Samsung ဟာ လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာ ၎င်း၏ ထုတ်ကုန်သစ်များကို ပြသမှာဖြစ်သည်နှင့်အတူ Samsung အသုံးပြုသူများရဲ့ မျှော်လင့်ချက်များဟာလည်း အလွန်မြင့်တင်နေပါတယ်။
မကြာသေးမီက Snoopytech ဆီမှတဆင့် ပေါက်ကြားလာတဲ့ ပုံများအရ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Samsung ဟာ လာမယ့် ဩဂုတ်လ ၁၁ ရက်နေ့မှာ Galaxy Watch 4၊ Galaxy Buds 2၊ Galaxy Z Flip 3 နှင့် Galaxy Z Gold 3 တို့ကို ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
Samsung ၏ Galaxy Z Fold 3 မှာ ယခင်က ပြသနာများကို ဖြေရှင်းထားဖွယ်ရှိ
ပုံများမှတဆင့် Z Fold 3 ၏ အသေးစိတ်ပုံကိုတွေ့ရပြီး ဖုန်း၏ မျက်နှာပြင် အောက်မှ selfie ကင်မရာကိုလည်း တွေ့ရှိရပါတယ်။ ဒီလို မျက်နှာပြင် အောက်မှာ ကင်မရာ ထားရှိနိုင်မှုဟာ Samsung ၏ front-facing ကင်မရာများ ဒီဇိုင်းထုတ်ရန် အဆက်မပြတ် ကြိုးပမ်းမှု၏ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီကင်မရာဟာ သုံးစွဲသူများကို အာရုံမပျက်စေရန်နှင့် ၎င်းတို့ကို အသုံးမပြုလျှင် ၎င်းကို မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Samsung ဟာ ဒီ ဒီဇိုင်းကို အခုထိ ရရှိနိုင်တဲ့ device များတွင် အသုံးမပြုရသေးပါဘူး။
Z Fold 3 ၏ ဒီဇိုင်းဟာ အရင်မော်ဒယ်တွေနှင့် သိပ်တော့ ကွာခြားမှုမရှိပါဘူး။ ဒါပေမယ့် ပိုမိုပါးလွှာတဲ့ ကျောဘက် ကင်မရာအပိုင်း၊ မျက် နှာ ပြင် ပတ်လည်မှာ သေးငယ်တဲ့ ဘေးဘောင်တွေနဲ့ ကွာခြားချက် အနည်းငယ်တော့ ရှိပါတယ်။
ဓာတ်ပုံတွေ ပေါက်ကြားလာပေမယ့် ၎င်းမှာ ပါဝင်တဲ့ အချက်အလက်တွေ specification တွေကိုတော့ အတည်ပြုမထားပါဘူး။ ဒါပေမယ့် Z Fold 3 ကို ၇.၅၅ လက်မ ခေါက်နိုင်တဲ့ မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။

ဆိုလိုတာကတော့ ယခု ဖုန်းအသစ်ဟာ ယခင် ဖုန်းနှင့် အရွယ်အစား တူညီမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဂျာမန်နည်းပညာ ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Winfuture.de မှာ Galaxy Z Flip 3 နှင့် Galaxy Buds 2 ရဲ့ render လုပ်ထားတဲ့ ပုံများ ဖော်ပြထားပါသေးတယ်။
Samsung ၏ Galaxy Z Flip 3 ကို ကုမ္ပဏီ၏ လာမည့် ခေါက်နိုင်တဲ့ စမတ်ဖုန်း စာရင်းတွင် ပိုမိုပေါ့ပါးပြီး ကျစ်လစ်သိပ်သည်းသော ဖုန်းတလုံး ဖြစ်လာရန် စီစဉ်ထားပုံရပါတယ်။
Z Flip 3 ၏ အခြေခံ ဒီဇိုင်းဟာ ယခင် ဖုန်းကို အခြေခံထားပေမယ့် အနည်းငယ် ချဲ့ထားတဲ့ အဖုံးမျက်နှာပြင်ကို တွေ့ရပါတယ်။ စိတ်မကောင်းစရာကတော့ Stylus ကို အတူ ထည့်သွင်းပေးထားမှာ မဟုတ်ပါဘူး။

