သိပ္ပံ နည်းကျ ဗဟုသုတများ (၁)

Knowledge Science
  • O အမျိုးအစား ရှိတဲ့ သူတွေဟာ A သွေးအမျိုးအစား ရှိတဲ့သူတွေထက် ခြင်ပိုကိုက် ခံရနိုင်ချေ ရှိပါတယ်။

  • ပျားရည်ဟာ အစာကျေညက်ဖို့ လွယ်ကူတဲ့ အကြောင်းကတော့ ပျားတွေက အစာခြေဖျက်ပြီးသား ဖြစ်လို့ ဖြစ်ပါတယ်။

  • မွေးကာစ ကလေးငယ် တယောက်ရဲ့ ခန္ဓာကိုယ် ထဲမှ သွေးဟာ ပန်းကန်လုံး တလုံးစာလောက်ပဲ ရှိပါတယ်။
  • ဆံပင်ဟာ ပျမ်းမျှအားဖြင့် တရက်လျှင် ၀.၃ မှ ၀.၅ မီလီမီတာ၊ တလလျှင် ၁ မှ ၁.၅ စင်တီမီတာ နှင့် တနှစ်လျှင် ၁၂ မှ ၁၅ စင်တီမီတာလောက် အထိ ‌ရှည်ထွက်လာလေ့ ရှိပါတယ်။

  • လက်ဆစ်တွေ အညောင်းပြေချိုးလို့ ကြားရတဲ့အသံဟာ နိုက်ထရိုဂျင် ဓာတ်ငွေ့ပူဖောင်းလေးတွေ ပေါက်သွားတဲ့ အသံပါ။

  • NASA မှ သုတေသီများ အဆိုအရ ပြီးပြည့်စုံတဲ့ မှေးစက်ခြင်းဟာ ၂၆ မိနစ်ခန့် ဖြစ်ပါတယ်။
  • IQ ပိုမို မြင့်မားတဲ့ လူများဟာ ပိုပြီး စိတ်သောက ရောက်လွယ် ကြပါတယ်။

  • ဆံပင်ဟာ ခန္ဓာကိုယ်မှာ အလျှင်မြန်ဆုံး ကြီးထွားတတ်တဲ့ တစ်သျှူး ဖြစ်ပြီး ဒုတိယ လိုက်နေတာကတော့ ရိုးတွင်းခြင်ဆီ ဖြစ်ပါတယ်။

  • လူတစ်ယောက်ဟာ လုံးဝ မအိပ်စက်ဘဲ ၁၁ ရက်လောက်သာ ရှင်သန်နိုင်ပါတယ်။

  • အခန်းအပူချိန် အေးလေလေ အိပ်မက်ဆိုးတွေ မက်နိုင်ဖို့ အလားအလာ များလေလေ ဖြစ်ပါတယ်။
  • အစိမ်းရောင် အသီးအရွက်တွေ စားပါများလာလျှင် သင့်ရဲ့ မစင်ဟာလည်း အစိမ်းရောင်အဖြစ် တကယ်ပြောင်းလဲ လာပါတယ်။

  • သင်အိပ်နေပေမယ့် သင့်နားက အမြဲ အလုပ်လုပ်နေတာပါ။ ဒါပေမယ့် အိပ်စက်နေချိန်မှာ ဦးနှောက်ဟာ အသံတွေကို လစ်လျူရှုထားပါတယ်။

  • လူတွေရဲ့ အသံဟာ ကြွက်သားပေါင်း ၇၂ ခုပေါင်းစပ် အလုပ်လုပ်ပြီးမှ ထွက်လာတာ ဖြစ်ပါတယ်။
  • ဦးနှောက်မှာ အောက်စီဂျင် ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ပြတ်လပ်သွားပါက ဦးနှောက်ကို ထာဝရ ထိခိုက်သွားစေနိုင်ပါတယ်။

  • ချောကလက်ဟာ အနံ့လေးနဲ့တင် လူ့စိတ်ကို ပြေလျော့စေနိုင်ပြီး လန်းဆန်းမှုကို ရစေနိုင်ပါတယ်။

Reference: Facts Via Medical Hack

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *