Neuromorphic computing ဆိုတာဟာ အာရုံကြောစနစ်တွင်ရှိတဲ့ အာရုံကြောဆိုင်ရာ ဗီသုကာ ဇီဝဗေဒ ဗီသုကာတွေကို တုပနိုင်ဖို့ အီလက်ထရောနစ် analog ဆားကစ်များပါဝင်တဲ့ အလွန်ကြီးမားသော ပေါင်းစည်းမှု စနစ်များကို အသုံးပြုခြင်းဖြစ်ပါတယ်။
မကြာသေးမီ နှစ်များအတွင်း ကျွန်ုပ်တို့ရဲ့ ဦး နှောက်-ကွန်ပျူတာ ဆက်နွယ်မှု နှင့် ထူးခြားမှု ကို တွေ့ခဲ့ရပြီး လူသားများရဲ့ စိတ်ဟာ ကွန်ပျူ တာ ကွန်ယက်များ နှင့် ချိတ်စပ်မှု ရှိနိုင်ကြောင်း အခိုင်အမာဆိုခဲ့ကြပါတယ်။
ယခုအခါ Samsung Electronics ဟာ ကမ္ဘ့ာ ခြေလှမ်း အသစ် တစ်ခု ဖြစ်လာမည့် ဦးနှောက်ကို ကောင်းစွာ အတုယူ နားလည်နိုင်တဲ့ ဦးနှောက် အာရုံကြော ချစ်ပ်ပြားများကို တီထွင်ကြပါတယ်။
အဆိုပါ ချစ်ပ်ပြားတွေဟာ ဦနှောက် အာရုံကြော ဆက်သွယ်မှုဖြင့် ချစ်ပ်ပြားပေါ်တွင် ကူးယူပြီး copy နှင့် paste လုပ်နိုင်မည် ဟုဆိုပါတယ်။
Samsung နှင့် Harvard တက္ကသိုလ်တို့မှ ဦး ဆောင်အင်ဂျင်နီယာများ နှင့် ပညာရှင်တွေက nanoelectrode array ကို အသုံးပြုပြီး ဦး နှောက်အာရုံကြောဆက်သွယ်မှုမြေပုံကို ကော်ပီကူးရန် နှင့် solid-state memories တွေအတွက် သိပ်သည်းဆမြင့်မားတဲ့ သုံးဖက်မြင် ကွန်ယက်ပေါ်သို့တင်နိုင်ဖို့ ဖြစ်ပါတယ်။
အဆိုပါ copy နဲ့ paste လုပ်နိုင်မည့် နည်းကို အသုံးပြုနိုင်မည့် မှတ်ဉာဏ်ချစ်ပ်ပြားတစ်ခုကို တီထွင်နိုင်ဖို့ အဖွဲ့က မျှော်မှန်းထားကြပါတယ်။
၎င်းဟာ လက်ရှိနည်းပညာတွေလက်လှန်းမမှီတဲ့ ဦးနှောက်ရဲ့ထူးခြားတဲ့ တွက်ချက်မှု လက္ခဏာများကိုလည်း ခန့်မှန်းနိုင်ပါတယ်။
၁၉၈၀ ခုနှစ်ထဲက စတင်ခဲ့တဲ့ neuromorphic engineering ရဲ့ မူလပန်းတိုင်က ဆီလီကွန်ချစ်ပ်ပြားတွေပေါ်မှာ အာရုံကြောကွန်ယက်များ၏ တည်ဆောက်ပုံ နှင့် လုပ်ဆောင်ချက်တွေကို အတုခိုးဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့အခက်အခဲတွေကြောင့် ( ဦးနှောက်ရဲ့ ပိုမိုကောင်းမွန်သေ ာလုပ်ဆောင်ချက်တွေကို ဖန်တီးဖို့ ဦးနှောက်အာရုံကြောအရေအတွက် မည်မျှရှိသည်ကို မသိရသေးသောကြောင့်)၊ သူတို့ရဲ့ပန်းတိုင်က ဦးနှောက်ကို ပြင်းပြင်းထန်ထန် အတုခိုးတာထက် ဒီဇိုင်းဆွဲဖို့ဘဲ ဖြစ်လာပါတယ်။

Samsung ရဲ့ ကိုင်တွယ် ဖြေရှင်းနည်းတွေမှာ neuromorphic engineering ရဲ့ မူလပန်းတိုင်ကို ပြန်သွားခြင်းလဲ ပါဝင်ပါတယ်။
၎င်းဟာ အာရုံခံဆဲလ်များစွာကို ထိရောက်စွာ ရိုက်သွင်းနိုင်သော nanoelectrode array ကို အသုံးပြု၍ ၎င်းတို့ရဲ့ လျှပ်စစ်အချက်ပြမှုကို အာရုံခံနိုင်စွမ်းမြင့်မားစွာ တီထွင်ထားပါတယ်။
ဒီကြီးမားတဲ့ intracellular မှတ်တမ်းတွေကို ကွဲပြားတဲ့ အာရုံကြောဆက်သွယ်မှု အသေးစိတ်တွေနဲ့ ဦးနှောက်အာရုံကြော wiring mapပေါ်မှာ စုစည်းဖို့ အသုံးပြုပါတယ်။
ဒါဟာ ကျွန်ုပ်တို့ကို wiring map အား copy လုပ်နိုင်ပြီး solid-state drive (SSD) ဒါမှမဟုတ် resistive random access memories (RRAM) စတဲ့ ကွန်ယက်တွေထဲကို paste ပြန်လုပ်နိုင်မည်ဖြစ်ပါတယ်။
သိသာထင်ရှားတာက သုတေသနအတွက် ပထမဆုံး သရုပ်ပြမှုအတွက် ဆယ်စုနှစ်များစွာကုန်လိမ့်မည်ဟုဆိုပါတယ်။
လူ့ဦးနှောက်တွင် အာရုံကြောပေါင်း ၁၀၀ ဘီလီယံ ကျော် နှင့် ထောင်ပေါင်းများစွာသော synaptic ဆက်သွယ်မှုတွေ ရှိပါတယ်။
ဒါကြောင့် neuromorphic ချစ်ပ်ပြားအတွက် ၁၀၀ ထရီလီယံ ဒါမှမဟုတ် ဒါထက်ပိုတဲ့ memories တွေ လိုအပ်ပါတယ်။
ဒီလေ့လာမှုဟာ တိုက်ရိုက်ဒေါင်းလုပ်ဆွဲခြင်းဖြင့် အာရုံကြောမြေပုံအား မှတ်ဉာဏ်ကွန်ယက်ထဲသို့ ကူးထည့်ရန်အမြန်နည်းလမ်းတစ်ခုဘဲ ဖြစ်ပါတယ်။
အဆိုပါ neuromorphic ချစ်ပ်ပြားတစ်ခု ရှိဖို့ များစွာသောစိန်ခေါ်မှုတွေကြားထဲက တစ်ခုဟာ 3D memory ပေါင်းစည်းခြင်းမှတဆင့် ဖြစ်နိုင်ချေရှိတဲ့ ချစ်ပ် တစ်ခုထည်းတွင် များစွာသော memories တွေပေါင်းစပ်ခြင်းဖြစ်ပါတယ်။
အဆိုပါ နည်းပညာဟာ Samsung က ဦးဆောင်သည်ဟု ဆိုထားပြီး သူတို့ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ကျန်ရစ်စေမည် ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။