- လူတွေဟာ မွေးဖွားလာကာစမှာ အရိုးပေါင်း ၃၀၀ လောက်ရှိပြီး အရွယ်ရောက်တဲ့အခါမှာ အရိုးများဟာ ပေါင်းစပ်သွားတဲ့အတွက် ၂၀၆ ချောင်းသာ ကျန်ပါတော့တယ်။
- ဒိုင်နိုဆောတွေ မျိုးသုဉ်းပြီးနောက်မှာ ဧရာမ လိပ်ကြီးတွေ ရှိခဲ့ပြီး ၎င်းတို့ဟာ မိချောင်းတွေကိုတောင် စားနိုင်လောက်အောင် ကြီးမားကြပါတယ်။
- ကျားတွေဟာ အမဲလိုက်ဖို့ ညအချိန်အထိ စောင့်စားတတ်ကြပါတယ်။ သူတို့ရဲ့ အမြင်စွမ်းအားဟာ လူတွေ ညမှာ မြင်နိုင်စွမ်းထက် ၆ ဆ လောက်ပိုကောင်းပါတယ်။

- လူ့ခန္ဓာကိုယ်ရဲ့ အရေပြားဟာ အမြဲ အသစ်ဖြစ်နေတတ်ပြီး မိနစ်တိုင်းမှာ အရေပြား ဆဲလ်ပေါင်း ၅ သောင်းလောက် ကွာကျနေလေ့ရှိပါတယ်။ တသက်တာ ပမာဏမှာ အဆိုပါ ဆဲလ်တွေကို ပေါင်းလိုက်ရင် အလေးချိန် ပေါင် ၄၀ လောက်အထိ ရှိနိုင်ပါတယ်။
- ခန္ဓာကိုယ်ရှိ သွေးမရှိတဲ့ တခုထဲသော နေရာဟာ မျက်ကြည်လွှာဖြစ်ပြီး ၎င်းဟာ အောက်ဆီဂျင်ကို လေမှ တိုက်ရိုက်ရရှိပါတယ်။
- လူတွေဟာ သူတို့ နှစ်သက်သည့် တယောက်ယောက်နှင့် စကားပြောတဲ့ အခါမှာ အသံအနေအထား ပြောင်းလဲသွားတတ်ပါတယ်။
- ဝါနေတဲ့သွားဟာ ပိုပြီးသန်မာပါတယ်။ သွားရဲ့ သဘာဝ အရောင်ဟာ အဝါဖျော့ဖျော့ဖြစ်ပြီး သွားတွေကို အရမ်း ဖြူအောင် လုပ်ဆောင်တာဟာ သွားကို ထိခိုက်စေပါတယ်။

- ၁၉၆၂ ခုနှစ်မှာ ဘရုစ်လီဟာ ၎င်း၏ ပြိုင်ဖက်တစ်ယောက်ကို ၁၁ စက္ကန့်အတွင်း လက်သီး ၁၅ ချက်နှင့် ခြေကန်ချက် တချက်သုံးကာ အနိုင်ယူခဲ့ဖူးပါတယ်။
- ကျွန်တော်တို့ အရိုးများမှ ကယ်လ်ဆီယမ် နှင့် သွေးထဲမှ သံဓာတ်ဟာ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ကြယ်ကြီးတွေ ပေါက်ကွဲတာကနေ ရှိလာတာ ဖြစ်ပါတယ်။
- လမ်းခွဲပြတ်စဲခြင်းမှ ဖြစ်လာတဲ့ နာကျင်မှုဟာ ဦးနှောက်ရဲ့ တူညီတဲ့ နေရာ အစိတ်အပိုင်းကို ရုပ်ပိုင်းဆိုင်ရာ အရပါ နာကျင်စေပါတယ်။
- ကိုယ်ချစ်တဲ့ သူတစ်ယောက်ကို ဆုံးရှုံးရမှာ အသည်းအသန် ကြောက်တတ်တာကို “Thantophobia” လို့ခေါ်တာပါ။ ဘာရူး ညာရူးလို့ နာမည် မတပ်ပါနက်။

- မြွေတွေဟာ ၇၅ မိုင်လောက်အတွင်း ဖြစ်လာနိုင်တဲ့ ငလျင်တွေကို မဖြစ်မှီ ၅ ရက်လောက် အထိ ကြိုတင် ခံစားသိရှိနိုင်ကြပါတယ်။
- မအိပ်ခင်မှာ လူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဖြစ်ချင်တဲ့ ကိစ္စတွေ အကြောင်းကို ဖြစ်လာတော့မယောင် စိတ်ကူးယဉ်တတ်ကြပါတယ်။
- တနေကုန် အိပ်ပြီး ညမှာ အလုပ်လုပ်တဲ့သူတွေကို “Lychnobite” လို့ ခေါ်ပါတယ်။
- လူရဲ့ တံတွေးထဲမှာ မော်ဖင်းထက် ၆ ဆ လောက် ပိုမို အစွမ်းထက်တဲ့ နာကျင်မှုကို သက်သာစေတဲ့ အစွမ်း ပါဝင်ပါတယ်။

- အချို့ လူတွေသာ ကြောင်တွေနဲ့ ဓာတ်မတည့်တတ်တာ မဟုတ်ပါဘူး။ အချို့ကြောင်တွေဟာလည်း လူတွေနဲ့ ဓာတ်မတည့် တတ်ကြပါဘူး။
- ဥာဏ်ကောင်းသူတွေရဲ့ ဦးနှောက်ဟာ ညပိုင်းမှာ ပိုမို တက်ကြွ လှုပ်ရှားလေ့ ရှိတဲ့အတွက် အိပ်ပျော်ဖို့ ခက်ခဲစေနိုင်ပါတယ်။
သိပ္ပံ နည်းကျ ဗဟုသုတများ (၁) ကို ဖော်ပြပြီး ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။