ယခု Samsung ၏ ခေါက်နိုင်တဲ့ screen နည်းပညာဟာ ယခင်ထက် ပိုမို တာရှည်ခံမှုကို ပြသလိမ့်မလား ဆိုတာတော့ မသိရသေးပါဘူး။
ဒီအချက်တွေအပြင် နောက်ထပ် မေးစရာ မေးခွန်းတခုက Z Flip 3 ရဲ့ မျက်နှာပြင်ဟာ တခြမ်းခေါက်ထားတဲ့အခါ တွန့်နေသေးလား ဆိုတာပါပဲ။
မကြာသေးမီက ထွက်ပေါ်လာတဲ့ ဓာတ်ပုံများအရ Z Flip 3 ကို အရောင်မျိုးစုံ ရွေးချယ်နိုင်မှာဖြစ်ပြီး အစိမ်းပုတ်၊ ရွှေရောင်၊ အနက်ရောင်နှင့် ခရမ်းဖျော့တို့ကို တွေ့ရပါတယ်။
Samsung Galaxy Buds 2၊ Galaxy 4 Classic နှင့် အခြား ထုတ်ကုန်များ
ဒေါ်လာ ၁ ထောင်မှ စတင်မည်ဟူသည့် ကောလဟာလများအရ Z Flip 3 ဟာ ဝယ်ယူမယ့်သူများကို ပုံမှန် မျက်နှာပြင်နှင့် လိုချင်လား ဒါမှမဟုတ် ဈေးနှုန်း အတူတူကို ပိုပြီး အကြမ်းခံပြီး ခေါက်လို့ရတဲ့ မျက်နှာပြင်ကို လိုချင်လား ဆိုတဲ့ ခက်ခဲတဲ့ ရွေးချယ်မှုကို ဖြစ်စေမှာပါ။
Galaxy Buds 2 ကတော့ ၎င်း၏ ယခင် မျိုးဆက်များဖြစ်တဲ့ Galaxy Buds+ နှင့် Galaxy Buds တို့ကို အစားထိုးသွားမှာဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ပုံများအရ Galaxy Buds 2 ကို အစိမ်းရောင်၊ အဖြူရောင် နှင့် အနက်ရောင်တို့ဖြင့် ရရှိနိုင်တာကို တွေ့ရပါတယ်။
ခေတ်မှီသော လူနေမှုပုံစံကို အဆင့်မြှင့်ရာတွင် Samsung ၏ ကြိုးမဲ့နားကြပ်သစ်ဟာ ဆူညံ့သံတွေကို ဖယ်ရှားပေးနိုင်ပြီး မြို့နေလူများအတွက် မရှိမဖြစ် လိုအပ်လာမည့် နားကြပ်ဖြစ်လာဖွယ် ရှိပါတယ်။
ယခင်က ANC (active noise cancellation) ပါဝင်တဲ့ Galaxy Buds Pro သို့မဟုတ် Galaxy Buds Live အတွက် ငွေအမြောက်အများ ပေးခဲ့ရပေမယ့် ယခု Galaxy Buds 2 မှာတော့ ဈေးနှုန်းချိုသာစွာဖြင့် ရရှိဖွယ်ရှိပါတယ်။

လာမယ့် Galaxy Buds 2 တွင် wireless charging စနစ်ပါဝင်မှာဖြစ်ပြီး ရေစိုမှုကို ခံနိုင်မှာဖြစ်တဲ့အတွက် နားကြပ်ဟာ ချွေးအနည်းငယ်ထွက်ခြင်း သို့မဟုတ် မျက်နှာကို ရေနှင့် အပတ်ခံရလောက်ရုံနဲ့ ပျက်စီးမှာ မဟုတ်ပါဘူး။
Gizmodo ၏ သတင်းများအရ ဥရောပတွင် Galaxy Buds 2 ၏ ဈေးနှုန်းဟာ ၁၄၉ ယူရိုခန့်ကျသင့်မှာဖြစ်ပြီး ဒေါ်လာအနေဖြင့် ၁၇၅ အမေရိကန်ဒေါ်လာ ခန့် ကျသင့်ဖွယ်ရှိပါတယ်။
91mobiles မှာတော့ setup လုပ်ငန်းစဉ်များ ပါဝင်သည့် Galaxy 4 Classic ၏ ပုံရိပ်အချို့ကို ပေါက်ကြားလာတာ တွေ့ရပါတယ်။
ဒါဟာ Samsung ၏ novel One UI watch ၏ ပထမဆုံး အွန်လိုင်း ပေါက်ကြားမှု တခုဖြစ်ပေမယ့် မိတ်ဆက်နှင့် အချိန် setting menu များသာ သိရတဲ့အတွက် UI Watch ၏ အသေးစိတ် လုပ်ဆောင်နိုင်တာတွေကိုတော့ မသိရှိရပါဘူး။
Samsung က ဩဂုတ်လ ၁၁ ရက်နေ့ ၎င်းရဲ့ ထုတ်ကုန်သစ်တွေကို ပြသတဲ့အခါမှာတော့ အသေးစိတ်သိရမှာဖြစ်ပေမယ့် မမြင်ရခင် ရင်ခုန်ရအောင် ပေါက်ကြားလာသည့် ပုံများအကြောင်းကို ဖော်ပြလိုက်ပါတယ်။