Russia လုပ် မောင်းသူမဲ့လေယာဉ်သစ်နှင့် Missile များအကြောင်း

Military

ပြည်ပသို့ရောင်းချရန်အလားအလာအများကြီးရှိသည့် ရုရှားတို့၏ နောက်ဆုံးထုတ် Orion ဟုအမည်ပေးထားသည့် အမေရိကန်လုပ် Predator ပုံစံ Drone မှ ပထမဆုံးဒုံးပျံပစ်ခတ် စမ်းသပ်ခဲ့ပါတယ်။


ရုရှားနိုင်ငံ၏ Orion မောင်းသူမဲ့ဝေဟင်ယာဉ်သည် ပဲ့ထိန်းဒုံးကျည်များကိုပထမဆုံးအကြိမ်အဖြစ် ပစ်ခတ်ခြင်းစမ်းသပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရဲ့ပထမဆုံး အပြည့်အဝတာဝန်ထမ်းဆောင်နိုင်တဲ့ လက်နက်တပ်ဆင်ထားတဲ့ drone တွေထုတ်လုပ်ဖို့ သိသာထင်ရှားတဲ့ခြေလှမ်းတစ်ခုကို လှမ်းတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။


Orion Drone

အဆိုပါ drone နှင့် guided glide bombs များကိုလဲစမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။ ရုရှားရဲ့ပြောကြားရာမှာတော့ ဒီ guided bomb တွေကို ဆီးရီးယားစစ်မြေပြင်မှာ ၂၀၁၈ လောက်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး ပိုပြီးအစွမ်းထက်တဲ့ ပဲထိန်းဒုံးကျည်တွေကိုတော့ အခုမှစပြီးစမ်းသပ်တာလို့ဆိုပါတယ်။


ဘယ်လိုဒုံးကျည် အမျိုးအစားကိုပစ်ခတ်ခဲ့တယ်လို့ မသိရှိရပေမယ့် အရွယ်အစားသေးငယ်တဲ့ ပဲထိန်းဒုံးကျည်လို့ အစီရင်ခံချက်တွေမှာဖော်ပြခဲ့တဲ့အတွက် ရုရှားတို့ရဲ့လက်ရှိ ပဲထိန်းပုံစံပြောင်း 57mm S-5 ဒုံးကျည်တွေဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။

S-5


ဤလက်နက်ဟာ အမေရိကန်ဒီဇိုင်း အဆင့်မြင့်တိကျသောလက်နက်စနစ် AGR-20A II (APKWS II) Advanced Precision Kill Weapon System II ဖြစ်တဲ့ Hydra 70 unguided rocket ကို လေဆာလမ်းညွှန်စနစ်တပ်ဆင်ထားသည် နှင့်ဆင်တူပါတယ်။


ရုရှားနိုင်ငံ၏ မောင်းသူမဲ့လေယာဉ်များအတွက် ပိုမိုခေတ်မီလမ်းညွှန်နိုင်သော ဒုံးကျည်များကိုရုရှား Tactical Missile Corporation (KTRV) ကတီထွင်လျှက်ရှိပါတယ်။ ကုမ္ပဏီအနေဖြင့် မောင်းသူမဲ့ဝေဟင်ယာဉ်များ (UAVs) တွင် ပေါင် ၁၁၀ နှင့် ၂၂၀ ပေါင်ဒုံးကျည်များတပ်ဆင်နိုင်ရန်

Hydra 70


ထုတ်လုပ်လျှက်ရှိသော်လည်း လက်ရှိအချိန်ထိ ပေါင် ၁၁၀ Kh-50 ဒုံးကျည်များကိုသာ လူသိရှင်ကြားထုတ်ဖော်ပြသထားပါတယ်။ မကြာသေးမီကစမ်းသပ်မှုများ၌ အသုံးပြုထားသော လမ်းညွှန်ပဲ့ထိန်းဒုံးကျည်များတွင် Kronshtadt မှထုတ်ဖော်ပြသထားသော ၁၁၀ ပေါင်ရှိသောလက်နက် ၂ မျိုးပါ ၀င်နိုင်ပါတယ်။


