ရုရှား ကင်းလှည့် စစ်ရေယာဉ် ရေဒါမှာ မပေါ်ဘဲ ကျောက်ချမှသိရ

Knowledge

ရုရှားစစ်သင်္ဘောတစ်စီးဟာ ဆီးရီးယားရှိ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားကြောင်း သိရပြီး ၎င်းသင်္ဘောဟာ ပင်လယ်ပြင်အတွင်းမှာ ရှိနေစဉ် ရေဒါတွေမှာ မမြင်တွေ့ခဲ့ရဘူးလို့ သိရပါတယ်။

အဲဒါကတော့ ရုရှား ပင်လယ်နက်ရေယာဉ်အုပ်မှ ညွှန်ကြားချက်အရ စေလွှတ်လိုက်တဲ့ Dmitri Rogchev လို့အမည်ရတဲ့ ဒုံးတင် ကင်းလှည့်စစ်ရေယာဉ်ဖြစ်ကာ ရုရှားရေတပ်၏ အမြဲတမ်းလုပ်ငန်း ဆောင်ရွက်မှု အပိုင်းကိုဆောင်ရွက်ရန် ဆီးရီးယားမှာ ကျောက်ချ ရပ်နားထားတာဖြစ်ပါတယ်။

ဒီ အဆင့်မြင့် ရေဒါပျောက် ဒုံးတင်ကင်းလှည့် သင်္ဘောဟာ Bosporus နှင့် Dardanelles ရေလက်ကြားကို ဖြတ်သန်းသွားပြီးနောက် ဆီးရီးယားရှိ တာတူးစ် ဆိပ်ကမ်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Dmitri Rogchev ဟာ ရုရှား၏ Project 22160 ရေယာဉ် ၃ စီးအနက်မှ ဒုတိယမြောက် ထုတ်လုပ်ခဲ့တဲ့ ရေယာဉ်ဖြစ်ကာ ၂၀၁၉ ခုနှစ်က တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။

ရုရှားရေတပ်မှ Project 22160 ဒုံးတင်ကင်းလှည့် စစ်ရေယာဉ် ၆ စီးအထိ တည်ဆောက်ဖို့ ရည်ရွယ်ထားကာ ပထမဆုံးသင်္ဘောကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရေချခဲ့ပြီး လက်ရှိမှာ ၃ စီး တည်ဆောက်ပြီးစီးတာ ၃ စီးမှာ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။

ဒီ တန် ၁၇၀၀ ရှိတဲ့ project 22160 ရေယာဉ်ဟာ အရှည် ၉၄ မီတာ၊ အကျယ် ၁၄ မီတာနှင့် ရေစူး ၃.၄ မီတာရှိပါတယ်။ တစ်နာရီကို ၂၅-၃၀ နော်တီကယ်မိုင်နှုန်းနှင့် မောင်းနှင်နိုင်ပြီး ရက်ပေါင်း ၆၀ ထိ ဆက်တိုက် တာဝန် ထမ်းဆောင်နိုင်ကာ မိုင်ပေါင်း ၆၀၀၀ ထိ စစ်ဆင်နိုင်ပါတယ်။

Special force များနှင့် တွဲဖက်စစ်ဆင်ပြီး သံသယရှိတဲ့ သင်္ဘောများကို လိုက်လံဖမ်းဆီးခြေမှုန်းနိုင်ရန်အတွက် မြန်နှုန်းမြှင့် မော်တော်ဘုတ်တစ်စီး နှင့် ချေမှုန်းရေး မော်တော်ဘုတ်တစ်စီးပါဝင်တဲ့အပြင် စစ်သည် အယောက် ၆၀ စာ နေရာပါရှိပါတယ်။

ကောဗတ်တစ်စီး အနေဖြင့်လည်း မောင်းသူမဲ့မော်တော်ဘုတ်တွေ၊ ရေအောက်သွားယာဉ်ငယ်တွေ တပ်ဆင်ပြီးအဆင့်မြှင့်နိုင်ပါသေးတယ်။

အနောက်ဘက်မှာတော့ ၁၂ တန်ရှိတဲ့ ရဟတ်ယာဉ်တင်ဆောင်နိုင်တဲ့ လေယာဉ်ရုံပါရှိပြီး မောင်းသူမဲ့လေယာဉ် ၂ စီးကိုပါတင်ဆောင်နိုင်ပါတယ်။

