အိမ်မွေးကြောင်နှင့် ကျား၊ ခြင်္သေ့ကဲ့သို့ ကြောင်မျိုးရင်းဝင်များ တူညီသည့် အချက်အချို့

Knowledge Nature

ကြောင်မျိုးရင်ဝင်များဖြစ်တဲ့ ကျားတွေ၊ ကျားသစ်တွေ၊ ခြင်္သေ့တွေ စတဲ့ ကြောင်ကြီးမျိုးတွေဟာ ဘယ်လောက်ပဲ အကောင်ကြီးပါစေ ကြောင်တွေနဲ့ တူညီတဲ့ အချက်တွေ ရှိပါတယ်။

အောက်ပါ အချက်များဟာ အိမ်မွေးကြောင်များနှင့် တူညီသည့် ၎င်းတို့၏ အမူအကျင့်များ ဖြစ်ကြပါတယ်။

၁။ အိမ်သာသုံး စက္ကူလိပ်များနှင့် ကစားတတ်

အိမ်ရှိ အိမ်သာသုံး စက္ကူလိပ်များဟာ ကြောင်ကလေးများအတွက် ကစားစရာ တခုလို ဖြစ်နေပါတယ်။

အံ့အားသင့်စရာ ကောင်းတာက တိရိစ္ဆာန်ရုံတွေမှာ စမ်းသပ်မှုအရ ကြောင်မျိုးရင်းဝင်ကြီးများဟာလည်း အိမ်သာသုံး စက္ကူ လိပ်များနှင့် ဆော့ကစားတတ်တာကို တွေ့ရပါတယ်။

၂။ ပုံးများနှင့် ကစားတတ်

ကြောင်တွေဟာ သူတို့ကိုယ်သူတို့ လုံခြုံတယ်လို ခံစားရဖို့ စက္ကူပုံး ကဲ့သို့ ပုံးများကို အသုံးပြုတတ်ပြီး အဆိုပါ ပုံးများနှင့်လည်း ကစားတတ်ပါတယ်။

အလားတူ ကျား၊ ပူမာ ခေါ် တောင်ခြင်္သေ့နှင့် တောကြောင်ကြီးများဟာလည်း ပုံးများနှင့် ဆော့ကစားတတ်ပါတယ်။

၃။ လေဆာများနှင့် ကစားခြင်း

သင့်အိမ်က ကြောင်တွေလိုပဲ အခြား ကြောင်မျိုးရင်းဝင်ကြီးများဟာ လေဆာ အလင်းတန်းတွေကို လိုက်ဖမ်းတတ်ပါတယ်။

၄။ အမွှေးများကို သနေလေ့ရှိ

အိမ်မွှေးကြောင်များ၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း လောက်ဟာ ၎င်းတို့ နိုးထိနေတဲ့အချိန် တော်တော်များများမှာ ကိုယ့်ကိုကိုယ် လျှက်ပြီး အမွှေးများကို သနေတတ်ပါတယ်။

အခြား ကြောင်မျိုးရင်းဝင်များတွင်လည်း ဒီလို အမူအကျင့်တွေရှိပြီး ဒါဟာ ကပ်ပါးကောင်များကို သန့်ရှင်းစေတာ အေးမြစေတယ်လို့ သိရပါတယ်။

၅။ စကားပြော

ခြင်္သေ့၊ ကျားသစ်၊ ကျားနှင့် ဂျာဂွားကျားသစ်များဟာ ဟိန်းဟောက်နိုင်ကြပါတယ်။

ဟိန်းဟောက်နိုင်သည့် ကြောင်မျိုးများ နှင့် မဟိန်းဟောက်နိုင်သည့် ကြောင်မျိုးများ အားလုံးဟာ အိမ်မွေးကြောင်တွေကဲ့သို့ လူတွေကို အသံပေးပြီး စကားပြောသလို ပြောတတ်ကြပါတယ်။

၆။ အိပ်ရတာ ကြိုက်နှစ်သက်ကြ

ကြောင်များဟာ တနေ့လျှင် ပျမ်းမျှအားဖြင့် ၁၆ နာရီမှ နာရီ ၂၀ ကြား အိပ်စက်ကြလေ့ ရှိပါတယ်။

၎င်းတို့ဟာ စွမ်းအင်ကို ထိန်းသိမ်းထားဖို့ အိပ်စက်ကြတာဖြစ်ပြီး ကြောင်ကဲ့သို့ အခြား ကြောင်မျိုးရင်းဝင် များဟာလည်း အ လားတူ အိပ်စက်ကြလေ့ ရှိပါတယ်။

၇။ အစားနှင့် ပတ်သက်လျှင် သည်းမခံတတ်

အိမ်မွေးကြောင်ဖြစ်စေ အခြား တောရိုင်းကြောင်ကြီးမျိုးဝင် များဖြစ်စေ ၎င်းတို့ဟာ အစာနှင့် ပတ်သက်လို့ ရန်လို တတ်ပါတယ်။

အိမ်မှ ကြောင်ကလေးဟာ လက်တဖက်နှင့် အစာကို ဖိထားပြီး မာန်ဖီနေသည့် ပုံစံမျိုးကို ကြောင်မျိုးရင်းဝင်များ အားလုံးမှာ တွေ့ရမှာ ဖြစ်ပါတယ်။

၈။ နှိပ်နယ်ပေးတာကို နှစ်သက်

အိမ်မွေးကြောင်ကလေးတွေကို နှိပ်နယ်ပေးရင် ကျေနပ်တဲ့ အသံပေးကာ ထပ်မံ နှိပ်ပေးရန် အသံပြုတတ်သကဲ့သို့ ကြောင်မျိုးရင်းဝင်ကြီးများဟာလည်း ထိုကဲ့သို့ ပြုမူလေ့ရှိပါတယ်။

၉။ အနံ့ပြင်းပြင်းရပါက ပါးစပ်ကို ဟထားတတ်

အိမ်မွေးကြောင်နှင့် ကြောင်မျိုးရင်းဝင်ကြီးများဟာ အနံ့ခံ အလွန်ကောင်းကြပါတယ်။

၎င်းတို့ အားလုံးဟာ အလွန်နံတဲ့ အနံ့မျိုးရပါက ပါးစပ်ကို ဟထားက အသက်ရှူလို့ ပိုမိုကောင်းအောင် ပြုမူတတ်ကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.