လ နှင့် အင်္ဂါဂြိုဟ်တွင် နျူကလီးယား ဓာတ်ပေါင်းဖိုဖြင့် သတ္တုတူးဖော်မည့် Rolls-Royce ကုမ္ပဏီ အကြောင်း

News Tech

Rolls-Royce ဟာ လ နှင့် အင်္ဂါဂြိုဟ်တို့တွင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို စွမ်းအားမြှင့်တင်နိုင်ရန်အတွက် နျူကလီးယား ဓာတ်ပေါင်း ဖို တစ်ခု တည်ဆောက်နေကြောင်း စက်တင်ဘာလ ၁၉ ရက် တနင်္ဂနွေနေ့က The Mail တွင်ဖော်ပြခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း ဗြိတိန်အာကာသအေဂျင်စီ နှင့်အတူ အာကာသဒုံးပျံများအတွက် နျူကလီးယားစွမ်းအင် ရွေးချယ်မှုများအတွက် ပူးတွဲ လေ့လာမှုတစ်ခုကို အခိုင်အမာ ထုတ်ပြန်ခဲ့ပါသေးတယ်။

အာကာသထဲမှာ အရှိန်အဟုန် ကြီးမားစွာနှင့် ဒုံးပျံများကိုလွှင့်တင်ဖို့ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုကို ဘယ်လို အသုံးပြုနိုင်မလဲ ဆိုတာနဲ့

ထိုနည်းပညာကို အသုံးပြုပြီး အင်္ဂါဂြိုဟ်နှင့် လပေါ်တွင် သတ္တုများ တူးဖော်ခြင်း ၊ လုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် သိုလှောင်ခြင်းတို့ အ တွက် စွမ်းအင် ဘယ်လို ထောက်ပံ့ပေးနိုင်မလဲ ဆိုတာကို ကုမ္ပဏီက နည်းလမ်းရှာဖွေ လုပ်ဆောင်နေပါတယ်။

ကုမ္ပဏီရဲ့ကာကွယ်ရေးပစ္စည်းဆိုင်ရာ ဌာန အကြီးအကဲ Dave Gordon က ဒီအလုပ်ဟာ Jeff Bezos နဲ့ Elon Musk တို့နှင့် သူတို့၏ အာကာသ ကုမ္ပဏီတွေရဲ့ကျေးဇူးကြောင့် ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။

Dave Gordon က Rolls-Royce ဟာ ကမ္ဘာပေါ်တွင် စက်၊ လျှပ်စစ်၊ နျူကလီးယား နှင့်နျူကလီးယားစွမ်းရည် အစမှ အဆုံး သို့ လည်ပတ်နိုင်သည့် တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်တယ်ဟု ဆိုပါတယ်။

Dave Gordon က တော်ဝင်ရေတပ်အတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တီထွင်ရာမှာ နှစ်ပေါင်း၆၀ကြာ အသုံးချနိုင်ရန်အတွက် သူ့ရဲ့အတွေ့အကြုံကိုသုံးပြီး ရေငုပ်သင်္ဘောတွေ နဲ့ အာကာသယာဉ်တွေဟာ အတော်အတန် ဆင်တူ​ကြတဲ့အတွက် အာကာသ ယာဉ် မှာ သင်ယူခဲ့တဲ့အရာကို အသုံးချနိုင်ခဲ့ပါတယ် ဟုဆိုပါတယ်။

ရေငုပ်သင်္ဘော နဲ့ အာကာသယာဉ် နှစ်မျိုးလုံးဟာ ” လေမရှူရတဲ့ ပတ်ဝန်းကျင်တွေ ၊ အလွန်သိပ်သည်းသော စွမ်းအင်အရင်းအမြစ်တွေ ၊ရေရှည် ခံနိုင်ရည်ရှိမှုတွေ နဲ့ စိတ်ချမှုတွေရှိအောင် ” တည်ဆောက်ထားကြပါတယ်။

Dave Gordon က နောက်ဆုံးတွင် ကမ္ဘာပေါ်၌ မြေရှားသတ္တုများ ရှားပါးနေကြောင်း နှင့် အခြားဂြိုလ်များ နှင့် လများတွင် တွေ့နိုင်သော မြေရှားသတ္တုများက အစားထိုးနိုင်မည် ဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါတယ်။

ဒါကြောင့် သူဟာ အင်္ဂါဂြိုဟ်နှင့် လ ပေါ်တွင် သတ္တုတူးဖော်နိုင်ရန် သူ့တစ်သက်မှာ ဖြစ်အောင်လုပ်နိုင်လိမ့်မယ် လို့မျှော်လင့်ယုံကြည်နေပါတယ်။

Dave Gordon ကဒီလုပ်ဆောင်ချက်အသစ်များဟာ နေရောင်ခြည်ဟာ ထိုအကွာအဝေးတွင် ရွေးချယ်စရာမဟုတ်သောကြောင့် နျူကလီးယားစွမ်းအင်ကို သုံးရလိမ့်မည် ဟု ဆိုပါတယ်။

ဒီရည်မှန်းချက် ကြီးကြီးမားမား ထားရှိတာဟာ Rolls-Royce ကုမ္ပဏီ တစ်ခုထဲ မဟုတ်ပါဘူး။

Lunar Outpost ၊ Honeybee Robotics နှင့် Masten Space Systems တို့အပါအ၀င် ကုမ္ပဏီ​ကြီး သုံးခုမှလည်း သတ္တုတူးဖော်ရာတွင် လအတွင်းပိုင်းမှာရှိတဲ့ ရေခဲပြင်တွေကို အရည်ပျော်အောင် လုပ်နိုင်တဲ့ ဒုန်းပျံများကို တီထွင်နေကြပါတယ်။

၂၀၂၃ မှာ သူတို့ရဲ့ပန်းတိုင်ကို ရောက်ဖို့ မျှော်လင့်​နေကြပါတယ်။

ထို့အပြင် Arizona တက္ကသိုလ် မှသုတေသီအဖွဲ့တစ်ဖွဲ့ဟာ NASA မှ ဒေါ်လာ ၅၀၀၀၀၀ ထောက်ပံံ့ငွေဖြင့် အာကာသတွင်း သတ္တုတူးဖော် နည်း များကို တီထွင်ခဲ့ကြပါတယ်။

သူတို့တီထွင်နေတာက လပေါ်မှာ လပေါ်ရှိ မြေရှားသတ္တုများကို ရှာဖွေ တူးဖော်နိုင်မည့် အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ စက်ရုပ်တွေဖြစ်ပါတယ်။

ဂြိုလ်သိမ်တူးဖော်ရေးလုပ်ငန်းများဟာ သူတို့ရဲ့ ကံကြမ္မာကို ဖန်တီးပေးပြီး ကမ္ဘာ့ပထမဆုံး ထရီလီယံနာသူဌေးများ ဖြစ်လိမ့်မည် ဟုလည်း ဆိုထားကြပါတယ်။

နာမည်ကျော်အနာဂတ်ပညာရှင် Peter Diamandis ၊ နက္ခတ္တဗေဒပညာရှင် Neil deGrasse Tyson နှင့် ငွေကြေးကုမ္ပဏီ Goldmann Sachs တို့က ဤအချက်ကို ခန့်မှန်းထားကြပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.