စွန့်ပစ် ပလတ်စတစ် စွမ်းအင်သုံး ဒုံးပျံများ စတင်ခြင်း

Science Tech

ပလတ်စတစ်မှ စွမ်းအင်အသုံးပြုမည့် အာကာသ သယ်ယူပို့ဆောင်ရေးတွေ စတင်လာပါပြီ။

Pulsar Fusion ဟုခေါ်တဲ့ ယူကေက ကုမ္ပဏီတစ်ခုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဟိုက်ဘရစ် ဒုံးပျံအင်ဂျင်ကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး စွန့်ပစ်ပလတ်စတစ် စွမ်းအင် တစ်စိတ်တစ်ပိုင်းဖြင့် လည်ပတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဒုံးပျံဟာဆိုရင် high density polyethylene (HDPE) နှင့် nitrous oxide oxidizer တို့ဖြင့် ပြုလုပ်ထားတဲ့ ဟိုက်ဘရစ်လောင်စာကို အသုံးပြုထားကြောင်း New Atlas အဆိုအရ သိရပါတယ်။

HDPE ကို ဆပ်ပြာနှင့် အဖျော်ယမကာပုလင်းများ အပါအဝင် ပလတ်စတစ် ထုတ်ကုန်ပစ္စည်း အများအပြားတွင် အသုံးပြုပါတယ်။ ဒါဟာ စွမ်းအင်သုံး ဒုံးပျံများကို စွမ်းအားမြှင့်တင်ဖို့ ဆန်းကြယ်တဲ့ နည်းလမ်းတစ်ခု ဖြစ်​လာပါတယ်။

Pulsar ရဲ့အမှုဆောင်အရာရှိချုပ် Richard Dinan ကတော့ “ယူကေရဲ့စမ်းသပ်ပစ်ခတ်မှုများအတွက် ဝမ်းမြောက်မိ​ကြောင်း၊ ဗြိတိန်မြေပြင်မှာ ဗြိတိန်ဒုံးပျံစမ်းသပ်မှု လုပ်ရတာ ဆန်းသစ်တယ် ” ဟု ဆိုပါတယ်။

Pulsar ဟာ ပလက်စတစ်စွမ်းအင်သုံး နည်းပညာများကို တည်ဆောက်ပြီး စမ်းသပ်တဲ့ ကမ္ဘာတစ်ဝှမ်းရှိ ကုမ္ပဏီအနည်းငယ်ထဲမှာ ပါဝင်ပါတယ်။ ဒီအရာတွေနဲ့ ပတ်သတ်ပြီး မှတ်ကျောက်တင်ဖို့ အတွေ့အကြုံများစွာရှိတဲ့ အံ့ဖွယ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်ဟုလည်း Richard Dinan ကပြောပါတယ်။

Pulsar ဟာ ပြီးခဲ့သည့်အပတ် နိုဝင်ဘာ၂၅ တုန်းက Salisbury ရှိ ယူကေကာကွယ်ရေးဝန်ကြီးဌာန စစ်အခြေစိုက်စခန်းမှာ အာကာသစက်မှုလုပ်ငန်းဖောက်သည်များအတွက် ဟိုက်ဘရစ်အင်ဂျင်ရဲ့ ပထမဆုံးစမ်းသပ်လွှတ်တင်မှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံတကာသရုပ်ပြမှုတစ်ခု ပြုလုပ်ခဲ့တယ်ဟု သိရပါတယ်။

Photo: Pulsar Fusion

ဒုံးပျံများကို ပစ်လွှတ်ဖို့ စွန့်ပစ်ပလတ်စတစ်ကို အသုံးပြုခြင်းဟာ ခိုင်မာကောင်းမွန်တဲ့ တွဲဖက်မှုတစ်ခုဖြစ်ပါတယ်။ အကြောင်းကတော့ ပလတ်စတစ်က ကောင်းစွာ ပြန်လည်အသုံးပြုရန် အလွန်ခက်ခဲပြီး နေရာအနှံ့ ညစ်ညမ်းမှု အရင်းအမြစ်တစ်ခု ဖြစ်လာတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

The Guardian မှ နောက်ဆုံးတင်ပြသည့် အစီရင်ခံစာမှာ မမွေးသေးတဲ့ သန္ဓေသားတွေမှာတောင် ပထမဆုံး မိုက်ခရိုပလတ်စတစ်များကို မနှစ် ကတည်းက တွေ့ရှိခဲ့တယ် ဟု ဆိုထားပါတယ်။

ဒုံးပျံ လောင်စာထုတ်လုပ်မှုဟာ ကမ္ဘာ့ပိုလျှံနေတဲ့ ပလတ်စတစ်အားလုံးကို ဖျက်ဆီးနိုင်မှာမဟုတ်ကြောင်း ကျွန်ုပ်တို့ သေချာပေါက် သိသော်လည်း ဘာမှမလုပ်ဘဲ နေတာထက် စာရင် တော်သေးတယ်ဟု ဆိုရမှာပါ။

Pulsar က ၎င်းရဲ့ အဓိက ရည်မှန်းချက် များထဲမှ တစ်ခုက သိပ္ပံပညာရှင်တွေကို ဆယ်စုနှစ်များစွာ အနှောက်အယှက် ဖြစ်စေခဲ့တဲ့ နျူက လီးယား ပေါင်းစပ်တွန်းကန်အား ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်တယ် ဟု ဆိုပါတယ်။

ယခင်ပေါင်းစပ်လောင်စာတွေဟာ အင်္ဂါဂြိုလ်သို့သွားမည့် အချိန်ကို ထက်ဝက်ခန့် လျှော့ချနိုင်ပြီး အာကာသထဲကိုသွားမည့် ဒုံးပျံများအတွက် လောင်စာအမြောက်အမြား ယူဆောင်ရမည့် လိုအပ်ချက်ကို လျှော့ချနိုင်သော်လည်း Pulsar က ယခုအခါ ပလတ်စတစ်စွမ်းအင်သုံး ဒုံးပျံများကို အဘယ်ကြောင့် စမ်းသပ်နေသလဲဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။

Photo: Pulsar Fusion

ဒါဟာ အများသူငှာ သတင်းနှင့် ထောက်ခံမှုရရှိဖို့ မျှော်လင့်ချက်ဖြင့် ကြားဖြတ်အနေနဲ့ အဆိုပါ ဒုံးပျံကို စမ်းသပ်တာ ဖြစ်နိုင်တယ် ဟု ဆိုကြပါတယ်။

Pulsar က ၎င်းတို့ရဲ့ ပလတ်စတစ် စွမ်းအင်သုံး ဒုံးပျံ စမ်းသပ်ခြင်းကို ၂၀၂၅ မှာ လုပ်ဆောင်မှာဖြစ်တယ် ဟု ဆိုပြီး ၂၀၂၇ မှာ ကမ္ဘာ့ပတ် လမ်း အတွင်းကို စမ်းသပ်လွှတ်တင်လိုတယ်ဟု ဆိုပါတယ်။

၂၀၁၄ တုန်းက စမ်းသပ်ပျံသန်းမှု မအောင်မြင်တဲ့အတွက်ကြောင့် Virgin Galactic ကုမ္ပဏီဟာ ပလတ်စတစ်ဖြင့် မောင်းနှင်တဲ့ ဒုံးပျံ ပျံသန်းမှုအစီအစဥ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒါဟာ အဆိုပါ Virgin Galactic ကုမ္ပဏီမှ မစွမ်းဆောင်နိုင်တဲ့ အရာများကို ဖယ်ရှားလိုက်ခြင်း ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *