အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့ ကာလီဖိုးနီယားပြည်နယ် တက္ကသိုလ်မှ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်များအရ ပင့်ကူများနှင့်ငရုပ်သီး တို့တွင် တူညီသော မဟာဗျူဟာတစ်ရပ်ရှိနေကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။
ပင့်ကူ နှင့် ငရုပ်သီးသည် ရန်သူများ လာရောက် မနှောင့်ယှက်နိုင်အောင် တားဆီးကာကွယ်ရေး မဟာဗျူဟာ အသုံးပြုတတ်ကြပါတယ်။

သိပ္ပံပညာရှင်များ ရေးသားဖော်ပြရာတွင် အနောက် အိန္ဒိယ ကျွန်းစုမှာရှိတဲ့ တာရန်တူလာ မွှေးရှည် ပင့်ကူကြီးများသည် ရန်သူကို သတ်ဖြတ်ရန် အတွက်သာ အဆိပ်များကို ထုတ်လုပ်ခြင်းမဟုတ်ဘဲ ရန်သူတွင် နာကျင်မှုဝေဒနာ နှင့် ရောင်ရမ်းမှု ဖြစ်ပေါ်စေရန်အတွက်လည်း အဆိပ်များထုတ်လုပ်တတ်ကြောင်း တွေ့ရတယ်လို့ဆိုပါတယ်။

သက်မဲ့ပစ္စည်းဖြစ်တဲ့ ငရုပ်သီးကလည်း တာရန်တူလာပင့်ကူ ကဲ့သို့ပင် အဆိပ်များထုတ်လုပ်တိုက်ခိုက်တတ်သည်ဟု ဆိုပါတယ်။
ထို့ကြောင့် လူသားတို့မစားနိုင်လောက်အောင် ပူစပ်အရသာကို ထုတ်လုပ်ခြင်းဖြစ်သည်ဟု သိရပါတယ်။
Source: Science Daily (2006)
ZawGyi
ပင့်ကူ နှင့် ငရုပ်သီး တူနေသည့်အချက်