ်ပြီးတော့ စက်ရုပ်အလုပ်သမားတွေနေရာမှာအစားထိုးဖို့တောင်းဆိုတာ ဖြစ်နိုင်တယ်လို့ စာတမ်းရေးသူက ပြောပါတယ်။
ဥပမာများအနေဖြင့် ဗို့အားမြင့်လိုင်းများစစ်ဆေးခြင်း၊ တံတားမြင့်များ ဒါမှမဟုတ် အခြားအထပ်မြင့်မျက်နှာပြင်များ ဆေးသုတ်ခြင်း၊ အ ဆောက်အဦး အမိုးများ သို့မဟုတ် ရေနံချက် စက်ရုံများကို စစ်ဆေးခြင်း၊ ဒါမှမဟုတ် ပြင်ပ ဂြိုဟ်တုရှိ အရာဝတ္ထုတစ်ခုတွင် ထိခိုက်လွယ်သောပစ္စည်းများ တပ်ဆင်ခြင်းတို့ ပါဝင်ပါတယ်။
နောက်တဆင့်အနေနဲ့ Leo အတွက် ပိုမိုတောင့်တင်းသော ခြေထောက် ဒီဇိုင်းမှ တဆင့် စက်ရုပ်ရဲ့အလေးချိန်ကို ပံ့ပိုးရန်နဲ့ ၎င်း၏ ပန်ကာလက်တံတွေရဲ့ တွန်းအားကို တိုးစေဖို့ ကူညီပေးမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။
အဖွဲ့က Leo ကို ပိုမိုအလိုအလျောက်ထိန်းချုပ်စေလိုပြီး ဒရုန်းဆင်းသက်မှုထိန်းချုပ်ရေးစနစ်ကို ထည့်သွင်းရန် စီစဉ်ထားပြီး နောက်ဆုံးတွင် စက်ရုပ်ဟာ လမ်းလျှောက်၊ ပျံသန်းဖို့ နေရာနဲ့ အချိန်ကို ဆုံးဖြတ်နိုင်စေရန် ရည်ရွယ်ပါတယ်။
Leo ဟာ Boston Dynamics ရဲ့ ခုန်ပေါက်နိုင်သည့် စက်ရုပ်များ သို့မဟုတ် တနေရာမှ တနေရာကို ခုန်ပျံ ကျော်လွှားခြင်းများကို ပြုလုပ်နိုင်တဲ့ Atlas ရဲ့ အံ့သြစရာကောင်းလှတဲ့ အရည်အသွေးကို မရရှိသေးသော်လည်း သူဟာ လမ်းကြောင်းတခုပေါ်သို့ ရောက်ရှိနေတာတော့ အ သေ အချာပါပဲ။
ရေးသားသူ – Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။