ရုရှားမှ လေကြောင်းကာကွယ်ရေး စနစ်သစ် S-550 ကို ထုတ်လုပ်နေတဲ့ အကြောင်း

Military News

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဟာ နိုဝင်ဘာလ ၉ ရက်နေ့က S-550 လေကြောင်းကာကွယ်ရေးစနစ် ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ကြေငြာခဲ့ပါတယ်။

ဒီအကြောင်းကို နိုင်ငံပိုင် မီဒီယာများမှ ဖော်ပြခဲ့ကြပြီး ယခင် မော်ဒယ် ဖြစ်တဲ့ S-500 နှင့် ဆက်စပ်မှု ရှိမယ် ညွှန်းဆိုထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဆိုချီမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးတခုအတွင်း

“ပြည်တွင်း လေကြောင်းကာကွယ်ရေး နှင့် ဒုံးကျည်ကာကွယ်ရေး နစ်စများ ခေတ်မှီဖွံ့ဖြိုး တိုးတက်မှုနှင့် အရေးပါသည့် S-350၊ S-500 နှင့် S-550 တို့ကို စစ်တပ်သို့ ပေးပို့နိုင်မှုတို့ကို အထူးအလေးပေး ဆောင်ရွက်နိုင်ခဲ့သည်” ဟု ပြောဆိုခဲ့ပါတယ်။

လေကြောင်းကာကွယ်ရေး စနစ်သစ် တခုဖြစ်နိုင်တဲ့ S-550 အကြောင်းကို နောက်ပိုင်း အသေးစိတ်အနေဖြင့်တော့ မဖော်ပြထားပါဘူး။

Kapustin Yar စက်ပစ်ကွင်းတွင် စမ်းသပ် ပစ်လွှတ်ခဲ့သည့် S-500 ၏ ပထမဆုံး ဓာတ်ပုံများကိုတော့ ဇူလိုင်လတွင် ထုတ်ဖော်ပြသခဲ့ပြီး ကာလ ကြာရှည်စွာ ကြန့်ကြာနေခဲ့တဲ့ ဒီ ဒုံးကျည်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ မတိုင်ခင်လောက်မှာ တပ်တော်ဝင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

S-500 များ အများအပြား ထုတ်လုပ်မှုကို ယခုနှစ် ဩဂုတ်လအတွင်းမှာ စတင်ခဲ့ပြီး ၎င်း လေကြောင်းကာကွယ်ရေး စနစ်ဟာ ဗုံးကြဲလေယာဉ်ကြီးများနှင့် AEW ဂျက်လေယာဉ်များကဲ့သို့ တန်ဖိုးမြင့် ပစ်မှတ်များအပြင် တိုက်ချင်းပစ် ဒုံးကျည်များနှင့် ဂြိုဟ်တုများကိုပါ ပစ်ခတ်နိုင်မယ်လို့ သိရပါတယ်။

S-500 နှင့် ဆင်တူသည့် တခုတည်းသော လေကြောင်းရန် ကာကွယ်ရေး စနစ်မှာ S-400 ကဲ့သို့ တာဝေးပစ် ဒုံးကျည်များကို ကာကွယ်ဖို့ ဒီဇိုင်းဆွဲထားသည့် တာလတ်ပစ် ဒုံးကျည်စနစ်သစ် S-350 ဖြစ်ပြီး ကျယ်ပြန့်သည့် ကွန်ယက်၏ တစိတ်တပိုင်းလဲ ဖြစ်ပါတယ်။

တာဝေးပစ် ဒုံးကျည်များဖြစ်သည့် S-400 နှင့် S-500 များဟာ စွယ်စုံ ပစ်ခတ်နိုင်သော်လည်း အလယ်အလတ် အကွာအဝေးနှင့် ပွိုင့် ကာ ကွယ်ရေးများ အပါအဝင် ပိုမို တိုတောင်းသည့် အကွာအဝေးများတွင် ကောင်းစွာ အလုပ်မလုပ်နိုင်သည့် အားနည်းချက်တော့ ရှိပါတယ်။

S-400 စနစ်

S-550 ဟာ S-350 ၏ နောက်မျိုးဆက် ဖြစ်လာနိုင်သော်လည်း ၂၀၀၇ ခုနှစ်ကတည်းက အသုံးပြုနေသည့် S-400 များနေရာတွင် အစားထိုးဖို့လည်း ဖြစ်နိုင်ပါတယ်။

သတင်းများအရ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် S-400 များ ထုတ်လုပ်မှု လည်ပတ်မှုဟာ ကုန်ဆုံးခါနီးသို့ ရောက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။

အလားတူ ဖြစ်နိုင်ချေရှိတာက S-550 ဟာ S-500 ကဲ့သို့ တူညီသော နည်းပညာကို အခြေခံပြီး နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဒီဇိုင်းဆွဲထားတာလည်း ဖြစ်နိုင်ပါတယ်။

သမ္မတပူတင်၏ S-350၊ S-500 နှင့် S-550 တို့ကို အတူတကွ ပြောဆိုခဲ့သည့်အတွက် ဖြစ်နိုင်ချေအများဆုံးကတော့ S-400 နေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ပါတယ်။

အခြား ဖြစ်နိုင်ခြေများကတော့ ဂြိုဟ်တု တိုက်ခိုက်ရေး စစ်ပွဲ ကဲ့သို့ သီးခြား အခန်း ကဏ္ဍ တခုအတွက် ရည်ရွယ်ထားသည့် S-500 ၏ ပိုမို ထူးခြားတဲ့ ဗားရှင်းသစ်တခု အနေဖြင့် ထုတ်လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အသေးစိတ် အချက်အလက်များ မရရှိခင်အထိတော့ ထင်မြင်ချက်တွေ အမျိုးမျိုး ရှိနေမှာ ဖြစ်ပေမယ့် မကြာခင်မှာ S-550 အကြောင်းကို ယခုထက် ပိုမို သိရှိလာနိုင်ဖွယ်တော့ ရှိပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *