ကမ္ဘာပေါ်က သဲတွေ နေ့စဥ်နှင့်အမျှ ကုန်ဆုံးနေပြီး ရှားပါးစာရင်းဝင်လာတဲ့အကြောင်း

Knowledge Science

သဲတွေဟာ သဘာဝနှင့်ကမ္ဘာကြီးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပြီး အဖိုးတန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေကို ပံ့ပိုးပေးသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးပါတယ်။

၎င်းတို့ဟာ ဘိလပ်မြေမှ ဆေးသုတ်ခြင်းအပါအဝင် လူ့အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

သို့သော်လည်း ထုတ်ယူမှု၊ အရင်းအမြစ်၊ အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုတို့မှာ ကြီးကြီးမားမား မလုပ်ဆောင်ဘဲ ဆက်လက်သုံးစွဲမှုတွေကြောင့် သတိမမူမိဘဲ ပတ်ဝန်းကျင်ပြဿနာများကို ဖြစ်ပေါ်စေတယ်ဟု အစီရင်ခံစာအသစ်မှာ တွေ့ရှိခဲ့ပါတယ်။

ရိုးရိုးရှင်းရှင်းပြောရရင် ကမ္ဘာကြီးရဲ့ အချို့သောနေရာတွေမှာ သဲများကုန်နေပြီပဲ ဖြစ်ပါတယ်။

မြို့ပြနှင့် လူဦးရေတိုးပွားမှုတို့ကြောင့် ဝယ်လိုအားများ မြင့်တက်နေချိန်မှာ ကမ္ဘာတစ်ဝှမ်းရှိ သဲ​တွေရဲ့အခန်းကဏ္ဍကို ကြည့် ရှုလေ့လာခဲ့တဲ့ ကုလသမဂ္ဂပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) က အစီရင်ခံစာအသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

သဲတွေဟာ ကမ္ဘာပေါ်မှာ အမြတ်ထုတ်ဆုံး သဘာဝသယံဇာတဖြစ်ပြီး ၎င်းကို ဘူမိဗေဒဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် အစား ထိုးနိုင်တာထက် ပိုမိုမြန်ဆန်စွာ အသုံးပြုနေကြောင်း UNEP မှ ပြောကြားခဲ့ပါတယ်။

“သဲအရင်းအမြစ်တွေဟာ ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းမှုမရှိပဲ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းများရဲ့ လိုအပ်ချက်များကို မဖြည့် ဆည်းနိုင်သည့် အနေအထားကို ယခု ကျွန်ုပ်တို့ အနေနဲ့ ကြုံတွေ့ရတော့မှာ ဖြစ်တယ်” ဟု UNEP ရဲ့ စီးပွား​ရေး ဌာနခွဲမှ ဒါရိုက်တာ Sheila Aggarwal-Khan က အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခုထိန်းသိမ်းမှုတွေကို ဆောင်ရွက်မယ်ဆိုရင် သဲအကျပ်အတည်းကို ရှောင်ရှားနိုင်ပါသေးတယ်”ဟုလည်း ဆိုပါတယ်။

အရေးစိုက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တစ်ခုဖြစ်တဲ့အကြောင်း

သဲ၊ ကျောက်တွေဟာ ရေပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယ အမြတ်အစွန်းအများဆုံး သဘာဝ အရင်းအမြစ်ဖြစ်ပြီး ၎င်းတို့ကို သုံး စွဲမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း သုံးဆတိုးလာကာ တစ်နှစ်လျှင် ခန့်မှန်းခြေ မက်ထရစ်တန် ၄၀ မှ ၅၀ ဘီလီယံအ ထိ ရောက်ရှိခဲ့ကြောင်း UNEP မှ ဆိုပါတယ်။

သဲကို ဆောက်လုပ်ရေးလုပ်ငန်းတွေအပြင် ကမ်းရိုးတန်းဒေသတွေမှာ ရေလွှမ်းမိုးမှုဒဏ်ကို ကာကွယ်ဖို့အတွက် ကုန်ကြမ်းအဖြစ် အသုံးပြုကြပါတယ်။

သဲသုံးစွဲမှုကို အကန့်အသတ်မရှိဟု ထင်မြင်​ကြသော်လည်း တကယ်တော့ မမှန်ပါဘူး။

သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့သဲဟာ အချိန်အတိုင်းအတာတစ်ခုအနေနဲ့ အကန့်အသတ်ရှိပြီး ပြန်လည်သက်တမ်းမတိုးနိုင်တဲ့အတွက်ကြောင့် ၎င်းကိုအသုံးပြုမှုနှင့် ပြန်လည်ဖြစ်ပေါ်လာမှုကို အနီးကပ်ဆန်းစစ်ပြီး ပြန်လည်အကဲဖြတ်ဖို့ လိုအပ်တယ်ဟု UNEP မှ ပြောကြားခဲ့ပါတယ်။

နေရာများစွာမှာ သဲရဲ့အရေးပါမှုကို ကျွန်ုပ်တို့ပင် ထည့်သွင်းစဉ်းစားခြင်းမရှိသည့်အပြင် ဂေဟစနစ်များအတွက် ၎င်းရဲ့အရေးပါမှုကိုလည်း နောက်တွင် ချန်ထားလေ့ရှိကြပါတယ်။

သဲထုတ်ယူခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်ကြပြီး အင်းအိုင်များနှင့် မြစ်များကို သောင်တူးခြင်းမှ အမျိုးမျိုးသော မြေတူးဖော်ခြင်းနှင့် ကျောက်ခွဲခြင်းအထိ ပြုလုပ်ကြပါတယ်။

ဒါဟာ မြစ်ရေတိုက်စားမှု၊ လေထုညစ်ညမ်းမှု၊ မြေယာအသုံးပြုမှု အပြောင်းအလဲများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ ကျုံ့သွားခြင်းကဲ့သို့သော ထင်ရှားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေပြီး လူမှုစီးပွားပဋိပက္ခများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

UNEP ရဲ့ အစီရင်ခံစာကို ညှိနှိုင်းဆောင်ရွက်သူ Pascal Peduzzi က သက်ရောက်မှုအချို့ကို ခံစားနေရပြီ ဖြစ်ကြောင်း သ တင်း ထောက်များကို ပြောကြားခဲ့ပါတယ်။

ဥပမာအားဖြင့် မဲခေါင်မြစ်အတွင်း သဲထုတ်ယူခြင်းဟာ မြစ်ဝကျွန်းပေါ်ဒေသကို နစ်မြုပ်သွားစေပြီး သီရိလင်္ကာမြစ်အတွင်း သဲဖယ်ရှားခြင်းဟာ ရေစီးဆင်းမှုကို ပြောင်းပြန်ဖြစ်စေပါတယ်။

လေ့လာမှုများက သဲနှင့်ကျောက်စရစ်ထုတ်ယူမှုကြောင့် ခြိမ်းခြောက်ခံနေရတဲ့ တိရစ္ဆာန်နှင့် အပင်မျိုးစိတ် ၁,၀၀၀ ခန့်ကို အကြံပြုထားပြီး မျိုးစိတ်ပေါင်း ၂၄,၀၀၀ အထိ ကျယ်ပြန့်နိုင်တယ်ဟု ဆိုပါတယ်။

သို့သော်လည်း အခြေအနေက ပိုမိုဆိုးရွားနိုင်ပြီး အထူးသဖြင့် သဲကိုသုံးစွဲမှုဟာ လာမည့်နှစ်များအတွင်း သိသိသာသာကြီးထွားလာမည်ဟု မျှော်လင့်ထားကြောင်း UNEP မှ ပြောကြားခဲ့ပါတယ်။

UNEP က သဘာဝအတိုင်းဖြစ်ပေါ်နေသောသဲကိုအသုံးပြုမည့်အစား ကွန်ကရစ်နှင့်သတ္တုတွင်းအကြွင်းအကျန်များကဲ့သို့သော ပြန်လည်အသုံးပြုသည့်ပစ္စည်းများမှ သဲကိုပြန်လည်အသုံးပြုပြီး ၀ယ်လိုအားလျှော့ချဖို့ တောင်းဆိုထားပါတယ်။

၎င်းတို့ရဲ့ အစီရင်ခံစာထဲမှာ ကမ်းခြေတူးဖေါ်ခြင်းကို တားမြစ်ခြင်းနှင့် သမုဒ္ဒရာ ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်စေနိုင်သော အဏ္ဏဝါသောင်တူးခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာစံနှုန်းတစ်ခု ဖန်တီးဖို့လည်း အကြံပြုထားတာကို တွေ့ရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *