NASA ဟာ လပေါ်ရှိ ရေခဲများကို စူးစမ်းလေ့လာဖို့ရာအတွက် စီစဉ်ထားသည့် သတ်မှတ်နေရာကို တရားဝင် ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။
ဒီ စူးစမ်းမှု ရလဒ်မှနေပြီး ကျွန်တော်တို့ ကမ္ဘာ့ ဂြိုဟ်နှင့် အနီးဆုံး အိမ်နီးချင်း ဖြစ်သည့် လ ပေါ်တွင် လူသားများ ရေရှည် တည်ရှိနိုင်ဖို့ ပံ့ပိုးပေးနိုင်ခြင်း ရှိမရှိ သိရှိနိုင်ပြီး အရေးပါသည့် အပြောင်းအလဲ ဖြစ်စဉ်ကို ဖြစ်ပေါ်စေမှာပါ။
လမျက်နှာပြင်အောက်တွင် အောက်ဆီဂျင် အလိုအလောက် ရှိသည့် အကြောင်းကို မကြာသေးမီကပဲ “လမျက်နှာပြင်အောက်တွင် လူသန်းပေါင်း များစွာ အသက်ရှုနိုင်ဖို့ အောက်စီဂျင် အလုံအလောက် ရှိတဲ့အကြောင်း” နှင့် Knowledgeworms မှ ဖော်ပြခဲ့ပါသေးတယ်။
ယခု အစီအစဉ်အရ လဆင်း စက်ရုပ်ဟာ လ၏ တောင်ဝင်ရိုးစွန်းတွင်ရှိသည့် Shackleton ချိုင့်ကြီး အနီးမှာ ဆင်းသက်မှာ ဖြစ်ပြီး ၎င်း၏ မျက်နှာပြင်အောက်တွင် ရေခဲများ သိသိသာသာ သိမ်းဆည်း ထားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
အဆိုပါ စမ်းသပ်မှုအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ စက်ရုပ်ကို စေလွှတ်မှာဖြစ်ပြီး အဆိုပါ စက်ရုပ်ဟာ လ၏ မျက်နှာပြင်ကို ၁၀ ရက်တာ ကြာအောင် တူးဆွမှာ ဖြစ်ပါတယ်။

လဆင်း စက်ရုပ်ယာဉ်ဟာ the Polar Resources Ice-Mining Experiment-1 (PRIME-1) လို့ခေါ်တဲ့ ဝင်ရိုးစွန်း ရင်းမြစ်မှ ရေခဲတူးဖော်ခြင်း သုတေသန အပါအဝင် မတူညီတဲ့ နည်းပညာ ၃ ခုကို သရုပ်ပြမှာ ဖြစ်ပြီး ရေခဲ ရှာဖွေဖို့ လမျက်နှာပြင်ကို ထိုးဖောက်မှာ ဖြစ်ပါတယ်။
ဒီ စက်ရုပ်ငယ်ကို Micro-Nova လို့ ခေါ်ပြီး Intuitive Machines ကုမ္ပဏီမှ ဖန်တီးထားတာ ဖြစ်ကာ PRIME-1 တူးဆွ ကိရိယာကို ရွေ့လျားစေမှာ ဖြစ်ပါတယ်။
“PRIME-1 ကို Intuitive Machines က ထုတ်လုပ်ထားတဲ့ Nova-C လဆင်းယာဉ်မှာ အပြီး ချိတ်ဆက်ထားမှာဖြစ်ပြီး ၃ ပေအတွင်း ရေခဲတွေကို ရှာဖွေတွေ့ရှိဖို့အတွက်ရာ ဆင်းသက်ရာ နေရာရှာဖွေဖို့ရာ စိန်ခေါ်မှုတွေရှိနေပါတယ်” လို့ PRIME-1 ၏ စီမံကိန်း မန်နေဂျာ Jackie Quinn က ကြေငြာချက်တွင် ဖော်ပြခဲ့ပါတယ်။

“စွမ်းအင်အတွက် နေရောင်ခြည် များများ ရနေပေမယ့် PRIME-1 တူးဆွ ကိရိယာဆီကို ရေခဲပုံစံဖြင့် ရောက်နိုင်ဖို့ရာ မျက်နှာပြင်ဟာ ပူနွေးလွန်း နေပါတယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
“ဒါပေမယ့် ကမ္ဘာ့နှင့် ဆက်သွယ်ရေး ကောင်းကောင်း ရရှိပြီး စိတ်ချရတဲ့ နေရာ ဖြစ်ဖို့ ဆိုတဲ့ မစ်ရှင်ရဲ့ လိုအပ်ချက် အရ ကျွန်မတို့ဟာ နေရောင်ခြည် လုံလောက်တဲ့ နေရာကို ရှာဖွေဖို့ရာလည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။
Micro-Nova ဟာ သင့်တော်တဲ့ နေရာကို ရှာတွေ့ပြီးတာနဲ့ (အနီးရှိ ချိုင့်ဝှမ်းကြီးအထဲတွင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်) PRIME-1 ဟာ အနက် ၃ ပေအထိ တူးဆွပြီး လ၏ မြေကြီမှ ရေ အနေအထားကို ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။
စက်ရုပ်တွင် တပ်ဆင်ထားသည့် ဒြပ်ထု ရောင်စဉ်တိုင်းတာရေး ကိရိယာမှ နေပြီး နမူနာ မြေပုံစံမှ မငြိမ်မသက် ဖြစ်နေသည့် မည်သည့် ဓာတ်ငွေ့ကိုမဆို လွတ်သွားခြင်း ရှိမရှိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။
Micro-Nova ဟာ ၂ ပေါင် အလေးချိန်ရှိတဲ့ ဝန်ကို ၁ မိုင်ခွဲလောက်အထိ သယ်ဆောင် နိုင်စွမ်းရှိတဲ့အတွက် PRIME-1 အတွက် ကောင်းမွန်သည့် နေရာသို့ ရောက်ရှိဖို့ မျှော်လင့်ရပါတယ်။

သုတေသနတွင် အမေရိကန် Nokia မှ လပေါ် 4G/LTE ဆက်သွယ်ရေး ကွန်ယက် ထူထောင်ရန် ရည်ရွယ်သည့် စမ်းသပ်မှု တခုဖြစ်လာမှာပြီး ဒါဟာ လ ကို ယခင်ထက် ကျွန်တော်တို့နှင့် ပိုမို နီးကပ် လာစေနိုင်တဲ့ နောက်ထပ် အမိုက်စား သရုပ်ပြမှု တခု ဖြစ်လာမှာပါ။
အားလုံး အဆင်ပြေပါက ကျွန်တော်တို့ဟာ အာကာသ ယာဉ်မှူများ ထံမှ HD ဗီဒီယိုများကို ကမ္ဘာမြေသို့ လှမ်းပို့ နိုင်မှာ ဖြစ်တယ်လို့ NASA က ဆိုပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။