ဥရောပလေပိုင်နက်တွင် ရုရှားလေယာဉ်များစစ်ရေးလှုပ်ရှားမှုမြင့်တက်

News

ဉရောပမဟာမိတ်နိုင်ငံများ၏ လေကြောင်းနယ်ပယ်အတွင်း ရုရှားစစ်တပ်၏ လှုပ်ရှားမှုသည်ယခုနှစ်မှာ အနည်းငယ် ပိုမိုလှုပ်ရှားမှုရှိနေပါတယ်။ ဒီနှစ်ပိုင်းအတွင်း ဉရောပတခွင်မှာ အမျိုးအမည်မသိ လေယာဉ်များအား နောက်ယောင်ခံလိုက်ခြင်းနှင့် နယ်မြေလုံခြုံရေးအတွက် လိုက်ပါစောင့်လျှောက်ရမှုပေါင်း အကြိမ် ၄၀၀ ထက်မနည်း ရှိတယ်လို့ နေတိုး တပ်ဖွဲ့ က ပြောကြားထားပါတယ်။


တနင်္လာနေ့တွင်ထုတ်ပြန်သောကြေညာချက်မှာတော့ ၉၀ ရာခိုင်နှုန်းနီးပါး (သို့) ထိုမစ်ရှင်များရဲ့ ၃၅၀ ခန့်သည် ရုရှားစစ်လေယာဉ်များ၏ပျံသန်းမှုနှင့်ဆက်စပ်နေသည်ဟုနေတိုးကပြောကြားခဲ့ပါတယ်။

“ဒီလိုလေကြောင်းကျူးကျော်မှုဟာ ၂၀၁၉ ကထက်စာရင် အသင့်အတင့် ပိုမိုတိုးတက်လာတာပါ”


ဟုနေတိုးကပြောကြားခဲ့သည်။ ရုရှားစစ်လေယာဉ် များဟာသူတို့၏ အနေအထားနှင့်အမြင့်ကိုညွှန်ပြသည့် transponder ကုဒ်များကိုမကြာခဏထုတ်လွှင့်ခြင်းမပြုခြင်း၊ လေယာဉ်ပျံသန်းမှုအစီအစဉ်များကိုမထုတ်ပြန်ခြင်း သို့မဟုတ် လေကြောင်းထိန်းသိမ်းရေးစင်တာများနှင့် ဆက်သွယ်မှု မရှိသောကြောင့် အရပ်ဖက် လေကြောင်းလိုင်းများတွက် အန္တရာယ်ရှိတဲ့အနေအထားဖြစ်နေတယ်လို့လည်း ပြောပါတယ်။

လက်ရှိ NATO အဖွဲ့တွင် တွင်လေကြောင်းစစ်ဆင်ရေးစင်တာ (၂) ခုရှိပါတယ်။ အဆိုပါ လေကြောင်းစစ်ဆင်ရေးစင်တာများကို ဉရောပမြောက်ပိုင်းလေကြောင်းနယ်နိမိတ်အတွက် ဂျာမနီတွင် ၁ ခုနှင့် ဉရောပတောင်ပိုင်းလေကြောင်းနယ်နိမိတ်အတွက် စပိန်တွေင် ၁ ခု ထားရှိပြီး လုံခြုံရေးလုပ်ငန်းနှင့် စစ်ဆင်ရေးကိစ္စများကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *