ဆီးရီးယားတွင် Orlan-10 မောင်းသူမဲ့ဒရုန်း တစ်စီး ပစ်ချခံရ

News

လူမှုကွန်ယက်များမှာ ထွက်ပေါ်လာတဲ့ သတင်းများအရ ဆီးရီးယားနိုင်ငံမှာ ရုရှားလုပ် Orlan-10 အလယ်အလတ် အကွာအဝေးသုံး ထောက်လှမ်းရေး Drone တစ်စီးဟာ စက်သနက်ဖြင့် ပစ်ချခံရတယ်လို့ သိရပါတယ်။

အဆိုပါ ဒရုန်းကို တူရကီနောက်ခံ အယ်ဖာတာ အယ်မူဘင် သူပုန်အဖွဲ့က ပစ်ချခဲ့တာပါ။ Orlan-10 မောင်းသူမဲ့ ဒရုန်းဟာ ရုရှားနိုင်ငံ စိန့်ပီတာဘတ်ရှိ အထူးနည်းပညာစင်တာ မှ ထုတ်လုပ်ထားတာဖြစ်ပြီး ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

Orland-10 တွေကို လေကြောင်းကင်းထောက်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ခြင်းများလုပ်ဆောင်ခြင်း၊ တိုက် ခိုက်ရေး လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အီလက်ထရောနစ်စနစ်များအား နှောင့်ယှက်ခြင်း၊ ရေဒီယိုအချက်ပြမှု ရှာဖွေခြင်း၊ ပစ်မှတ်များကို ခြေရာခံခြင်း စတဲ့ စစ်ဆင်ရေး အမျိုးမျိုးကို ဆောင်ရွက်နိုင်ရန် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒီ ဒရုန်းဟာ ပစ်ချ ခံရစဉ်မှာ ဗျူဟာမြောက်နေရာဖြစ်တဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် အစ်ဒ်လစ်ဘ် စီရင်စုရှိ ဇာဝီရာ တောင်ပေါ်မှာ ဖြတ်ပြီး ကင်းထောက်တာဝန်ကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

ဇာဝီရာတောင်ဟာ ဆီးရီးယားနိုင်ငံ အလပ်ပိုမြို့နှင့် လာတာကီရာ မြို့ကို ဆက်သွယ်ထားသည့် M4 လမ်းမကြီးကို ထိန်းချုပ်ထားနိုင်တဲ့ ဗျူဟာမြောက် နေရာဖြစ်ပါတယ်။

၂၀၁၈ စက်တင်ဘာလ တုန်းက တူရကီနှင့် ရုရှားတို့ဟာ အစ်ဒ်လစ်ဘ် စီရင်စုကို အပစ်အခတ်ရပ်စဲရာ နေရာအဖြစ် သတ်မှတ်ထားပြီး ရန်လိုမှုသည့် လှုပ်ရှားမှု မှန်သမျှကို တားမြစ်ထားတာပါ။

ဆီးရီးယား စစ်ဘက်ကတော့ ဒီ ရုရှားလုပ် Orlan-10 မောင်းသူမဲ့ ဒရုန်းဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒီပျက်ကျမှုဟာ နှစ်ရက်အတွင်း ဒုတိယမြောက် ပျက်ကျတာ ဖြစ်တယ်လို့ သိရပါတယ်။

ZawGyi

လူမႈကြန္ယက္မ်ားမွာ ထြက္ေပၚလာတဲ့ သတင္းမ်ားအရ ဆီးရီးယားႏိုင္ငံမွာ ႐ုရွားလုပ္ Orlan-10 အလယ္အလတ္ အကြာအေဝးသုံး ေထာက္လွမ္းေရး Drone တစ္စီးဟာ စက္သနက္ျဖင့္ ပစ္ခ်ခံရတယ္လို႔ သိရပါတယ္။

အဆိုပါ ဒ႐ုန္းကို တူရကီေနာက္ခံ အယ္ဖာတာ အယ္မူဘင္ သူပုန္အဖြဲ႕က ပစ္ခ်ခဲ့တာပါ။ Orlan-10 ေမာင္းသူမဲ့ ဒ႐ုန္းဟာ ႐ုရွားႏိုင္ငံ စိန႔္ပီတာဘတ္ရွိ အထူးနည္းပညာစင္တာ မွ ထုတ္လုပ္ထားတာျဖစ္ၿပီး ႐ုရွားႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနမွာ အသုံးျပဳေနတာ ျဖစ္ပါတယ္။

Orland-10 ေတြကို ေလေၾကာင္းကင္းေထာက္ျခင္း၊ ေစာင့္ၾကည့္ေလ့လာျခင္း၊ ရွာေဖြေရးႏွင့္ ကယ္ဆယ္ျခင္းမ်ားလုပ္ေဆာင္ျခင္း၊ တိုက္ ခိုက္ေရး ေလ့က်င့္မႈမ်ားျပဳလုပ္ျခင္း၊ အီလက္ထေရာနစ္စနစ္မ်ားအား ေႏွာင့္ယွက္ျခင္း၊ ေရဒီယိုအခ်က္ျပမႈ ရွာေဖြျခင္း၊ ပစ္မွတ္မ်ားကို ေျခရာခံျခင္း စတဲ့ စစ္ဆင္ေရးအမ်ိဳးမ်ိဳးကို ေဆာင္႐ြက္ႏိုင္ရန္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ဒီ ဒ႐ုန္းဟာ ပစ္ခတ္မႈခံရစဥ္မွာ ဗ်ဴဟာေျမာက္ေနရာျဖစ္တဲ့ ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ဘက္ အစ္ဒ္လစ္ဘ္ စီရင္စုရွိ ဇာဝီရာ ေတာင္ေပၚမွာ ျဖတ္ၿပီး ကင္းေထာက္တာဝန္ကို ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။

ဇာဝီရာေတာင္ဟာ ဆီးရီးယားႏိုင္ငံ အလပ္ပိုၿမိဳ႕ႏွင့္ လာတာကီရာ ၿမိဳ႕ကို ဆက္သြယ္ထားသည့္ M4 လမ္းမႀကီးကို ထိန္းခ်ဳပ္ထားႏိုင္တဲ့ ဗ်ဴဟာေျမာက္ ေနရာျဖစ္ပါတယ္။

၂၀၁၈ စက္တင္ဘာလ တုန္းက တူရကီႏွင့္ ႐ုရွားတို႔ဟာ အစ္ဒ္လစ္ဘ္ စီရင္စုကို အပစ္အခတ္ရပ္စဲရာ ေနရာအျဖစ္ သတ္မွတ္ထားၿပီး ရန္လိုမႈသည့္ လႈပ္ရွားမႈ မွန္သမွ်ကို တားျမစ္ထားတာပါ။

ဆီးရီးယား စစ္ဘက္ကေတာ့ ဒီ ႐ုရွားလုပ္ Orlan-10 ေမာင္းသူမဲ့ ဒ႐ုန္းဟာ စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ ပ်က္က်ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး ဒီပ်က္က်မႈဟာ ႏွစ္ရက္အတြင္း ဒုတိယေျမာက္ ပ်က္က်တာ ျဖစ္တယ္လို႔ သိရပါတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *