ယူကရိန်း ခေတ်မှီပင်မတိုက်ပွဲဝင် တင့်ကား၏ လျှို့ဝှက်ချက်များကို ရုရှား သူလျှိုများက ရယူဖို့ ကြိုးစားခဲ့ တယ်လို့ သိရပါတယ်။
SBU ဟု အတိုကောက် အားဖြင့် လူသိများသည့် ယူကရိန်း၏ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့ဟာ သတင်းများအရ ယူကရိန်း T-84 တင့်ကားနှင့် ပတ်သက်သည့် အစီအစဉ် လျှို့ဝှက်ချက်များကို ရယူရန် ရုရှားသူလျှို၏ ကြိုးစားမှုကို တားဆီးနိုင်ခဲ့ပါတယ်။
ရုရှား ဖက်ဒရေးရှင်း၏ တပ်မတော် ကာကွယ်ရေး ဦး စီးချုပ် (GRU) ၏ အဓိကညွှန်ကြားမှု ဦး စီးဌာန၏ တရားမ၀င် အေးဂျင့် အဖြစ် ဟန်ဆောင် သည်ဟု သံသယဖြင့် SBU ရဲ့ တန်ပြန် ထောက် လှမ်းရေးက ရုရှားသူလျှို တစ် ဦးအားထိန်း သိ မ်းနိုင် ခဲ့တာ ဖြစ်ပြီး

၎င်းဟာ Kharkiv တွင် ယူကရိန်းတို့၏ T-84BM Oplot ပင်မတိုက်ပွဲဝင် တင့်ကား၏ နည်းပညာဘက်ဆိုင်ရာ တိုးတက်မှုနှင့် ထုတ်လုပ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို ရယူဖို့ရာ ကြိုး စားခဲ့တာ ဖြစ်ပါတယ်။
SBU ၏ စုံစမ်း စစ်ဆေး သူများနှင့် တန်ပြန် ထောက်လှမ်းရေး အရာရှိများဟာ ရုရှားတို့ထံမှ တာဝန်များနှင့် လျှို့ဝှက် သ တင်း အချက်အလက် များကို ထောက်လှမ်းရာမှာ
ရုရှားအေးဂျင့်ဟာ ယူကရိန်း အစိုးရပိုင် Kharkiv Morozov ဒီဇိုင်းဗျူရိုမှ T-84 ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ ဝန်ထမ်းတစ်ဦးကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တာကို တွေ့ခဲ့ရပါတယ်။
အဆိုပါ SBU စစ်ဆင်ရေး၏ ထိန်းချုပ်မှုအောက်မှာ အေးဂျင့်ထံမှ နည်းပညာ ပိုင်းဆိုင်ရာ ပစ္စည်းများ နမူနာကို လက်ခံရရှိခဲ့ပြီး ရုရှားရဲ့ GRU စစ်ရေး ထောက်လှမ်းရေး၏ ကိုယ်စားလှယ်ထံ မိတ္တူ လွှဲပြောင်း ပေးခဲ့တာပါ။
ယခုတော့ သူလျှိုကို နိုင်ငံ တော်သ စ္စာ ဖေ ာက် မှုဖြင့် ထိ န်း သိ မ် းထား ပါတယ်။

Oplot ဟာ ယူကရိန်းနိုင်ငံ၏ နောက်ဆုံးထုတ် ပင်မတိုက်ပွဲဝင် တင့်ကားဖြစ်ပါတယ်။
၎င်းမှာ တင့်ကားကို ကာကွယ်ရန် active protection စနစ် ကို တပ်ဆင်ထားပါတယ်။
ဒီသံချပ်ကာ စနစ်ဟာ ရုရှားတို့၏ Kontakt 5 သံချပ်ကာ စနစ်ထက် ပိုမို ကောင်းမွန်တယ်လို့ သိရပါတယ်။
ဘေးဘက် အကာအကွယ် များမှာလည်း ပိုမို အဆင့်မြင့် လာပြီး ကိုယ်ထည်မှာ Shtora တုန့်ပြန်စနစ်များ တပ်ဆင် ထားသော ကြောင့် ရန်သူတို့၏ Anti-Tank Guided Weapon တင့်ဖျက် လမ်းညွှန်စနစ်သုံး လက်နက်များ ရန်မှ တစိတ်တပိုင်း အလိုအလျှောက်စနစ်ဖြင့် ကာကွယ်ပေးနိုင်မှာပါ။
ဒီ တင့်ကားကို Zaslon Active protection system များလည်း တပ်ဆင် နိုင်တယ်လို့ သိရပါတယ်။

ဒီတင့်ကားကို မောင်းနှင်ဖို့ရာအတွက် ယာဉ်မောင်း တယောက်၊ ကွပ်ကဲသူ တယောက်နှင့် ပစ်ခတ်သူ တယောက် အပါအဝင် ယာဉ်အဖွဲ့သား ၃ ယောက်သာ လိုမှာဖြစ်ပါတယ်။
တင့်ကားမှာ အလိုအလျှောက် ကျည်ဖြည့်စနစ် ပါဝင်သောကြောင့် ကျည်ဖြည့် ပေးသူ မလိုအပ်ပါဘူး။
ယာဉ်အဖွဲ့သား အနည်းငယ်သာ လိုအပ်သောကြောင့် တင့်ကား၏ အရွယ်အစားကို သေးငယ်စေပြီး စစ်မြေပြင်မှာ ပစ်မှတ်အဖြစ်မှ အရွယ်အစားကို လျှော့ချပေးနိုင် ပါတယ်။
ယခု သတင်းဟာ ၂၀၂၁ ခုနှစ် နှစ်စလောက်က သတင်းဖြစ်ပြီး လက်တလော ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားကိစ္စဟာ ယခင် ကတည်းက ကြိုတင် စီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။
ရုရှားအနေဖြင့် လက်ရှိအခြေအနေမှာ ယူကရိန်း၏ လက်နက်များ အားလုံး၏ အားသာချက် အားနည်းချက်များကို လေ့လာပြီး ဖြစ်တယ်လို့ ယူဆရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။