ရုရှားလေတပ်ဟာ Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ Mi-8 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် အလယ်ပိုင်းစစ်ဒေသမှာ စစ်ရေးလေ့ကျင့်တော့မယ်လို့ သိရပါတယ်။
ဒီလေ့ကျင့်မှုဟာ ညပိုင်းစစ်ရေးလေ့ကျင့်မှုဖြစ်ပြီး အနိမ့်ပျံခြင်း နှင့် အလွန်အမင်း အနိမ့်ပျံသန်းခြင်း စစ်ကစားမှုများကို ရုရှား ဒေသသုံးခုမှာရှိတဲ့ လေယာဉ်ကွင်း ၄ ခုမှာ ပြုလုပ်မှာဖြစ်ပါတယ်။
Sverdlovsk, Chelyabinsk နှင့် Novosibirsk ဒေသများရှိ စစ်ဘက်ဆိုင်ရာ လေယာဉ်ကွင်းများတွင် လေယာဉ်မှူးပေါင်း ၁၀၀ ကျော်ဟာ ရန်သူ့နယ်မြေကင်းထောက်ခြင်း၊ အနိမ့်နှင့် အလွန်အမင်း အနိမ့်ပျံသန်းခြင်း နှင့် နှင်းများဖုံးလွှမ်းနေသည့် ပြင်ဆင်ထားခြင်းမရှိသည့် မြေပြန့်နှင့် သစ်တောများတွင် ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း အစရှိသည့် လေ့ကျင့်မှုများကို ပြလုပ်မှာဖြစ်ပါတယ်။
လေယာဉ်မှူးများဟာ ညဘက်စစ်ဆင်ရေး လေ့ကျင့်မှုအတွက် အထူးကိရိယာအနေဖြင့် GEO-ONV-1 ညကြည့်မြင်ကွင်းစနစ်များကို တိုက်ခိုက်ရေး ရဟတ်ယာဉ်များတွင် တပ်ဆင်အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုတွေဟာ ဖေဖော်ဝါရီ လလယ်လောက်မှာ ပြီးစီးမှာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာ Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ် အစီး ၃၀ ကျော်နှင့် Mi-8 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ပါရှိမှာဖြစ်ပြီး လေယာဉ်နှင့်မြေပြင်အမှုထမ်းများ၊ လေကြောင်းထိန်းချုပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၅၀၀ လောက်ဟာ နည်းဗျူဟာပေါင်း ၂၀ ကျော်လောက်ကို လက်တွေ့လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။
ZawGyi
႐ုရွားေလတပ္ဟာ Mi-24 တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ား၊ Mi-8 သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္မ်ားျဖင့္ အလယ္ပိုင္းစစ္ေဒသမွာ စစ္ေရးေလ့က်င့္ေတာ့မယ္လို႔ သိရပါတယ္။
ဒီေလ့က်င့္မႈဟာ ညပိုင္းစစ္ေရးေလ့က်င့္မႈျဖစ္ၿပီး အနိမ့္ပ်ံျခင္း ႏွင့္ အလြန္အမင္း အနိမ့္ပ်ံသန္းျခင္း စစ္ကစားမႈမ်ားကို ႐ုရွား ေဒသသုံးခုမွာရွိတဲ့ ေလယာဥ္ကြင္း ၄ ခုမွာ ျပဳလုပ္မွာျဖစ္ပါတယ္။
Sverdlovsk, Chelyabinsk ႏွင့္ Novosibirsk ေဒသမ်ားရွိ စစ္ဘက္ဆိုင္ရာ ေလယာဥ္ကြင္းမ်ားတြင္ ေလယာဥ္မႉးေပါင္း ၁၀၀ ေက်ာ္ဟာ ရန္သူ႔နယ္ေျမကင္းေထာက္ျခင္း၊ အနိမ့္ႏွင့္ အလြန္အမင္း အနိမ့္ပ်ံသန္းျခင္း ႏွင့္ ႏွင္းမ်ားဖုံးလႊမ္းေနသည့္ ျပင္ဆင္ထားျခင္းမရွိသည့္ ေျမျပန႔္ႏွင့္ သစ္ေတာမ်ားတြင္ ပ်ံတက္ျခင္းႏွင့္ ဆင္းသက္ျခင္း အစရွိသည့္ ေလ့က်င့္မႈမ်ားကို ျပလုပ္မွာျဖစ္ပါတယ္။
ေလယာဥ္မႉးမ်ားဟာ ညဘက္စစ္ဆင္ေရး ေလ့က်င့္မႈအတြက္ အထူးကိရိယာအေနျဖင့္ GEO-ONV-1 ညၾကည့္ျမင္ကြင္းစနစ္မ်ားကို တိုက္ခိုက္ေရး ရဟတ္ယာဥ္မ်ားတြင္ တပ္ဆင္အသုံးျပဳသြားမွာျဖစ္ပါတယ္။ ဒီေလ့က်င့္မႈေတြဟာ ေဖေဖာ္ဝါရီ လလယ္ေလာက္မွာ ၿပီးစီးမွာျဖစ္ပါတယ္။
ဒီအေတာအတြင္းမွာ Mi-24 တိုက္ခိုက္ေရးရဟတ္ယာဥ္ အစီး ၃၀ ေက်ာ္ႏွင့္ Mi-8 သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္မ်ား ပါရွိမွာျဖစ္ၿပီး ေလယာဥ္ႏွင့္ေျမျပင္အမႈထမ္းမ်ား၊ ေလေၾကာင္းထိန္းခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား စုစုေပါင္း အင္အား ၅၀၀ ေလာက္ဟာ နည္းဗ်ဴဟာေပါင္း ၂၀ ေက်ာ္ေလာက္ကို လက္ေတြ႕ေလ့က်င့္သြားမွာ ျဖစ္ပါတယ္။
Knowledgeworms Copyright © 2021