AMD ရော Nvidia ပါ ယခုနှစ်ကုန်အတွင်း နောက်ဆုံးမျိုးဆက် Graphic card တွေကိုအပြိုင်အဆိုင် ပွဲထုတ်လာ ကြပါတယ်။ အဲဒီ့အထဲမှာ တန်ဖိုးအရရော စွမ်းဆောင်မှုအရပါ အထူးကောင်းမွန်တဲ့ RTX 3060Ti ဟာ ဝယ်ယူဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။
VRAM 8GB ပါဝင်ပြီး AAA Title game မည်သည့်ဂိမ်းမဆို 1080P မှာ ultra setting ဖြင့် FPS 60 အထက်မှာ အေးအေးဆေးဆေး ဆော့နိုင်ပြီး၊ 1440P 2K resolution မှာလဲ သက်တောင့် သက်သာ ဖြစ်စေပါလိမ့်မယ်။ Ray Tracing ဒုတိယမျိုးဆက်ဖြစ်တဲ့အတွက် ယခင်ထက်လည်း Ray Tracing ပိုင်းမှာ အများကြီးကောင်းမွန် လာ ပါ တယ်။

နိုင်ငံတကာမှာ $400 ဝန်းကျင်ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ $500 ဝန်းကျင်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်တဲ့အတွက် လွန်ခဲ့သောနှစ်များက Mid-range ကဒ်တွေထက် Price to Performance အရ အများကြီးကောင်းတယ်လို့ ပြောလို့ရပါတယ်။
သေချာတာတစ်ခုက RTX 2000 series ထဲက RTX 2080 Super နဲ့ performance မတိမ်းမယိမ်းမှာရှိပြီး တချို့ ဂိမ်းတွေမှာ RTX 3060Ti ကတောင် ပိုသာပါတယ်။ လက်ရှိအချိန်မှာ RTX 3000 series တွေ stock ပြတ်လပ်မှု ဖြစ်နေပေမယ့် RTX 2000 series တွေကို ပိုက်ဆံပိုမပေးဘဲ စိတ်ရှည်ရှည်ထားပြီး RTX 3000 series တွေကို စောင့်ဝယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
Aurora