လက်ရှိ ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ကျင်းပနေတဲ့ IDEX 2021 ကာကွယ်ရေးပြပွဲမှာ ရုရှားဖယ်ဒရယ် ဝန်ဆောင်မှု ဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ ကော်ပိုရေးရှင်းမှ Su-57E ဘက်စုံသုံး တိုက်လေယာဉ်များအတွက် တောင်းဆိုမှုများ ရရှိနေပြီလို့ သိရပါတယ်။
ဒီအကြောင်းကို တရားဝင်ပြောခွင့်ရသူတစ်ယောက်က ရုရှား သတင်းဌာန TASS ကို ပြောကြားခဲ့တာပါ။
လက်ခံရရှိခဲ့တဲ့ တောင်းဆိုမှုတွေဟာ Su-57E တိုက်လေယာဉ်နှင့် ပတ်သက်နေတာဖြစ်ပြီး အရှေ့အလယ်ပိုင်း နိုင်ငံတွေထဲကတော့ မဟုတ်ဘူးလို့သိရပါတယ်။
ဒါပေမယ့် နိုင်ငံတော်တော်များများကတော့ စိတ်ဝင်စားမှု ရှိခဲ့တယ်လို့လဲ သိရပါတယ်။ လက်ရှိ Su-57 တိုက်လေယာဉ်များအတွက် ဦးစားပေး အစီအစဉ်ဟာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနအတွက် ဖြစ်ပါတယ်။
“ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများရဲ့ အကျိုးစီးပွား အတွက် ဒီခေါင်းစဉ်ကို ဆွေးနွေးဖို့ အဆင်သင့်ပါပဲ” လို့ သတင်းစာက ဖော်ပြခဲ့ပါတယ်။
ရုရှား၏ ကာကွယ်ရေးပစ္စည်းများကို အာဖရိကနိုင်ငံများမှ ဝယ်ယူမှုဟာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် ရှိခဲ့တယ်လို့ အထွေထွေ ညွှန်ကြားရေးမှုး အလက်ဇန်းဒါး မစ်ခ်ဟေယက်ဗ် မှ IDEX 2021 ပြပွဲအတွင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ရုရှားဟာ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒေသကို ကာကွယ်ရေး ပစ္စည်း ၆ ဘီလီယံ ဖိုးလောက် နှစ်စဉ် တင်ပို့နိုင်နေပြီ ဖြစ်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရဲ့ ပြည်ပ ကာကွယ်ရေး ပစ္စည်း တင်ပို့မှုရဲ့ တဝက်လောက် ရှိပါတယ်။
IDEX 2021 မှာ ရုရှား ကာကွယ်ရေး ပစ္စည်းများစွာကို ပြသနေပြီး ၎င်းတို့အထဲမှာ Rostec မှ ထုတ်လုပ်ထားတဲ့ နာမည်ကျော် T-14 Armata ပင်မတိုက်ပွဲဝင် တင့်ကား၊ အင်ဂျင်နီယာ သံချပ်ကာယာဉ် UBIM၊ Pantsir ၏ အဆင့်မြှင့်တင်ထားသည့် မျိုးကွဲ Pantsir-C1M လေကာစနစ်၊
ကုန်းရေနှစ်သွယ် သံချပ်ကာ လူသယ်ယာဉ် BT-3F APC၊ နေတိုး ကျည် 5.56 မီလီမီတာ သုံး AK-19 ရိုင်ဖယ် နှင့် Haska-10 အပါအဝင် တခြား ရုရှား ကုမ္ပဏီများမှ Drone ကာကွယ်ရေး စနစ်များမှ စပြီး မျိုးစုံသော ကာကွယ်ရေး ပစ္စည်းများ ပါဝင်ပါတယ်။
ZawGyi
ကုန်းရေနှစ်သွယ် သံချပ်ကာလူသယ်ယာဉ် BT-3F APC၊ နေတိုး ကျည် 5.56 မီလီမီတာ သုံ: Haska-10 အပါအဝင် တခြား ရုရှား ကုမ္ပဏီများမှ Drone ကာကွယ်ရေး စနစ်များမှ စပြီး မျိုးစုံသော ကာကွယ်ရေး ပစ္စည်းများ ပါဝင်ပါတယ်။
Knowledgeworms Copyright © 2021