ZawGyi

႐ုရွားစစ္သေဘၤာတစ္စီးဟာ ဆီးရီးယားရွိ ဆိပ္ကမ္းတစ္ခုမွာ ဆိုက္ကပ္ထားေၾကာင္း သိရၿပီး ၎သေဘၤာဟာ ပင္လယ္ျပင္အတြင္းမွာ ရွိေနစဥ္ ေရဒါေတြမွာ မျမင္ေတြ႕ခဲ့ရဘူးလို႔ သိရပါတယ္။

အဲဒါကေတာ့ ႐ုရွား ပင္လယ္နက္ေရယာဥ္အုပ္မွ ၫႊန္ၾကားခ်က္အရ ေစလႊတ္လိုက္တဲ့ Dmitri Rogchev လို႔အမည္ရတဲ့ ဒုံးတင္ ကင္းလွည့္စစ္ေရယာဥ္ျဖစ္ကာ ႐ုရွားေရတပ္၏ အၿမဲတမ္းလုပ္ငန္း ေဆာင္႐ြက္မႈ အပိုင္းကိုေဆာင္႐ြက္ရန္ ဆီးရီးယားမွာ ေက်ာက္ခ် ရပ္နားထားတာျဖစ္ပါတယ္။

ဒီ အဆင့္ျမင့္ ေရဒါေပ်ာက္ ဒုံးတင္ကင္းလွည့္ သေဘၤာဟာ Bosporus ႏွင့္ Dardanelles ေရလက္ၾကားကို ျဖတ္သန္းသြားၿပီးေနာက္ ဆီးရီးယားရွိ တာတူးစ္ ဆိပ္ကမ္းကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။

Dmitri Rogchev ဟာ ႐ုရွား၏ Project 22160 ေရယာဥ္ ၃ စီးအနက္မွ ဒုတိယေျမာက္ ထုတ္လုပ္ခဲ့တဲ့ ေရယာဥ္ျဖစ္ကာ ၂၀၁၉ ခုႏွစ္က တပ္ေတာ္ဝင္ခဲ့တာျဖစ္ပါတယ္။

႐ုရွားေရတပ္မွ Project 22160 ဒုံးတင္ကင္းလွည့္ စစ္ေရယာဥ္ ၆ စီးအထိ တည္ေဆာက္ဖို႔ ရည္႐ြယ္ထားကာ ပထမဆုံးသေဘၤာကို ၂၀၁၄ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ေရခ်ခဲ့ၿပီး လက္ရွိမွာ ၃ စီးတည္ေဆာက္ၿပီးစီးတာ ၃ စီးမွာ ေဆာက္လုပ္ေနဆဲ ျဖစ္ပါတယ္။

ဒီ တန္ ၁၇၀၀ ရွိတဲ့ project 22160 ေရယာဥ္ဟာ အရွည္ ၉၄ မီတာ၊ အက်ယ္ ၁၄ မီတာႏွင့္ ေရစူး ၃.၄ မီတာရွိပါတယ္။ တစ္နာရီကို ၂၅-၃၀ ေနာ္တီကယ္မိုင္ႏႈန္းႏွင့္ေမာင္းႏွင့္ႏိုင္ၿပီး ရက္ေပါင္း ၆၀ ထိ ဆက္တိုက္ တာဝန္ထမ္းေဆာင္ႏိုင္ကာ မိုင္ေပါင္း ၆၀၀၀ ထိစစ္ဆင္ႏိုင္ပါတယ္။

Special force မ်ားႏွင့္ တြဲဖက္စစ္ဆင္ၿပီး သံသယရွိတဲ့ သေဘၤာမ်ားကို လိုက္လံဖမ္းဆီးေျခမႈန္းႏိုင္ရန္အတြက္ ျမန္ႏႈန္းျမႇင့္ ေမာ္ေတာ္ဘုတ္တစ္စီး ႏွင့္ ေခ်မႈန္းေရး ေမာ္ေတာ္ဘုတ္တစ္စီးပါဝင္တဲ့အျပင္ စစ္သည္ အေယာက္ ၆၀ စာ ေနရာပါရွိပါတယ္။ ေကာဗတ္တစ္စီးအေနျဖင့္လည္း ေမာင္းသူမဲ့ေမာ္ေတာ္ဘုတ္ေတြ၊ ေရေအာက္သြားယာဥ္ငယ္ေတြတပ္ဆင္ၿပီးအဆင့္ျမႇင့္ႏိုင္ပါေသးတယ္။
အေနာက္ဘက္မွာေတာ့ ၁၂ တန္ရွိတဲ့ ရဟတ္ယာဥ္တင္ေဆာင္ႏိုင္တဲ့ ေလယာဥ္႐ုံပါရွိၿပီး ေမာင္းသူမဲ့ေလယာဥ္ ၂ စီးကိုပါတင္ေဆာင္ႏိုင္ပါတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *