သက်ရှိတစ်သျှူးနဲ့ ပြုလုပ်ထားတဲ့ စက်ရုပ်တွေ အနာဂါတ်တွင် ရှိလာနိုင်

Innovation Tech

Terminator ဇာတ်ကား သို့မဟုတ် swarm-bot များရဲ့ အင်တာနက် ဗီဒီယိုများကို သင်မြင်ဖူး ကြည့်ဖူးမှာပါ။

ဒါပေမယ့် လူသားတွေလို ကြည့်ရှု၊ တွေးတာ၊ ပြုမူတတ်တဲ့ စက်ရုပ်တွေကို တကယ် ဖန်တီးနိုင်ပါ့မလား။

ဇီဝ သက်ရှိများနဲ့မတူဘဲ တပ်မက်ဖွယ်ကောင်းတဲ့ အရေပြားနှင့် စွမ်းအင် သုံးစွဲမှု သက်သာမယ့် စက်ရုပ်တွေရှိလာဖို့ ဆိုတာ စက်မှု လောကအတွက် သမိုင်းသစ်တခု ဖြစ်နေပြီး စွမ်းအင်အားဖြင့် ကန့်သတ်ခံထားရပါတယ်။

ဒါပေမယ့် Case Western Reserve မှ အဖွဲ့တစ်ဖွဲ့ဟာ ဇီဝသက်ရှိ အရေပြားနဲ့ စက်ရုပ်တွေကို ချိတ်ဆက်နိုင်ရန် ကြိုးစားနေပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တီထွင်သူတွေက 3D ပုံနှိပ်ထားတဲ့ ပျော့ပျောင်းတဲ့ ပလတ်စတစ် အစိတ်အပိုင်းတွေနဲ့ ကယ်လီဖိုးနီယား ပင်လယ်မျှော့မှ ထုတ်ယူထားတဲ့ ပါးစပ်ကြွက်သားတစ်ခုမှ စက်ရုပ်တစ်ရုပ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

တီထွင်သူများက စက်ရုပ်အား ပြင်ပ လျှပ်စစ်ကွင်းနှင့် ထိတွေ့စေတဲ့ အခါမှာ ကြွက်သားတွေဟာ ကျုံ့သွားပါတယ်။

Slug-bot ကို သိပ္ပံပညာရှင်များက ပေါင်းစပ် မျိုးရိုးဇီဝစက်ရုပ်တွေက ရေထဲသို့ ဝင်ရောက်လာပြီး လေယာဉ်ရဲ့ရှာဖွေရခက်တဲ့ black box မှ ရေနံပိုက်လိုင်းယိုစိမ့်မှုရဲ့ အရင်းအမြစ်သို့ အရာအားလုံးရှာဖွေနိုင်တဲ့ အနာဂတ်ကို မျှော်မှန်းထားပါတယ်။

တစ်ချိန်တည်းမှာပင် သက်ရှိ စက်ရုပ်တွေက သူတို့ရဲ့ သက်ရှိတစ်သျှူးတွေကို ဖြည့်သွင်းရန် (သက်ရှိများကဲ့သို့) ပတ်ဝန်းကျင်ရှိ ရေမှ အာဟာ ရဓာတ်များကို ဆွဲယူလိမ့်မှာ ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ်မှ သုတေသီများက သက်ရှိ တစ်သျှူးများကို အလွန်တိကျတဲ့ ဟာ့ဒ်ဝဲများနဲ့တွဲစပ်ဖို့ရာ ကွဲပြားတဲ့ နည်းဗျူဟာ တစ်ခုကို ရှာဖွေခဲ့ပါတယ်။

၎င်းတို့ဟာ ဂျယ်လီငါး (jellyfish) နဲ့ ငါးလိပ်ကျောက် (stingrays) တို့ကို သုံးပြီး စက်ရုပ်ကို လှုပ်ရှားစေတဲ့ ဟာ့ဒ်ဝဲ (actuators) များပါဝင်သော ဇီဝသတ္တဝါ အတုများကို ဖန်တီးခဲ့ကြပါတယ်။

ဤကိစ္စတွင် actuators များကို ကြွက်နှလုံးရဲ့ သက်ရှိတစ်သျှူးများမှ ပြုလုပ်ထားပါတယ်။

