ပြီးခဲ့သည့် နှစ်က အမေရိကန် လေတပ်ဟာ Global Hawk ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်ကြီးများကို ဆက်မထုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။
ဒါဟာ ၎င်းတို့၏ ၂၀၁၇ ခုနှစ်က စတင် အသုံးပြုနေသည့် RQ-180 ရေဒါပျောက် မောင်းသူမဲ့ လေယာဉ်များဖြင့် အစားထိုးသွားမည့် အစီအစဉ်ကြောင့် ဖြစ်နိုင်ပါတယ်။
လေတပ်ဟာ RQ-180 မောင်းသူမဲ့လေယာဉ်များ လက်ဝယ် ပိုင်ဆိုင် ထားတယ်လို့ အခုအချိန်အထိ တရားဝင် မပြောထားသေးပါဘူး။
သို့ပေမဲ့ Northrop Grumman မှ ထုတ်လုပ်ထားသည့် RQ-180 မောင်းသူမဲ့လေယာဉ်များဟာ ၂၀၁၀ ခုနှစ် ကတည်းက ပထမဆုံး ပျံသန်းခဲ့ပြီး တရုတ်နိုင်ငံ အနီးတွင် ၂၀၂၀ ခုနှစ်ကတည်းက ချထားတယ်လို့ ယုံကြည်ရပါတယ်။

RQ-180 ဟု ယူဆရသည့် ဒရုန်း တစင်းအား တွေ့မြင်ရစဉ် Photo: Courtesy of Aviation Week
ထိုလေယာဉ်နှင့် ပတ်သက်သို့ အသေးစိတ် အချက်အလက်အချို့ကို သိရှိထားပေမယ့် ဒါဟာ ပထမဆုံး ရေဒါပျောက် မောင်းသူမဲ့လေယာဉ်မဟုတ်သည့် အပြင် ၎င်းကို မွေးဖွားလာစေသည့် သုတေသနတွေ ရှိခဲ့ပါတယ်။
DarkStar ကို မွေးဖွားခြင်း
လွန်ခဲ့သည့် ၂၅ နှစ် လောက်က RQ-3 DarkStar ကို ပထမဆုံး ပျံသန်းခဲ့ပြီး နောက်တနှစ် အကြာမှာတော့ ပထမ ရှေ့ပြေးပုံစံဟာ ဒုတိယ ပျံသန်းမှုအတွင်း ပျက်စီးခဲ့ပါတယ်။
ရေဒါပျောက် နည်းပညာမြင့် reconnaissance remotely piloted aircraft (RPA) ခေါ် အဝေးထိန်း ကင်းထောက် လေ ယာဉ်များအတွက် ဒီရလဒ်ဟာ နောက်ထပ် တိုးတက်မှုတွေ လိုနေသေးတယ် ဆိုတာကို ပြသခဲ့ပါတယ်။
Advanced Airborne Reconnaissance System (AARS) စီမံကိန်းအရ ထုတ်လုပ်ခဲ့သည့် RQ-3 ဟာ ခြိမ်းခြောက်မှု မြင့်မားသည့် ပတ်ဝန်းကျင်များတွင် လွတ်မြောက်နိုင်ရန် ဒီဇိုင်းဆွဲထားပြီး ရေဒါပျောက် နည်းပညာပါ ထည့်သွင်းခဲ့တာပါ။
၎င်းဟာ အမေရိကန် လေပိုင်နက်အတွက် မရှိမဖြစ် လိုအပ်သည့် RQ-4 Global Hawk နှင့်တော့ ဆန့်ကျင်ဘက်ပါ။

RQ-4 Global Hawk
နောက်တခုကတော့ DarkStar တွင် ပျံသန်းခြင်း၊ ပစ်မှတ်ဆီသို့ သွားရောက်ခြင်း၊ အာရုံခံ ကိရိယာများ လည်ပတ်ခြင်း၊ အ ချက်အလက်ပေးပို့ခြင်း နှင့် ပြန်လည်ဆင်းသက်ခြင်းတို့ကို အလိုအလျှောက် လုပ်ဆောင်နိုင်ပါတယ်။
လေယာဉ်ဟာ အကွာအဝေး ၅၇၅ မိုင်လောက် အထိ ပျံသန်းနိုင်ပြီး မရပ်မနားဖြင့် ၈ နာရီလောက် ပျံသန်းနိုင်ပါတယ်။
တောင်ပံအကျယ် ၆၉ ပေ ရှိပြီး အမြင့် ၃ ပေ ၆ လက်မရှိကာ အလေးချိန် ပေါင် ၈,၅၀၀ လောက် ရှိပါတယ်။
ပျံသန်းမှုအတွက် ပေါင် ၁,၉၀၀ လောက် တွန်းအားပေးနိုင်သည့် Williams-Rolls FJ44-1A အင်ဂျင်ကို တပ်ဆင်ထားကာ တနာရီ ၂၈၈ မိုင် အမြန်နှုန်းဖြင့် အမြင့်ပေ ၄၅,၀၀၀ လောက်အထိ တက်ရောက်နိုင်ပါတယ်။
ပထမတစီး ပျက်စီးပြီးနောက် ဒုတိယမြောက် ရှေ့ပြေး ပုံစံကို ဆက်လက် တည်ဆောက် ခဲ့ပြီး စုစုပေါင်း ၄ စင်း အထိ တည် ဆောက် ခဲ့ပါတယ်။
၁၉၉၈ ခုနှစ် နှစ်လည်လောက်က စပြီး ပျံသန်းမှု ၅ ကြိမ် ပြုလုပ်ခဲ့ကာ နောက်ဆုံးတွင် ကုန်ကျစရိတ်နှင့် ချွတ်ယွင်းမှုများ ရှိလာတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

RQ-3 DarkStar
လက်ရှိ ကျန်ရှိနေသည့် ရှေ့ပြေးပုံစံ ၃ စင်းကို အမေရိကန်လေတပ် အမျိုးသားပြတိုက်၊ လေကြောင်းဆိုင်ရာ ပြတိုက်နှင့် ပျံ သန်းမှုဆိုင်ရာ ပြတိုက်များတွင် ပြသခဲ့ပေမယ့် မပျံသန်းခဲ့သည့် လေယာဉ်ကိုတော့ Smithsonian အမျိုးသား လေကြောင်းနှင့် အာကာသပြတိုက်တွင် သိမ်းဆည်းထားပါတယ်။
RQ-180 ဟာ နည်းပညာအရ အမြင့်ဆုံး ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ် ဖြစ်ပေမယ့် ၎င်းကို ဖြစ်ပေါ်လာစေမည့် နည်းပညာများကို ရှာဖွေနိုင်ခဲ့တဲ့ DarkStark မောင်းသူမဲ့လေယာဉ် သုတေသနအကြောင်းကို ဗဟုသုတ အနေဖြင့် ဖော်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 10/9/2022