ရုရှားလုပ် Project 22160 ကင်းလှည့်စစ်ရေယာဉ်အကြောင်း

Knowledge Military

Project 22160 သည် ရုရှားရေတပ်တွင် လက်ရှိအသုံးပြုနေသည့် ကင်းလှည့်သင်္ဘောများ ဖြစ်ပါတယ်။ အဆိုပါရေယာဉ်များကို အဓိကအားဖြင့် ပင်လယ်ပြင်တွင် ကင်းလှည့်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကာကွယ်ခြင်း အစရှိတဲ့စစ်ဆင်ရေးများဆောင်ရွက်ရန် ထုတ်လုပ်ထားတာဖြစ်ပါတယ်။


ပထမဆုံးသင်္ဘောကို ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလတွင် ရေချခဲ့ပြီး ၂၀၁၆ ဒီဇင်ဘာတွင် နောက်ထပ် ၅ စီးကို တည်ဆောက်နေပါတယ်။ လက်ရှိမှာ ၃ စီးအထိတည်ဆောက်ပြီးစီးထားပါတယ်။

ဒီ တန် ၁၇၀၀ project 22160 ဟာ အရှည် ၉၄ မီတာ အကျယ် ၁၄ မီတာနှင့် ရေစူး ၃.၄ မီတာရှိပါတယ်။ တစ်နာရီကို ၂၅-၃၀ နော်တီကယ်မိုင်နှုန်းနှင့်မောင်းနှင့်နိုင်ပြီး ရက်ပေါင်း ၆၀ မှာ မိုင်ပေါင်း ၆၀၀၀ ထိစစ်ဆင်နိုင်ပါတယ်။

Special force များနှင့် တွဲဖက်စစ်ဆင်ပြီး သံသယရှိတဲ့ သင်္ဘောများကို လိုက်လံဖမ်းဆီးခြေမှုန်းနိုင်ရန်အတွက် မြန်နှုန်းမြှင့် မော်တော်ဘုတ်တစ်စီး နှင့် ချေမှုန်းရေး မော်တော်ဘုတ်တစ်စီးပါဝင်တဲ့အပြင် စစ်သည် အယောက် ၆၀ စာ နေရာပါရှိပါတယ်။

ကော်ဗတ်တစ်စီးအနေဖြင့်လည်း မောင်းသူမဲ့မော်တော်ဘုတ်တွေ၊ ရေအောက်သွားယာဉ်ငယ်တွေတပ်ဆင်ပြီးအဆင့်မြှင့်နိုင်ပါသေးတယ်။ အနောက်ဘက်မှာတော့ ၁၂ တန်ရှိတဲ့ ရဟတ်ယာဉ်တင်ဆောင်နိုင်တဲ့ လေယာဉ်ရုံပါရှိပြီး မောင်းသူမဲ့လေယာဉ် ၂ စီးကိုပါတင်ဆောင်နိုင်ပါတယ်။


တပ်ဆင်ထားတဲ့ရေဒါတွေကတော့ Bagira МР-123-02 fire control radar နှင့် Pozitiv-ME 1.2 3D radar (လေကြောင်းပစ်မှတ်ကို ၁၅၀ ကီလိုမီတာမှထောက်လှမ်းနိုင်) တွေဖြစ်ပါတယ်။

တပ်ဆင်ထားတဲ့လက်နက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

АK-176МА-01 artillery gun mount 1х1 76,2 mm (ထိရောက်မှုအကွာအဝေး ၁၅ ကီလိုမီတာ)

Club-N integrated missile VLS system (ထိရောက်မှုအကွာအဝေး ၃၀၀ ကီလိုမီတာ၊ ဒုံးကျည်အရေအတွက် ၈ ခု၊ အမြန်နှုန်း အသံထက် ၂.၉ဆ၊ ခရုဇ်မစ်ဇိုင်းအမျိုးအစားဖြစ်ပြီး နောက်ဆုံးအဆင့် အနိမ့်ဆုံးပျံသန်းနိုင်သည့်အမြင့်သည် ၁၅ ပေဖြစ်)

Palma anti-aircraft missile and artillery system (ထိရောက်မှုအကွာအဝေး ၁၀ ကီလိုမီတာ နှင့် ၅ ကီလိုမီတာ/ဒုံးကျည် ၈ ခုနှင့် ကျည် ၁၀၀၀)

၂၀၁၈ ခုနှစ်၊ ဧပြီလတွင် အယ်လ်ဂျီးရီးယား မှ Sosna ပဲ့ထိန်းဒုံးကျည်များ ပါဝင်သည့် Club-N ဒုံးကျည်စနစ်နှင့် Palma လေကြောင်းကာကွယ်ရေးစနစ် တပ်ဆင်ထားသော Project 22160 ကင်းလှည့်ရေယာဉ် ၄ စီးကို ဝယ်ယူရန်စိတ်ဝင်စားမှုပြ ပြီးသည့်နောက်စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေကြောင်းသတင်း ရရှိပါတယ်။


ရုရှားသည် ဆီးရီးယားတွင် တိုက်ခိုက်ရေးဒုံးကျည်များ အသုံးပြုပြီးနောက် Kalibr ဒုံးကျည်များတပ်ဆင်ထားသည့် သင်္ဘောများ ၀ယ်လိုအား တိုးတက်လာခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *