သဲမုန်တိုင်းတွေ အကြောင်း

Article Nature

ခရီးရှည်သွားရတာကို နှစ်သက်ခုံမင်သူတွေကတော့ ကမ္ဘာပေါ်ရှိ အစွန်အဖျားဆုံးနေရာအချို့ကို အလည်အပတ်ရောက်ဖို့ စိတ်ကူးယဉ်ဖူးကြမှာပါ။

အန္တာတိကတိုက်ကို ရွက်လွှင့်ပြီး နှင်းတွေနဲ့ ရေခဲပေါ်မှာ ထိုင်ပြီး အချိန်ဖြုန်းရတဲ့ ခံစားမှုတွေကို ကြိုက်နှစ်သက်ကြမှာပါ။

ဒါတင်မကသေးပါဘူး။

ခြောက်သွေ့တဲ့ ဆာဟာရ သဲကန္တာရကိုဖြတ်ပြီး ကုလားအုတ်စီးကာ အခြားတစ်ဖက်စွန်းသို့ သွားဖူးချင်ကြမှာပါ။

သဲကန္တာရထဲမှာ နေရောင်ခြည် တောက်တောက်ကို ခံနိုင်ရည်ရှိဖို့ ကြိုးစားရင်းနဲ့ အေးမြတဲ့ လေနုအေးကို ခံစားရနိုင်ပါတယ်။ သို့သော် သတိထားစရာတွေလည်း ရှိပါတယ်။

ပူပြင်းတဲ့နေ့တွေမှာ ဆာဟာရရဲ့လေနုအေးလေးက လန်းဆန်းမှုကို ခံစားရနိုင်ပေမယ့် အဲဒီလေပြေဟာ သဲတွေကို သယ်ဆောင်လာပြီး မြင်သမျှအရာအားလုံးကို တွန်းတိုက်မယ့်လေအဖြစ် ပြောင်းလဲသွားရင်တော့ သဲမုန်တိုင်းနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ်။

သဲမုန်တိုင်းများက မြေပြင်မှ သဲမှုန်များကို သယ်ဆောင်လာပြီး လေထဲသို့ မှုတ်ထုတ်နိုင်သည့်အထိ လေများ အားကောင်းလာတဲ့အခါမျိုးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

သဲကန္တာရကဲ့သို့သော သဲသောင်ပြင်များတွင် အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ ဥပမာ သဲမုန်တိုင်းများက ဆာဟာရ သဲကန္တာ ရတွင် အဖြစ်များပါတယ်။

Illustration

အလားတူ သဲမုန်တိုင်းများက ကမ္ဘာတစ်ဝှမ်းရှိ နေရာအများအပြားတွင် ဖြစ်ပေါ်နိုင်ပါတယ်။

များသောအားဖြင့် မြေဆီလွှာရဲ့ အပေါ်ဆုံးအလွှာမှာရှိတဲ့ သဲများထက် အညစ်အကြေးနှင့် ကျောက်သားများ အဓိကပါဝင်နေတဲ့ မုန်တိုင်းများကို ဖုန်မုန်တိုင်းဟု ခေါ်ကြပါတယ်။

အချို့သော အခေါ်အဝေါ်များက လေဖြင့် လွင့်နေသော အမှုန်အမျိုးအစားပေါ်မူတည်ပြီး အခေါ်အဝေါ်မတူကြပါဘူး။

Kansas၊ Oklahoma၊ Texas၊ New Mexico နှင့် Arizona ကဲ့သို့သော အမေရိကန်ပြည်ထောင်စုရဲ့ ခြောက်သွေ့ဒေသအများအပြားက အထူးသဖြင့် မိုးခေါင်သည့် ကာလများတွင် ဖုန်မုန်တိုင်းများနှင့် သဲမုန်တိုင်းများ မကြာခဏ ကြုံတွေ့ ရတတ်ပါတယ်။

အစိုဓာတ်က မြေပြင်ပေါ်ရှိ အမှုန်အမွှားများကို ထိန်းထားနိုင်တဲ့အတွက်ကြောင့် ခြောက်သွေ့တဲ့ အခြေအနေတွေမှာ ​ဖြစ်တက်တဲ့ အမှုန်များကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေပါတယ်။

အဆိုပါ မုန်တိုင်း အမျိုးအစားများကို တရုတ်နိုင်ငံ၊ မွန်ဂိုလီးယား၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင်လည်း မ ကြာခဏ မြင်တွေ့ရတက်ပါတယ်။

မိုးကြိုးဆဲလ်များမှတဆင့် သဲမုန်တိုင်းများနှင့် ဖုန်မှုန့်မုန်တိုင်းများ ဖြစ်ပေါ်တက်တာကို အထူးအမည်အနေနဲ့ haboob ဆိုပြီး လူသိများပါတယ်။

Illustration

အဆိုပါ အမည်က “လေ” ဟုအဓိပ္ပါယ်ရတဲ့ အာရဗီစကားလုံး habb မှဆင်းသက်လာတာ ဖြစ်ပါတယ်။

သဲမုန်တိုင်းများက သတိပေးချက်များစွာမရှိဘဲ လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

လေတိုက်နှုန်း တစ်နာရီလျှင် ၂၅ မိုင်အထိ နိမ့်ပါက သဲမုန်တိုင်းများ ဖြစ်စေနိုင်တဲ့အတွက်ကြောင့် လေထုအတွင်း သဲမှုန်များ ရွေ့လျားလာစေဖို့ ဟာရီကိန်းဖြစ်ပေါ်စေသကဲ့သို့ လေတိုက်နှုန်း မလိုအပ်ပါဘူး။

နောက်ပြီး သဲမုန်တိုင်းများက အလွန်အန္တရာယ်များပါတယ်။ ၎င်းတို့က မြင်နိုင်စွမ်းကို သုညအထိ လျှော့ချနိုင်တဲ့အတွက်ကြောင့် သွားလာရခက်ခဲစေပါတယ်။

သဲနှင့်ဖုန်မှုန့်များကို တိုက်ထုတ်ခြင်းက အသေးငယ်ဆုံးသော အက်ကွဲကြောင်းများနှင့် အခေါင်းပေါက်များ အတွင်းသို့ ဝင်ရောက် တတ်တာကြောင့် အဆောက်အဦးတွေ၊ စက်ပစ္စည်းတွေအားလုံး ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပါတယ်။

နောက်ဆုံး သဲမုန်တိုင်းများကြောင့် လေထဲတွင် လွင့်ပျံနေသော သဲများနှင့် ဖုန်မှုန့်များမှတဆင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် အဆုတ်များအတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

သဲမုန်တိုင်း အတွင်း ရောက်နေမယ် ဆိုရင်တော့ အဆိုပါ အမှုန်အမွှားများကို စစ်ထုတ်မည့် Mask အမျိုးအစား အချို့ကို မဖြစ်မနေ တပ်ဆင်သင့်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com