ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ကျင်းပလျှက်ရှိတဲ့ International Defence Exhibition & Conference အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးပြပွဲနှင့် ကွန်ဖရန့်စ် ကို ယခုလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
ဒီပွဲမှာ ရုရှားနိုင်ငံ ဟာလည်း ၎င်း၏ ကာကွယ်ရေးပစ္စည်းများကို ပြသမှာဖြစ်ပြီး မျိုးဆက်သစ် တိုက်ပွဲဝင်တင့်ကားဖြစ်တဲ့ Armata T-14 များကို လည်း ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးတွင် အခက်အခဲရှိသဖြင့် ပြပွဲမှာ T-14 အစစ်အမှန်ကို ပြသနိုင်မှာ မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။
အဲလိုပြောနေတဲ့ အချိန်မှာပဲ ရုရှားစစ်ရေး ကျွမ်းကျင်သူ Alexey Khlopotov မှ ဒီခေတ်သစ် တင့်ကားကို အသိ မ်း ဆ ည်း ခံရမှာကြောက်လို့ မပြသနိုင်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
“တကယ်ပဲ ကျွန်တော် လူမှုကွန်ယက်မှာ တစ်ခါမက ပြောဖူးခဲ့သလိုပဲ အပြည့်အစုံ ပြသမှာမဟုတ်ဘဲ ပုံစံတူသာ ပြသွားမှာဖြစ်ပါတယ်” “ဘာလို့လဲဆိုတော့ ဒီယာဉ်တွေဟာ နိုင်ငံ့ပြင်ပမှာ အ သိမ်း ဆ ည်းခံရမယ့် အကြောင်းပြချက်ကောင်းတွေ ရှိလို့ပါ” လို့ Alexey Khlopotov က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ရုရှားနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ၏ ပိတ်ဆို့အရေးယူမှု များမှ ကြီးမားသော ဖိအားပေးမှုများကို ခံနေရတာဖြစ်ပါတယ်။ အဆိုပါ ပိတ်ဆို့မှုများကို ၂၀၁၄ ခု ဖေဖော်ဝါရီလနှောင်းပိုင်း ခရိုင်းမီးယားဒေသတွင် ရုရှားမှ ယူကရိန်းကို ကျူးကျော်မှုအပြီးမှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ပိတ်ဆို့မှုများကို အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် အခြားနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရုရှားနှင့် ယူကရိန်းရှိ အရာရှိများအား တစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
T-14 Armata တွေဟာ ရုရှားတို့၏ ခေတ်အမှီဆုံး မျိုးဆက်သစ် ပင်မတိုက်ပွဲဝင် တင့်ကားဖြစ်ပြီး NATO နှင့် အမေရိကန်၏ တင့်ကားများကို ကောင်းကောင်း ခြိမ်းခြောက်နိုင်တဲ့အတွက် နိုင်ငံ တော်တော်များများက စိတ်ဝင်စားနေကြပါတယ်။
ZawGyi
ယူေအအီးႏိုင္ငံ အဘူဒါဘီမွာ က်င္းပလွ်က္ရွိတဲ့ International Defence Exhibition & Conference အျပည္ျပည္ဆိုင္ရာ ကာကြယ္ေရးျပပြဲႏွင့္ ကြန္ဖရန႔္စ္ ကို ယခုလ ၂၁ ရက္ေန႔မွ ၂၅ ရက္ေန႔အထိ က်င္းပေနတာ ျဖစ္ပါတယ္။
ဒီပြဲမွာ ႐ုရွားႏိုင္ငံဟာလည္း ၎၏ ကာကြယ္ေရးပစၥည္းမ်ားကို ျပသမွာျဖစ္ၿပီး မ်ိဳးဆက္သစ္ တိုက္ပြဲဝင္တင့္ကားျဖစ္တဲ့ Armata T-14 မ်ားကို လည္း ျပသမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ သယ္ယူပို႔ေဆာင္ေရးတြင္ အခက္အခဲရွိသျဖင့္ ျပပြဲမွာ T-14 အစစ္အမွန္ကို ျပသႏိုင္မွာ မဟုတ္ဘူးလို႔ ေၾကျငာခဲ့ပါတယ္။
အဲလိုေျပာေနတဲ့ အခ်ိန္မွာပဲ ႐ုရွားစစ္ေရး ကြၽမ္းက်င္သူ Alexey Khlopotov မွ ဒီေခတ္သစ္ တင့္ကားကို အ သိမ္း ဆ ည္း ခံရမွာေၾကာက္လို႔ မျပသႏိုင္ေတာ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
“တကယ္ပဲ ကြၽန္ေတာ္ လူမႈကြန္ယက္မွာ တစ္ခါမက ေျပာဖူးခဲ့သလိုပဲ အျပည့္အစုံ ျပသမွာမဟုတ္ဘဲ ပုံစံတူသာ ျပသြားမွာျဖစ္ပါတယ္” “ဘာလို႔လဲဆိုေတာ့ ဒီယာဥ္ေတြဟာ ႏိုင္ငံ့ျပင္ပမွာ အ သိမ္း ဆ ည္း ခံရမယ့္ အေၾကာင္းျပခ်က္ေကာင္းေတြ ရွိလို႔ပါ” လို႔ Alexey Khlopotov က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

လက္ရွိမွာ ႐ုရွားႏိုင္ငံဟာ အျပည္ျပည္ဆိုင္ရာ ၏ ပိတ္ဆို႔အေရးယူမႈ မ်ားမွ ႀကီးမားေသာ ဖိအားေပးမႈမ်ားကို ခံေနရတာျဖစ္ပါတယ္။ အဆိုပါ ပိတ္ဆို႔မႈမ်ားကို ၂၀၁၄ ခု ေဖေဖာ္ဝါရီလေႏွာင္းပိုင္း ခ႐ိုင္းမီးယားေဒသတြင္ ႐ုရွားမွ ယူကရိန္းကို က်ဴးေက်ာ္မႈအၿပီးမွာ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။
ပိတ္ဆို႔မႈမ်ားကို အေမရိကန္၊ ဥေရာပသမဂၢ အပါအဝင္ အျခားႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားမွ ႐ုရွားႏွင့္ ယူကရိန္းရွိ အရာရွိမ်ားအား တစ္ဦးခ်င္းစီႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအေပၚ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
T-14 Armata ေတြဟာ ႐ုရွားတို႔၏ ေခတ္အမွီဆုံး မ်ိဳးဆက္သစ္ ပင္မတိုက္ပြဲဝင္ တင့္ကားျဖစ္ၿပီး NATO ႏွင့္ အေမရိကန္၏ တင့္ကားမ်ားကို ေကာင္းေကာင္း ၿခိမ္းေျခာက္ႏိုင္တဲ့အတြက္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနၾကပါတယ္။
Knowledgeworms Copyright © 2021