ရုရှားတို့၏ SSX-X-30 “Satan II” လို့သိကြတဲ့ RS-28 Sarmat ဒုံးကျည်အသစ်ပြီးစီးရန် နီးကပ် လာပြီလို့သိရပါတယ်။
ယခင် ကတည်းက ဒီဒုံးကျည်ဟာ တခြား ဒုံးကျည်များထက် ထိပ်ဖူးပိုမိုသယ်ဆောင်နိုင်ပြီး ပြင်သစ် သို့မဟုတ် အမေရိကန် တက်ဆက်စ် ပြည်နယ် အရွယ် အစားလောက်အထိ ဖျက်ဆီးနိုင်တယ်လို့ ဆိုထားပါတယ်။
ဒီဇင်ဘာမှာပြုလုပ်ခဲ့တဲ့ သတင်းစားရှင်းလင်းပွဲမှာ သမ္မတပူတင်က ဒီဒုံးကျည်အသစ်ပြီးဆုံးဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာနျူကလီးလား စောင့်ကြည့်ရေးအဖွဲ့မှ ရုရှားတို့၏ ဒုံးကျည်ဟာ အကြီးစားနျူကလီးယားထိပ်ဖူး ၁၀ ခုသို့မဟုတ် အလယ်အလတ်ထိပ်ဖူး ၁၅ ခု အထိ သယ်ဆောင်နိုင်ဖွယ်ရှိပြီး ဧရိယာများကို ဖြန့်ကျက်ထိခိုက်စေနိုင်တယ်လို့ ပြောထားပါတယ်။

လက်ရှိ အမေရိကန်တို့၏ LGM-30G Minuteman III သည် ထိပ်ဖူး ၃ ခုထိသာ သယ်ဆောင်နိုင်ပါသေးတယ်။ ဒီဇင်ဘာ ၃၀ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီး Alexey Krivoruchko က ရုရှားစစ်ဘက်ဆိုင်ရာ သတင်းစာ Krasnaya Zvezda သို့
“Sarmat ၏ ထိပ်ဖူးများ သယ်ဆောင်နိုင်စွမ်းကို အတည်ပြုပြီးဖြစ်ကြောင်း မဝေးတော့တဲ့အနာဂတ်မှာဒီဒုံးကျည်စနစ်ကိုလေယာဉ်စမ်းသပ်မှုများစတင်တော့မှာဖြစ်ကြောင်း ” ပြောကြားခဲ့ပါတယ်။
ဒီ Sarmat ဒုံးကျည်အသစ်ကို မည်သည့်အချိန်တွင် စတင်စမ်းသပ်မလဲဆိုတာ မသိရသေးပေမယ့် လွန်ခဲ့တဲ့ လအနည်းက အသံထက် ၈ ဆကျော်ခန့်နှုန်းဖြင့် ပစ်ခတ်နိုင်သည့် 3M-22 Tsirkon (Zircon) ဒုံးကျည်အား ပင်လယ်ပြင်တွင် စမ်းသပ်မှုအပါအဝင် နျုကလီးယားဒုံးကျည်စမ်းသပ်မှုပေါင်း များစွာပြုလုပ်ခဲ့ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ လွန်ခဲ့တဲ့နှစ်များအတွင်း တိုးတက်လာတဲ့အတွက် ယခုလို လေကြောင်းကာကွယ်ရေးစနစ်များကို ကောင်းကောင်းလွှမ်းမိုးနိုင်မယ့် Sarmat လိုမျိုး ဒုံးကျည်ကို ရုရှားတို့က ထုတ်လုပ်ပြလိုက်တာဖြစ်ပါတယ်။
ပူတင်ကတော့ ဒါဟာ မိမိတို့၏ နျူကလီးယားစွမ်းရည်နှင့် လုံးဝမသက်ဆိုင်ဘဲ မိမိတို့အတွက်ကာကွယ်ရန် ဒုံးကျည်ကာကွယ်ရေးစနစ်များတည်ဆောက်သည့်အပြင် ဒီဒုံးကျည်ကာကွယ်ရေးစနစ်များကိုပါ မထိခိုက်စေရန် Hypersonic လက်နက်များကို ထုတ်လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဒုံးပျံကာကွယ်ရေးစာချုပ်မှ အမေရိကန်တို့ နှုတ်ထွက်သွားပြီးကတည်းက ရုရှားနှင့် အမေရိကန်ဟာ လက်နက်အသစ်တွေ ပြိုင်ဆိုင်တဲ့အနေအထားကို ရောက်နှင့်နေပြီးပြီဟုလည်း ပူတင်ကပြောကြားသွားပါသေးတယ်။
သမ္မတပူတင်ဟာ မည်သည့်စာချုပ်ကို ရည်ညွှန်းသလဲ မသိရပေမယ်ံ ၂၀၂၀ ခုနှစ်မှာ အမေရိကန်သမ္မတာ ဂျော့ဘုရှ်ဟာ Anti-Ballistic Missile (ABM) treaty တိုက်ချင်းပစ်ဒုံးပျံကာကွယ် ရေး စာချုပ်မှ နှုတ်ထွက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ သမ္မတ ထရမ့်မှ Intermediate-Range Nuclear Forces (INF) Treaty အလယ်အလတ်အဆင့် နျူကလီးယား စွမ်းအင်စာချုပ်မှ နှုတ်ထွက်ခဲ့ပါတယ်။
Knowledgeworms Copyright © 2021