Wall Street Journal (WSJ) မှ သတင်းအရ ဇွန်လက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ ဂျနီဗာတွင် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ရုရှားဟာ အာရှ အလယ်ပိုင်း ဒေသများကို အမေရိကန် တပ်များအား လက်ခံခြင်း မပြုရန် သတိပေးခဲ့ပေမယ့် ဒေသတွင်း ရုရှား အခြေစိုက်စခန်းများတွင်တော့ အမေရိကန်တပ်များကို လက်ခံနိုင်ခြေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဓိက ပြဿနာကတော့ ဒါဟာ တကယ် အတည်ပေါက် ကမ်းလှမ်းမှု ဟုတ်လား မဟုတ်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာ ဖြစ်ပါတယ်။
မကြာသေးမီက WSJ ၏ အစီရင်ခံစာသစ်အရ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌဖြစ်သည့် ဗိုလ် ချုပ်ကြီး Mark Milley ဟာ ၎င်းနှင့် အဆင့်တူ ရုရှားမှ Valery Gerasimov နှင့် Helsinki မှာ တွေ့ဆုံခဲ့ပြီး ဒီ ကမ်းလှမ်းချက် အကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရုရှား သတင်းစာ Kommersant နှင့် အမေရိကန် အရာရှိများကို ကိုးကားပြီး WSJ မှ ဂျိုးဘိုင်ဒင်နှင့် ပူတင်တို့ တွေ့ဆုံချိန်မှာ ပူတင်က အမေရိကန်စစ်သားများကို လက်ခံရန် စိတ်ကူးရှိတယ် လို့ ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် သမ္မတပူတင်က ငြင်းခုံမှု တခုကို လုပ်ဖို့ ပြောဆိုတာလား၊ လေးနက်တဲ့ ကမ်းလှမ်းချက် အရိပ်အယောင်လားဆိုတာကို ရှင်းလင်းနိုင်ဖို့ ဗိုလ်ချုပ်ကြီး Milley ကို အမေရိကန် အမျိုးသား လုံခြုံရေး ကော်မတီမှ ဝန်ထမ်းများက မေးမြန်းခဲ့ပါတယ်။
WSJ အဆိုအရ ရုရှားမှ Gerasimov ပြောကြားမှုမှာ “မယုတ်မလွန် အနေအထားတခုဖြစ်ပြီး တရားဝင်တော့ မဟုတ်ဘူး” လို့ ဆိုပါတယ်။

အစည်းအဝေး၏ အဖြေကို အမေရိကန်က အသေးစိတ် မဖော်ပြဘဲ “အတိတ်က လက်တွေ့နှင့် အညီ နှစ်ဦးစလုံးဟာ ၎င်းတို့၏ ဆွေးနွေးမှု အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားရန် သဘောတူညီခဲ့ကြပါတယ်” လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားဟာ အာရှ အလယ်ပိုင်းဒေသတွင် ဆိုဗီယက်ခေတ်ကတည်းက ရှိခဲ့သည့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ များစွာ ရှိပါတယ်။
ဤအထူး ဆွေးနွေးမှုနှင့် အဆက်စပ်ဆုံးမှာ ကာဂျစ္စတန် မြို့တော် Bishkek ၏ အရှေ့ဘက် Kant လေတပ်အခြေစိုက်စခန်းနှင့် တာဂျစ်ကစ္စတန်ရှိ အမှတ် ၂၀၁ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတို့ ဖြစ်ပါတယ်။
အမှတ် ၂၀၁ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းဟာ ရုရှားတို့၏ အကြီးဆုံး နိုင်ငံပြင်ပရှိ စစ်အခြေစိုက်စခန်း ဖြစ်ပြီး တပ်ဖွဲ့ဝင် ၇ ထောင် ခန့် တပ်စွဲထားတာ ဖြစ်ပါတယ်။
ဘိုင်ဒင် နှင့် ပူတင် တို့ တွေ့ဆုံပြီး တလအကြာ ဇူလိုင်လ၌ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ရုရှားအနေဖြင့် အမေရိကန်တပ်များအား အာရှအလယ်ပိုင်းသို့ ပြန်လည်စေလွှတ်ခြင်း မပြုလိုကြောင်း သတင်းစကားကို ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် ပူတင်နှင့် တွေ့ဆုံစဉ်က အမေရိကန်တို့အနေဖြင့် အာဖကန်မှ ထွက်ခွာသွားပြီးနောက် ဒေသတွင်း ခြေကုပ်ယူပါက ရုရှား အခြေ စိုက် စခန်းများကို အသုံးပြုဖို့ ကမ်းလှမ်းဖွယ် ရှိတယ်ဆိုတဲ့ သတင်းများကို ထွက်လာစေတာ ဖြစ်ပါတယ်။
“ အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်း နိုင်ငံတွေကို အမေရိကန်ရဲ့ အမြဲတမ်း စစ်အင်အား ပြန်လည် နေရာချထားတာမျိုးကို လက်မခံနိုင်ဘူး” ဟု Ryabkov ကပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ အမေရိကန်တွေကို တိုက်ရိုက် ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ အဲဒါက အရေးကြီးတဲ့ ဒေသမှာ ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ရဲ့ အမြင်တွေတင်မကဘဲ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေးကိုပါ အများကြီး ပြောင်းလဲစေလိမ့်မယ် ဆိုတာပါ”
Ryabkov မှ ရုရှားဟာ အာရှအလယ်ပိုင်းဒေသသို့လည်း အလားတူ သတိပေးမှုများ ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
“ ကျွန်တော်တို့ဟာ သူတို့ကို ဒီလို ခြေလှမ်းတွေအတိုင်း သတိပေးခဲ့ပြီး ကျွန်တော်တို့ရဲ့ အာရှ အလယ်ပိုင်း မဟာမိတ်တွေ၊ အိမ်နီးချင်းတွေ၊ မိတ်ဆွေတွေ၊ ဒေသတွင်းက တခြားနိုင်ငံ တွေနဲ့လည်း ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ ”

ပူတင်၏ အကြံပေးမှုဟာ အစစ်အမှန် ဟုတ်မဟုတ် အရေးပါပေမယ့် သုံးသပ်ကြည့်ပါက ပူတင်ဟာ အမေရိကန်တို့ အာရှ အလယ်ပိုင်းကို ဝင်ရောက်ပါက ရုရှား ကို တံခါးတခု အဖြစ် မဖြစ်မနေ ဖြတ်သန်းရမည့် အနေအထားကို ဖန်တီးတာ ဖြစ်နိုင်ပါတယ်။
WSJ နှင့် ပြောဆိုခဲ့သည့် အမေရိကန် အရာရှိတဦး က အဆိုပါ သတင်းအား အတည်ပြုပုံရတဲ့ အနေအထားရှိပါတယ်။
၎င်းက “ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ မူဝါဒတွေ အပေါ် မူတည်ပြီး ဆက်လျှောက်သွားမှာ ဖြစ်ပါတယ်”
“အဖြစ်မှန်က ရုရှားဟာ ဒေသတွင်း ညီမျှခြင်း၏ အခရာ တစ်ခု ဖြစ်နေတာကြောင့် ကျွန်တော်တို့ဟာ သူတို့နဲ့ ထိတွေ့ ဆက်ဆံနေရပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အာရှ အလယ်ပိုင်း မျှခြေအတွက် ရုရှားနိုင်ငံကို ဘယ်သူ မှ ပစ်ပယ်နိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်တို့ အနေဖြင့်လည်း အာရှအလယ်ပိုင်း ဒေသများကို သူတို့ ကိုယ်တိုင် မပစ်ပယ်ရန်လည်း ဂရုစိုက်သင့်ပါတယ်လို့ ဆောင်းပါးက အကြံပြုထားပါတယ်။
ဥပမာအားဖြင့် တာဂျစ်ကစ္စတန်ဟာ သီအိုရီအရ အမေရိကန်အတွက် မိတ်ဖက်နိုင်ငံ ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
ဥဇဘက်ကစ္စတန်ဟာ တာဂျစ်ကစ္စတန်ထက် နည်းပညာပိုင်းအရ ပိုမို စွမ်းရည်ရှိတဲ့ မိတ်ဖက်ကောင်းတဦး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် တာလီဘန်များအား သံတမန်ရေးအရ လက်ခံခဲ့ခြင်းကြောင့် ဒေသတွင်း ပဏာမ ခြေလှမ်းများတွင် အမေရိကန်နှင့် ထိပ်တိုက်တွေ့နိုင်တဲ့ ၎င်း၏ ဆက်လက် ကြိုးပမ်းမှုများကြောင့် ဆက်ဆံရေးဟာ ကျဉ်းမြောင်းလာဖွယ်ရှိပါတယ်။
Reference: Thediplomat
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။