၎င်းတို့သည် KAB-50 နှင့် UPAB-50 တို့ဖြစ်နိုင်ပါတယ်။ KAB ကို လေဆာပဲထိန်းစနစ်နှင့် လမ်းကြောင်းတည့်မတ်ပေးတဲ့ ဗုံးအဖြစ်ဖန်တီးထားပြီး၊ UPAB ကတော့ universal gliding ဆိုသည့်အတိုင်း အကွားအဝေးအတော်အတန် အထိရောက်အောင် ပစ်ခတ်ပြီးသည့်အခါ ဒုံးကျည်မှ တောင်ပံများထပ်မံဖြန့်ကျက်ထားပါတယ်။

KAB 20


ဒါပေမယ့်ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ၂၀၂၁ ပြက္ခဒိန်တွင် Orion Drone ကို Kronshtadt ကထုတ်လုပ်တဲ့ ၄၄ ပေါင် KB-20 ဗုံး သယ်ဆောင်နေတဲ့ပုံကို ဖော်ပြထားပါတယ်။ အဆိုပါဗုံးဟာ တူရကီ TB 2 drone များမှ ပစ်ခတ်သည့် MAM-L ဗုံးများနှင့်ဆင်တူပြီး အာမေနီးယား အဇာဘိုင်ဂျန်စစ်ပွဲတွင်အောင်မြင်မှုများရရှိခဲ့တဲ့ လက်နက်တွေဖြစ်ပါတယ်။

MAM-L

၂၀၂၀ ပြည့်နှစ် ဧပြီလတွင် Kronshtadt ရဲ့ ပထမဆုံး Orion မောင်းသူမဲ့လေယာဉ်စနစ်ကို အဆိုပါ မောင်းသူမဲ့ လေယာဉ်သုံးစီးအပါအ၀င် ရုရှားဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
သို့သော်ထိုအချိန်တွင် Kronshtadt ကို မှာယူစဉ်က နည်းပညာသတ်မှတ်ချက်များတွင်မပါ၀င်သော ထပ်ဆောင်းလိုအပ်ချက်များ ၀န်ကြီးဌာနမှ လိုချင်သေးသောကြောင့် drone များကို လွှဲပြောင်းပြီးနောက် ကုမ္ပဏီသို့ပြန်လည်ပို့ဆောင်စေပြီး မွန်းမံမှုများ ထပ်မံပြုလုပ်စေခဲ့ပါတယ်။
စုစုပေါင်းအလေးချိန်ပေါင် ၂,၂၅၀ ခန့်ရှိပြီး ၂၄ နာရီပျံသန်းတာဝန်ထမ်းဆောင်နိုင်သည့် ရုရှား ၏ Orion မောင်းသူမဲ့လေယာဉ်ဟာ အမေရိကန်တို့ရဲ့ 2018 ကအနားပေးခဲ့တဲ့ MQ-1 နှင့်သာယှဉ်နိုင်ပြီး လက်ရှိတွင် အမေရိကန်လေတပ်အနေဖြင့် ပေါင် ၁၀၅၀၀ အလေးချိန်ရှိ MQ-9 Reaper များကိုအသုံးပြုနေပါတယ်။


နောက်ထပ် MQ-9 ကိုအစားထိုးမည့် ဗျူဟာမြောက် မောင်းသူမဲ့လေယာဉ်ကိုလဲ လက်ရှိမှာ Develop လုပ်နေကောင်း လုပ်နေပြီဖြစ်လို့ drone နည်းပညာမှာတော့ ရုရှားအနေဖြင့် အနည်းငယ်နောက်ကျနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။

US လုပ် MQ-9 Reaper နှင့် MQ-1 Predator

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *