သက်ရှိများကို ထောက်ပံ့ ပေးနိုင်ဖွယ် ရှိသည့် Super-Earth တလုံး

Article Science

လူသားတွေဟာ ကမ္ဘာကြီးပေါ်မှာ နေထိုင်ပေမယ့် လာမယ့် အနာဂါတ်အတွက် သက်ရှိတွေအတွက် သင့်တော်မည့် ဂြိုဟ် တွေမှာ ဆက်လက် ရှင်သန်နိုင်ဖို့ အဆက်မပြတ် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ထက် ထုထည် လေးဆ ကြီးမားသော Super-Earth တလုံးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

အဆိုပါ Super-Earth ဟာ တစ်နှစ်ပြည့်ဖို့ အတွက် ၁၀.၈ ရက်သာ အချိန်ယူ ရတယ်ဟု ဆိုပါတယ်။

အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ အဆိုအရ Ross 508 b ဟုခေါ်သော exoplanet ကို အနီအောက် ရောင်ခြည်စောင့်ကြည့်ရေး နည်းပညာအသစ်ဖြင့် ရှာဖွေတွေ့ရှိခဲ့တာပါ။

၎င်းဟာ ကျွန်ုပ်တို့နှင့် အလင်းနှစ် ၃၇ အကွာမှာ တည်ရှိနေလို့ အရမ်းကြီး မဝေးကွာပေမယ့် လက်ရှိ နည်းပညာ နဲ့တော့ ထို နေရာကို ရောက်ရှိဖို့ ခက်ခဲပါတယ်။

Ross 508b Image: Courtesy of NASA

Super-Earth ဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမှ နေကို လှည့်ပတ်သကဲ့သို့ Ross 508 ဟုခေါ်သော ကြယ်နီပု တလုံးကို လှည့်ပတ်နေပါတယ်။

Red dwarf လို့ခေါ်တဲ့ ဂြိုဟ်နီပုများဟာ ကျွန်တော်တို့ နေ့အဖွဲ့အစည်း တဝိုက်တွင် အများအပြားရှိပါတယ်။

၎င်းတို့ဟာ တွေ့ရှိသမျှ ကြယ်များ၏ ၄ ပုံ ၃ ပုံလောက် ပမာဏ အထိ ရှိနေတတ်တာကြောင့် သက်ရှိများ ရှင်သန်နိုင်ဖွယ် ရှိတဲ့ exoplanet များကို လေ့လာဖို့ အကောင်းဆုံး ကြယ်များ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ၊ ကျွန်ုပ်တို့ ကမ္ဘာဂြိုလ်ကဲ့သို့ ထိုဂြိုဟ် အနီးအနားမှာ သက်ရှိများ ရှိမရှိကို သုတေသီများ သိရှိနိုင်စေဖို့ ကူညီပေးနိုင်သည့် လေထုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြပါတယ်။

ဂျပန်နိုင်ငံရှိ နက္ခတ္တဗေဒ ပညာရှင်များဟာ ၂၀၂၂ ခုနှစ် မေလ အစောပိုင်း ကတည်းက ထို Super-Earth ကို ပထမဆုံး တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

M4.5-dwarf Ross 508 Image: Courtesy of NASA

၎င်းတို့ရဲ့ တွေ့ရှိချက်တွေကို “M4.5-dwarf Ross 508 ဟုခေါ်တဲ့ ကြယ်နီပု ပတ်၀န်းကျင်ရှိ နေထိုင်နိုင်သောဇုန်ရဲ့ အနီးတွင် လည်ပတ်နေသော Super-Earth” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့တာ​ကြောင့် ဒါဟာ လေ့လာမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

သုတေသနပြုချက်အရ exoplanet ဟာ ဂြိုလ်ရဲ့မျက်နှာပြင်ပေါ်တွင် ရေများတည်ရှိစေနိုင်သည့် သင့်လျော်သော အပူချိန်ပေးစွမ်းနိုင်တဲ့ အကွာအဝေးကနေ ကြယ်ကို လှည့်ပတ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် Ross 508 b ဟာ သက်ရှိတွေ နေထိုင်နိုင်တဲ့ ဇုန်ဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။

သို့ပေမဲ့ ၎င်းရဲ့ ပတ်လမ်းဟာ နေထိုင်နိုင်သည့်ဇုံကို ဝင်လိုက် ထွက်လိုက် လှည့်ပတ်နေတာကြောင့် နောက်ထပ် လေ့လာမှုတွေ ပြုလုပ်ရဦးမှာပါ။

သုတေသီများက ဟာဝိုင်အီရှိ National Astronomical Observatory of Japan (NAOJ) ရဲ့ Subaru Telescope ကို အ သုံး ပြုပြီး မှေးမှိန်သော ကြယ်တစ်လုံးအနီးမှာ စူပါဂြိုလ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကြယ်ဟာ ကျွန်တော်တို့ နေထက် အရွယ်အစား သေးငယ်တဲ့အတွက် သိသိသာသာ မှိန်နေပါတယ်။

Ross 508b ၏ ပတ်လမ်း Image: Courtesy of Astrobiology Center

လေ့လာမှုအရ Ross 508 ဟာ နေ ဒြပ်ထုရဲ့ ၁၈ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါတယ်။

Radial velocity နည်းလမ်းဖြင့် ကြယ်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ပြင်ပဂြိုဟ်များကို ရှာဖွေရာတွင် အသုံးပြုသည့် ဒီနည်းပညာဟာ ရေများ တည်ရှိစေနိုင်သည့် သင့်လျော်သော အပူချိန်ပေးစွမ်းနိုင်တဲ့ အကွာအဝေးကနေ လည်ပတ်နေသော ဂြိုဟ်များကို ရှာဖွေရာတွင် ပိုမိုထိရောက်စေပါတယ်။

Radial velocity နည်းလမ်းဟာ Doppler effect ခေါ် လှိုင်းသက်ရောက်မှုများမှ တဆင့် ခန့်မှန်းသည့် နည်းစနစ် တခု ဖြစ်ပါတယ်။

ရှာဖွေရာတွင် အနီအောက်ရောင်ခြည်ကို အသုံးပြုကာ ရှာဖွေခဲ့တာ ဖြစ်တဲ့အတွက် အနာဂါတ်တွင် James Webb တယ်လီ စကုပ်ဟာ အလားတူ exoplanet များ၏ လေထုများကို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

0.05366 AU အကွာအဝေးမှာ ရှိတဲ့ ဒီ Super-Earth ကို ၂၀၂၂ ခုနှစ်မှာ တရားဝင် ကြေညာခဲ့ပြီး NASA တွင် မှတ်တမ်း ထားရှိပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 10/8/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *