ရုရှား စစ်တပ်ဟာ အဓိက လက်နက်စနစ်ပေါင်း ၂၀၀ ခန့်ကို ၂၀၂၁ ခုနှစ် ပထမ နှစ်လည်မှာ လက်ခံရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပူးတွဲ စစ်လက်နက်ပစ္စည်းများ လက်ခံရရှိခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ မှာ ကာကွယ်ရေး ဝန်ကြီးဖြစ်တဲ့ Sergei Shoigu က ကြေငြာခဲ့တာ ဖြစ်ပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးအဆိုအရ လက်ခံရရှိခဲ့တဲ့ စစ်လက်နက် ပစ္စည်းများတွင် MiG-35S ဘက်စုံသုံး တိုက်လေယာဉ်၊ Mi-8MTPR-1 နှင့် Ka-52 ရဟတ်ယာဉ်များ
ရေဒါ ၁၂ ခု၊ Bastion ရွေ့လျား ကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည်စနစ်၊ သင်္ဘော ၉ စီး အပါအဝင် Project 885M နျူကလီးယား စွမ်း အင် သုံး ပဲ့ထိန်း ဒုံးတင် ရေငုပ်သင်္ဘော Kazan နှင့် Project 21631 ကော်ဗက်စစ်ရေယာဉ် Grayvoron တို့ ပါဝင်ပါတယ်။

ကာကွယ်ရေး ဒုဝန်ကြီး Alexey Krivoruchko အဆိုအရ ရုရှား မြေပြင်တပ်ဖွဲ့များနှင့် လေကြောင်းချီ တပ်ဖွဲ့များအတွက် ပြုပြင်ထားသည့် မြေပြင်လက်နက် ၆၈ ခုနှင့် အသစ် ၇၀၊ ပြုပြင်ထားသည့် ယာဉ်ပေါင်း ၁၅၆ စီး နှင့် အသစ် ၁၆၃ စီး
အမြောက်နှင့် ရော့ကတ်စနစ် ၅၆ ခု နှင့် လူသယ်ဆောင်နိုင်သည့် လက်နက် ၁ သိန်း အပါအဝင် အသုံးအဆောင်ပစ္စည်းများကိုပါ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ရေး စက်မှုလုပ်ငန်း၏ CEO များ၏ အဆိုအရ T-90M Proryv ပင်မတိုက်ပွဲဝင် တင့်ကား ၂၆ စီး၊ BMP-3 ခြေလျင်တိုက်ခိုက်ရေး သံချပ်ကာယာဉ် ၆၀၊ 2S19M2 Msta-S ၁၅၂ မီလီမီတာ ယာဉ်တင်အမြောက် ၇ လက် တို့ကို ၂၀၂၁ မှာ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
Krivoruchko ဟာ ဒီနှစ်မတိုင်ခင်မှာ နောက်ထပ် T-14 အစီး ၂၀၊ T-90M တင့်ကား ၆၅ စီး၊ Iskander-M ရွေ့လျား နည်းဗျူဟာ ပဲ့ထိန်းဒုံးကျည် စနစ် တပ်မဟာ တခု နှင့် မောင်းသူမဲ့လေယာဉ် ၁၈ စင်း ကို လက်ခံရရှိဖို့ မျှော်လင့်ထားပါတယ်။
ရုရှား လေတပ်ကတော့ ပြင်ဆင်ထားတဲ့ လေယာဉ် ၃စင်း နှင့် အသစ် ၂ စင်း၊ ပြင်ဆင်ထားသည့် ရဟတ်ယာဉ် ၁၄ စင်းနှင့် အသစ် ၈ စင်း၊ Forpost-R မောင်းသူမဲ့လေယာဉ်စနစ် ၂ ခု နှင့် ဝေဟင်ပစ် လက်နက်ပေါင်း ၃၂,၀၀၀ ခန့်ကို ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ လက်ခံရရှိ ခဲ့ပါတယ်။

ဒါ့အပြင် လေတပ်ဟာ ပဥ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်တဲ့ Su-57 စုစုပေါင်း ၄ စင်းကို ဒီနှစ်ထဲမှာ လက်ခံ ရရှိဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၃ စီး၊ ဒီဇယ် လျှပ်စစ် စွမ်းအင်သုံး ရေငုပ်သင်္ဘော ၁ စီး နှင့် အခြား စစ်သင်္ဘော ၆ စီးကို ၂၀၂၁ ခုနှစ်အတွင်းမှာ ရုရှား ရေတပ်သို့ လွှဲပြောင်းပေးဦးမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။