သဘာဝအတိုင်း ရွေ့လျားနေတဲ့ သက်ရှိကို စက်ရုပ် တရုပ်ပုံစံ ထိန်းချုပ်ရာမှာ နှလုံးဟာ အရည်များ ရွေ့လျားဖို့အတွက် အလွန်ကောင်းမွန်ပြီး လှုံ့ဆော်မှုများ တုံ့ပြန်နိုင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ကတော့ ၎င်းသည် တစ်သျှူးလွှာ အစစ်များဖြင့် ဆီလီကွန် စက်ရုပ် ခန္ဓာကိုယ်တွေ ဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။

တကယ့်အရာတွေလို ရေကူးနိုင်တဲ့ ဇီဝစက်ရုပ် (bio-bot) တပ် တစ်ခုကို ဖန်တီးရန် ကြွက်နှလုံးကြွက်သားမှ တစ်သျှူးများဖြင့် ပြုလုပ်ထားပါတယ်။

ဟားဗတ်တက္ကသိုလ်မှ သုတေသီတွေက အတားအဆီး လမ်းကြောင်းတွေကိုဖြတ်၍ လျင်မြန်စွာရွေ့လျားနိုင်သော ငါးလိပ်ကျောက် များကို ဖန်တီးထားပြီးဖြစ်ပါတယ်။

ငါးလိပ်ကျောက် တွေက အလင်းကို တုန့်ပြန်နိုင်တဲ့ ကြွက်နှလုံး ကြွက်သားတွေကို မျိုးရိုးဗီဇအရ ပြုပြင်ထားပြီး ဓာတ်ခွဲခန်းမှာ တပ်ဆင်ထားပါတယ်။

၎င်းသည် အမှောင်ဖြစ်ဖြစ် အလင်းဖြစ်ဖြစ် ထိန်းချုပ်ခြင်းအားဖြင့် သုတေသီတွေက ငါးလိပ်ကျောက် တွေ လှုပ်ရှားရာ နေရာကို ထိန်းချုပ်ပါတယ်။

ဒါပေမယ့် ဒါတွေက သူတို့ရဲ့ ရည်ရွယ်ချက်ကို ဓာတ်ခွဲခန်းထဲမှာပဲ ပြီးသွားစေမှာတော့ မဟုတ်ပါဘူး။

ဒီလို သက်ရှိသတ္တဝါ နည်းပညာတွေက ပိုမို ကောင်းမွန်တဲ့ နှလုံးအတုများရဲ့ အခြေခံ ဖြစ်လိမ့်မှာ ဖြစ်ပါတယ်။

အနာဂတ်တွင် သိပ္ပံပညာရှင်တွေက လူနာရဲ့ လိုအပ်ချက်များအရ အရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန်ကို အမှန်တကယ်ပြောင်းလဲပေးမယ့် လူနာရဲ့ ကိုယ်ပိုင် ဆဲလ်များကို ဇီဝမျိုးစပ် နှလုံးများ ဖန်တီးရန် တီထွင်လာနိုင်ပါတယ်။

ဒီသက်ရှိ စက်ရုပ်တွေက ပိုပြီးတော့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်ပါဘူး။

သက်ရှိ တစ်သျှူးတွေပါရှိတဲ့ စက်ရုပ်တွေက အဆိပ်အတောက် မဖြစ်စေသော​ကြောင့် ရေနံပိုက်လိုင်း ယိုစိမ့်မှုလို ကိစ္စများကို ကြောက်ရွံ့ခြင်းမရှိဘဲ ရှာဖွေနေရင်း သမုဒ္ဒရာတွင် သွားလာနိုင်ကြပါတယ်။

စက်ရုပ်တွေကို စွန့်ပစ်လိုက်တဲ့အခါမှာလည်း သူတို့ရဲ့အစိတ်အပိုင်းတွေဟာ recycle လုပ်ရန် လိုအပ်ခြင်း သို့မဟုတ် နှစ်ပေါင်းထောင်ချီ မပျက်စီးဘဲ ရှိနေနိုင်ခြင်းမျိုး မရှိဘဲ အလိုလို ဆွေးမြေ့သွားမှာ ဖြစ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။ 

Content Protection by DMCA.com

Leave a Reply

Your email address will not be published.