ရုရှားနိုင်ငံရဲ့ နောက်ဆုံးပေါ် ဒုံးကျည်ကာကွယ်ရေး ရေဒါ “ရာ့ခရိုမာ” Yakhroma ကို ချူ့ခိုးစခဲ ပင်လယ်ဘက်တွင် ၂၀၃၀ ခုနှစ်မှာ အပြီးသတ် တည်ဆောက်သွားမယ်လို့ သိရပါတယ်။
အဲဒီ့ဒေသဟာ အမေရိကန်နိုင်ငံ အလက်စကာ ပြည်နယ်နှင့် အများကြီးမဝေးကွာတဲ့ နေရာမှာ တည်ရှိပါတယ်။
ဒီရေဒါဟာ အလိုအလျောက် လည်ပတ်မှာဖြစ်ပြီး ရေဒါစခန်းမှာအမြဲတမ်း ၀န်ထမ်းကို အသုံးပြုမှာ မဟုတ်ဘူးလို့လဲ သိရပါတယ်။

တည်ဆောက်နေသည့် နေရာ
၂၀၂၀ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ရုရှားကာကွယ်ရေး ၀န်ကြီး Sergei Shoigu က နှစ်ကုန် ဝန်ကြီးများဘုတ်အဖွဲ့ အစည်း အဝေးတွင် ကာကွယ်ရေး ၀န်ကြီးဌာနဟာ ၂၀၂၁ ခုနှစ်မှာ ကရင်းဒေသရှိ ရှိ ဆီဗာစတူပေါ တွင် Yakhroma ရေဒါကို စတင်တည်ဆောက်လိမ့်မည် ဟု ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဟာ ဒီ ရေဒါရဲ့ separate nodes တွေကို လေကြောင်း ပစ်မှတ်တွေ ရှာဖွေဖို့ရာ ကာလီနင်ဂရတ်၊ ဇီး နှင့် ဗော်ကူတာ ဒေသတွေမှာလဲ တည်ဆောက် သွားမှာ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါသေးတယ်။
ဒီရေဒါမှာ လေယာဉ်ထိန်းချုပ်ရေးစနစ်တွေ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေနှင့် တခြား ဒစ်ဂျစ်တယ် စနစ်တွေပါ ပါဝင်နိုင်မယ်လို့ သိရပါတယ်။

Illustration
ရရှိထားသော သတင်းများ အရ ယခု ရေဒါဟာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်း ရေဒါဖြစ်လာဖွယ် ရှိပြီး မီတာ၊ စင်တီမီတာ၊ ဒက်စီမီတာ၊ မီလီမီတာ အစရှိသဖြင့် ကြိမ်နှုန်းလေးမျိုးဖြင့် အလုပ် လုပ်နိုင်မှာဖြစ်ပြီး ၂၇၀ ဒီဂရီ မြင်နိုင်စွမ်းရှိပါတယ်။
လက်ရှိ ရှရုား လေကြောင်းရန် ကာကွယ်ရေး စနစ်မှာ အလွှာ ၂ ခုဖြင့် အလုပ် လုပ်နေတာ ဖြစ်ပါတယ်။
အဲဒါတွေကတော့ Tundra လို့ခေါ်တဲ့ အာကာသဂြိုဟ်တု ၄ ခုနှင့် ၎င်းတို့နှင့် ချိတ်ဆက်ထားတဲ့ မြေပြင်ကွန်ယက် Voronezh ရေဒါတွေပဲ ဖြစ်ပါတယ်။
ယခု တည်ဆောက်မယ့် ရာ့ခရိုမာရေဒါ အဓိက လုပ်ဆောင်မယ့် တာဝန်ကတော့ ရုရှားနိုင်ငံ ပိုင်နက်နှင့် သူ့ရဲ့ မဟာမိတ် နိုင်ငံများဆီဝင်ရောက်လာမယ့် တိုက်ချင်းပစ် ဒုံးကျည်တွေကို ရှာဖွေ ထောက်လှမ်းနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ရေဒါကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စတင် တည်ဆောက်နေပြီး ဒီရေဒါစနစ်ဟာ ၂၀၃၀ ခုနှစ်မှာ ချူ့ခိုးစခဲ ပင်လယ်ဘက် အ ထိ ကွန်ယက် ချဲ့ထွင် ပြီးစီးမယ်လို့ ယူဆရပါတယ်။
လက်ရှိ ယူကရိန်း-ရုရှား အရေးမှာတော့ ရုရှားရေဒါများ၏ စွမ်းဆောင်ရည်ဟာ ထင်သလောက် အားရစရာ မရှိသည့် အပြင် ရေဒါကွန်ယက်သစ် စီမံကိန်းဟာလည်း နှောင့်နှေးဖွယ် ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။